မိုးလေဝသသတင်းများကို ဒေါက်တာဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်များတွင်ကြည့်နိုင်ပြီ

ဂ်စ္စူOctober 18, 20101min01

http://popularmyanmar.com/mpaper/wp-content/uploads/2010/10/Untitled-1.jpg

ဒေါက်တာဦးထွန်းလွင်၏ အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော tunlwin.com ၏ အဖွင့်စာမျက်နှာ ယင်းဝက်ဘ်ဆိုက်တွင် မိုးလေဝသသတင်များကိုအချိန်နှင့်တစ်ပြေးညီ တင်လျှက်ရှိပြီး tunlwinclimatewatch.info တွင်မူ သူရေးသားခဲ့သော ဆောင်းပါးများကို တင်ထားသည်။

မြန်မာ့မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်၏ အင်တာနက်ဝက်ဘ်ဆိုက်နှစ်ခုဖြစ်သော tunlwin.com နှင့် tunlwinclimatewatch.info တို့ကို အများပြည်သူများ ကြည့်ရှုနိုင်ကြပြီ ဖြစ်ပြီး မြန်မာနိုင်ငံနှင့်သက်ဆိုင်သော မိုးလေဝသ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ တင်လွှင့်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ ”စာနယ်ဇင်းဆရာတွေနဲ့ မိုးလေဝသကို စိတ်ဝင်စားသူတွေအတွက် စီစဉ်ပေးထားတာပါ။ အဲဒီအတွက် တစ်နေ့ကို ၁၂ နာရီလောက်ကို အလုပ်လုပ်နေပါတယ်”ဟု ဦးထွန်းလွင်က ပြောသည်။ ထိုဝက်ဘ်ဆိုက်များ တင်လွှင့်ခြင်း ဖွင့်ပွဲအထိမ်းအမှတ်ကို သီတင်းကျွတ် လပြည့်နေ့ ဖြစ်သည့် အောက်တိုဘာလ ၂၃ ရက် နေ့တွင် ပြုလုပ်ရန်စီစဉ်ထားပြီး၊ မည်သည့်နေရာတွင် ပြုလုပ်မည်ဆိုသည်ကိုမူ မဆုံးဖြတ်ရသေးကြောင်း သိရသည်။ ထိုဖွင့်ပွဲသို့ စာနယ်ဇင်းများအား ဖိတ်ကြားမည် ဖြစ်ကြောင်း သိရသည်။
Ref:PN-002

One comment

  • tunaung

    October 19, 2010 at 3:10 am

    ကျေးဇူးတင်ပါတယ်….

    Reply

Leave a Reply

Your email address will not be published.