တောင်တန်း

DaveNovember 16, 20091min01

Mountain

ငါ့ပြတင်းဝကနေ မြင်ရတဲ့တောင်တန်းကြီးဟာ

ရှေးခေတ်ကဝိ ပညာရှိကြီးလို ရပ်လျက်သာပ။

အလိုရမက်ကင်း ချစ်ခြင်းတွေပြည့်လျှံ။

သစ်ပင်တွေပေါပေစွ၊ပန်းတွေပေါပေစွ

တောင်တန်းပေါ်မှာ ဖုံးလွှမ်းလို့နေကြ

သူ့အာရုံအနှောက်အယှက်မဲ့ကင်း တည်ငြိမ်ခြင်းနဲ့သာ။

တိမ်တွေထဲကမိုးရေတွေ

တောင်တန်းပေါ်ဖြိုးစွေရွာသွန်း

စိမ်းလန်းခြင်းအပြည့် ဖြစ်ထွန်းလို့လာ။

မုန်တိုင်းတွေ မြည်ဟည်းပြီးသကာလ

မိုးတွေရွာချသမျှ ကန်ရေပြည့်လေသောအခါ

မြစ်တွေထဲမှာလည်း တသွင်သွင်

ပင်လယ်ထဲကိုလည်း ရေတွေစီးဝင်ကြ။

နေမင်းကြီးကလည်း တိမ်တွေကိုဖန်ဆင်း

လေကဖြည်းညင်းစွာသယ်ဆောင်လာ

မိုးက တောင်တန်းပေါ်မှာ ရွာချ။

ဒါဟာ အမတပြဇာတ် ဖြစ်ပေသပေါ့

တောင်တန်းကြီးကတော့

အလိုရမက်လျော့ကင်း မြင်ခြင်းပြည့်ဝစွာ။

(ဆာဟာဂျယောဂတည်ထောင်သူ စရီမာတာဂျီးနီရ်မာလာဒေဗီ၏ Mountain ကဗျာကို ဘာသာပြန်သည်။)

One comment

  • snow white

    July 11, 2012 at 6:56 pm

    ပုံလေးကို နှစ်သက်တယ် သဘောကျတယ် စာသားလေးတွေလည်းမိုက်တယ် ။။။

    Reply

Leave a Reply

Your email address will not be published.