အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နှစ်ပေါင်း လေးဆယ်ကျော် ကာလအတွင်း မြန်မာက အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံ ကျင်းပမည်

parparaziApril 2, 20101min02

နှစ်ပေါင်း(၄၀)ကျော်ကာလအတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဟု သိရသည်။ ၁၉၇ရ ခုနှစ်တွင် ကျွန်းဆွယ် အားကစားပြိုင်ပွဲ မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမည်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ယခုအိမ်ရှင်အဖြစ် (၂၈)ကြိမ်မြောက် ကျင်းပမည့် ပြိုင်ပွဲ ဖြစ်လာမည် ဟု လည်း ဥဿာယူနိုက်တက်အသင်းမန်နေဂျာ ယခင် တံခွန် အားကစားဂျာနယ်၏ တာဝန်ခံဟောင်းတစ်ဦး ဖြစ် သူ ဦးထွန်းထွန်းလင်းထံမှ သိရသည်။

၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် ယင်းပြိုင်ပွဲကို လက်ခံကျင်းပမည် ဖြစ် ကြောင်း အားကစားဝန်ကြီးက အတည်ပြု ပြောကြားခဲ့သည်ဟု ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီမှ ဒေါက်တာ စိုင်းဆမ်ထွန်းက အတည်ပြုပြောကြားသည်။ “သက်ဆိုင်တဲ့အားကစားအဖွဲ့ချုပ်တွေနဲ့ ညှိနှိုင်း စည်းဝေးမှုတွေ လုပ်နေပြီ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ဝန်ကြီးကလည်း အတည်ပြု ပြောပြီးပြီ။ အားကစား နည်းမျိုးစုံ ဆုတံဆိပ် (၃၇၃)ခု ပါဝင်ဖို့ ရာထားပါတယ်” ဟု ယင်းပုဂ္ဂိုလ်က ပြောသည်။ နေပြည်တော်ရှိ ဇမ္ဗူ သီရိနှင့် ဇေယျာသီရိအားကစားကွင်းများ အသစ်တည်ဆောက်လျက်ရှိရာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် တည်ဆောက်နေခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါပြိုင်ပွဲ လက်ခံ ကျင်းပခြင်း အပေါ် ဝါရင့်အားကစားက လောင်ရှင်တက္ကသိုလ်ကိုကိုကြီးက “၁၉၆၂၊ ၁၉၆၉ ခုနှစ်တွေမှာ ကျွန်းဆွယ်ပြိုင်ပွဲအနေနဲ့ မြန်မာနိုင်ငံကအိမ် ရှင်လုပ်ခဲ့ဖူးတယ်။အခုလိုနှစ်ပေါင်း (၄၀)ကျော်ကြာမှ ပြန်လုပ်ခွင့်ရတာဟာဂုဏ်ယူကျေနပ်စရာပါပဲ။ အိမ်ရှင် လုပ်ခွင့်ရပြီဆိုရင် ပြိုင်ပွဲကော်မတီ အဖွဲ့တွေကတော့ လာပြီး စစ်ဆေးမှုတွေ လုပ်မှာပါ။ ဒါကတော့ လုပ်ထုံး လုပ်နည်းအရ ဖြစ်မှာပါ” ဟု ဆိုသည်။ နောက် (၃)နှစ်အကြာမှ လက်ခံကျင်းပမည့် အရေးနှင့် ပတ်သက်၍ လည်း “ကစားသများတွေ၊ ကြီးကြပ်အုပ်ချုပ်မှုဆိုင်ရာတွေ၊ ဒေသဆိုင်ရာပြင်ဆင်မှုတွေအတွက်အချိန်ရနေ သေးတယ်။ နိုင်ငံအတွက် ဂုဏ်သိက္ခာပိုင်းအရရော၊ အားကစားနဲ့ရော စွမ်းဆောင်ပြနိုင်ခွင့်တွေ ပြန်ကြုံရပါ ပြီ။ နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကို ကိုယ့်ပြည်တွင်း ပရိသတ်တွေ အားပေးခွင့် ကြုံကြရမှာမို့ ဂုဏ်ယူ လောက်စရာပါပဲ” ဟုလည်း သုံးသပ် ပြောကြားသွားသည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) ၏ ကျင်းပမည့် အစီအစဉ် အသေးစိတ် အချက်အလက်များ ကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဟုလည်း မတ်(၆)ရက်နေ့ ချက်ထရီယမ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော MNLစာနယ်ဇင်းရှင်းလင်းပွဲတွင်ဒေါက်တာစိုင်း ဆမ်ထွန်းက ထည့်သွင်းပြောကြားသွားကြောင်း ၂၀၁ဝခုနှစ် မတ်လ ၁၁ရက်နေ့ထုတ်ရန်ကုန်တိုင်း(မ်)ဂျာ နယ်တွင် ဖော်ပြထားပါသည်။

2 comments

  • susunosuki

    April 19, 2010 at 7:09 am

    မြန်မာ က အိမ်ရှင် လုပ်ခွင့်ရတာနဲ့ ပတ်သက်ပြီး
    ိအိမ်နီးချင်းနိုင်ငံ တစ်ချို့ ကမကျေနပ်ဘူးလို့သတင်းကြားတယ်
    တစ်ချို့ဆို လာတောင် မပြိုင်တော့ဘူးလို့ကြားတယ်
    အကြမ်းဖက်မှု့တွေ မဖြစ်ရအောင် လုံခြုံရေး တင်းသင့်တယ်

    Reply

  • cum min

    June 20, 2012 at 3:40 pm

    good new

    Reply

Leave a Reply

Your email address will not be published.