အပျင်းပြေ ဟာသ…

lu ta loneOctober 19, 20102min02
http://upload.wikimedia.org/wikipedia/commons/3/3b/Laugh.JPG

hardware ပညာရှင်တစ်ဦးရယ်၊ system analyst တစ်ဦးရယ် ၊ programmer တစ်ဦးရယ် ကားတစ်စီးပေါ်မှာပါလာကြသည်။ system analyst က ကားမောင်းခြင်းဖြစ်သည်။ တစ်နေရာ ဆင်ခြေလျှောအရောက်တွင် ကားမှာ ဘရိတ်ပေါက်သွားသည်။
သို့နှင့် hand brake ကို ဆွဲသော်လည်း မမိပေ။ ဂီယာကို ချိန်းသော်လည်း အဆင်မပြေဖြစ်နေသည်။ နောက်ဆုံး system analyst က ကြိုးစားရင် ကားမှာ လိမ့်ကာလိမ့်ကာနှင့် ရပ်သွားသည်။
သူတို့ သုံးဦး ကားထဲမှာ တွားသွား ထွက်လာကြပြီး ကားကို ဘယ်လိုလုပ်မလဲဆိုတာကို တိုင်ပင်ကြသည်။
ပထမဆုံး hardware ပညာရှင်က ” ကျွန်တော်ကားထဲ ဝင်ပြီး ဘယ်လိုလုပ်ရမလဲစစ်ကြည့်လိုက်မယ်”
မဟုတ်သေးဘူး ဟု system analyst ကပြောသည်။ ကျွန်တော်တို့ တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တစ်ယောက်ရှာပြီး ပြသင့်တာဗျ။
programmer က ” မဟုတ်ဘူးဗျ။ နောက်တစ်ခေါက် ဒါမျိုးမဖြစ်အောင် နောက်တစ်ခေါက်ပြန်လုပ်ကြည့်ပြီး အဖြေရှာရင် မကောင်းဘူးလားဗျ”

မိန်းမ တစ်ယောက်သည် လမ်းလျှောက်လာရင် တစ်နေရာတွင် သူတောင်းစားမိန်းမကြီးသည်သူ့အနားသို့ချဉ်းကပ်လာသည်။ ထိုမိန်းမကြီးမှာ ဆံပင်တွေလည်း ရှုပ်ပွ ခန္ဓာကိုယ်ကလည်း ညစ်ပတ်ပေရေနေတယ်။ထိုမိန်မကြီးက လျှောက်လာတဲ့မိန်းမကို ပိုက်ဆံတောင်းလေသည်။
ထိုမိန်းမက သူ့အိတ်ထဲက ပိုက်ဆံအထပ်ထဲမှ ဒေါ်လာ ၁ဝ ထုတ်ကာ
ရှင့်ကို ဒီပိုက်ဆံပေးလိုက်ရင် ရှင် ဝိုင်ဝယ်သောက်မှာလား ထမင်းဝယ်စားမှာလား။
အော်ကျမ ဝိုင်ဖြတ်လိုက်တာကြာပါပြီရှင် ကျမ ထမင်းပဲဝယ်စားမှာပါ။
ဒါဆို ဒီပိုက်ဆံနဲ့ shopping  သွားမှာလား ထမင်းဝယ်စားမှလား။
ကျမမှာ shopping ထွက်ဖို့ အချိန်လည်းမရှိပါဘူး အသက်ရှင်ဖို့တောင်အနို်င်နိုင်ပါ။
ဒါဆို ရှင် ဒီပိုက်ဆံနဲ့ beauty saloon သွားမှာလား ထမင်ဝယ်စားမှာလား။
ရှင်ရူးနေလား ကျမ ဆံပင်ပုံကိလည်းကြည့်ပါဦး ဘယ်လိုသွားမှာလဲ။
ထိုအခါ ကဲဒါဆို ရှငိ့ကို ဒီပိုက်ဆံမပေးတော့ဘူး ဒီည ကျမ ယောကျင်္ားနဲ့ ညစာစားဖို့ ချိန်းထားတယ်။
ဟယ် ဒါဆို ရှင့်ယောကျင်္ားက စိတ်ဆိုးမှာပေါ့။ကျမလို ညစ်ညစ်ပတ်ပတ်ကိုခေါ်လာလို့လေ။
မဟုတ်ပါဘူး ကျမက ကျမယောကျင်္ားကို  ဝိုင်တွေ ၊ shopping ထွက်တာတွေ၊ beauty saloon သွားတာတွေ စွန့်လွှတ်လိုက်ရင် ဘယ်လိုပုံပေါက်သွားတယ်ဆိုတာပြချင်လို့ပါ။

FLORIDA ကမ်းခြေသို့ နိုင်ငံခြားသား ဧည့်သည် တစ်ယောက်ရောက်လာပြီး သင်္ဘောတစ်စင် း ငှားကာ ငါးဖမ်းထွက်၏။ ငါးမျှားရင် း ရေကူးချင်လာသဖြင့် ရေကူးရန်ပြင်သည်
ဒါပေမယ့် သူက မိကျောင်းရှိမှာဆိုးသဖြင့် ဘေးနားက ငါးဖမ်း လှေ ပေါ်မှ လူတစ်ယောက်ကို လှမ်းမေးသည်။
ဒီမှာ မိကျောင်းတွေများရှိသလားဗျ။
မရှိတော့တာနှစ်အတော်ကြာပါပြီဗျာ။
နိုင်ငံခြားသားမှာ အားရဝမ်းသား ရေထဲခုန်ချလိုက်သည်။
ကောင်လိုက်တာဗျာ အေးသွားတာပဲ ။ ဒါနဲ့ မိကျောင်းတွေက ဘယ်လိုပျောက်သွားတာလဲဗျ။
ငါးမန်းတွေရောက်လာလို့ပေါ့ဗျာ


လူပျိုကြီးတစ်ယောက်သည် သူ၏ အဖော်ခွေးကလေားနှင့်အတူ မြို့အစွန်အဖြားတွင် နေထိုင်သည်။ နှစ်တွေကြာလာတော့ သူ့ ခွေးလေးမှာ သေဆုံးသွားလေသည်။ထို လူကြီးမှာ သူ့ခွေးလေးကို အလွန်ချစ်သဖြင့် ကောင်းကောင်းမွန်မွန် မြေမြုပ်ပေးချင်သည်။
သို့နှင့် သူ၏ ခရစ်ယာန်ဘုန်းတော်ကြီးဆီသွားပြီး ခွေးကလေးအတွက် ဆုတောင်းရွတ်ဖတ်ပေးတဲ့ပွဲလေးလုပ်ချင်ကြောင်းသွားပြောသည်။
ဘုန်းတော်ကြီးက ” ငါတို့မှာ တိရိစာ္ဆန်တွေ အတွက် ဝန်ဆောင်မှု မလုပ်ပေးပါဘူး ။ ဒါပေမယ့် ငါကြားထားတာတစ်ခု က ဒီအနားတဝိုက်မှာ အသုဘအခမ်းအနား လုပ်ပေးတဲ့ လုပ်ငန်းတစ်ခု အသစ်ဖွင့်တယ်ပြောတယ်။ အဲဒီကို သွားကြည့်ပါလားလုပ်ပေး မပေး မသေချာပေမယ့် တစ်ခုခုတော့ အဆင်ပြေအောင်လုပ်ပေးကြမှာပါ။”
သို့နှင့် ထိုလူကြီးက ” ဒါဆိုရင် ကျွန်တော် အဲဒီကိုသွားလိုက်ပါဦးမယ်။ ဒါနဲ့ အသုဘ အခမ်းအနားအတွက် $50000 ဆို လောက်မယ်ထင်တယ်နော် ”
ဘုန်ကြီးက ” ဟေ မင်းကဘာလို့ မင်းခွေးက ကသလစ် ဝင်ဆိုတာကြိုမပြောရတာလဲ, ငါကိုယ်တိုင်လုပ်ပေးမှာပေါ့”
လူတလုံး တယောက် ခါတော်မှီ ဖျားနေတာဗျာ…
ရာသီဥတုက မမှန်တာလဲ ပါတယ်…
ဒီနေ့မှ အွန်လိုင်းတက်ရင်း ဒီလင့်ကို တွေ့လို့ ဖတ်ကြည့်ရင်း ရီရတာ တချို့တင်လိုက်တာပါ…
Credit: mmjoke.weebly.com

2 comments

  • ကို လေး

    December 11, 2012 at 8:34 am

    ကြိုက်တယ်ဗျာ အဆင့်မြင့်ဟာသများပါ။

    Reply

  • cobra

    December 11, 2012 at 3:25 pm

    အောက်ဆုံးဟာသလေးပိုကြိုက်တယ်။

    Reply

Leave a Reply

Your email address will not be published.