မွေးနေ ့လက်ဆောင်

sniqueOctober 15, 20101min03

ထုံရီဝေမူး သေအံ့လူးလူး အသိစိတ်တွေ

လျှပ်ပြာရစ်ချို၊ ညှို ့မှိုင်း ကောင်းကင်မှာ ဝဲလို ့

လွင့် ချင်ရာ လွင့်နေတဲ့ အတ္တ၊ ချည်တိုင်ကို လိုက်ရှာနေ လေရဲ ့

နီထုံ အုံ ့ဆိုင်းနေ တဲ့ ၊ အနာဂတ် ကို လက်မခံနိုင်ခြင်း အပြည့် နဲ ့

ငါ့အတိတ်တောင် ငါမေခဲ့

အရိုင်းအစိုင်းအရေကို ခြုံ လို ့ နောင်တ သွေးစတွေစွန်းထင်နေတဲ့

မိစ္စာကောင်၊ တစ်စစ နဲ ့ ငါ့အတွင်း သဏ္ဍန် ကို ဝါးမြို လိုက်ပုံက

မှော်ဝင် နေ ့ရက်တွေ ပြိုးပြိုးပျက် ထိန်ဝါ သွားလေရဲ ့။

အက်ကြွေ ဝိဉာဉ်၊ တစ်ပိုင်းတစ် နဲ ့တောင် မြဲ မြံ နေ တဲ့ ငါ့မာနတွေ

အဲဒီ မာနတွေ ကြောင့် အခု နေ ့နဲ ့ညတွေမှားနေတယ်လေ။

ဘဝပေါင်းကူးတံတား၊ တစ်ဝက်တစ်ပျက်ကို ဖြတ်သန်းခဲ့ပြီးတဲ့အချိန်

ပြန်လှည့်ကြည့်ရင်၊ မှုန်းဝါးနေခြင်းက အကြီးမားဆုံးမှတ်တိုင်တစ်ခုပဲ။

ဒီအချိန်ထိတိုင်အောင် ငါ့ကျေနပ်မှုကို ငါစားသုံးရင်း အသက်ဆက်ခဲ့တယ်။

တန်ပြန်သက်ရောက်မှုတွေက သွေးဆာ ဒ လက်တွေ လို တရိပ်ရိပ်နဲ ့

တမြှေ ့မြှေ ့ ခုတ်ထစ်ပိုင်းခြား ရင့်သီးနေတုန်းပဲ။

ဒီမှာ

ငါ ့နှလုံးသွေးတွေ ထဲ က တစ်စက်ကျန်ရင်တောင် အဲဒီတစ်စက်မှာ

ငါ့ယုံကြည် မှုတွေ ပြည့် နေစေရမယ်။

အမေ

အမေ သိရဲ ့လား ရိုးသားအေးဆေးတဲ့ မိဘ နှစ်ပါးဆီ က

လူမိုက်တစ်ကောင်ကို မွေးဖွားခဲ့တာလေ။

ကို ့လှေကားတွေကို ကိုယ်တိုင်ရိုက်ချိုးနေတဲ့ လူမိုက်ပေါ့။

မှားပါပြီလို ့ ငြီးတွား ချင်းမရှိတဲ့ ဘဝမှာ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်နေလို ့

သခင်လို ့ ကို့ကိုယ်ကို သတ်မှတ်ပေမဲ့။

လှောင်ပြောင်မှုတွေ။ ရှုှုှုံး နိမ့်ခြင်းတွေ ၊ ပစ်ပယ်ခံရခြင်းတွေ၊ အထီးကျန်ခြင်းတွေ က

ငါ့နာမည်နောက် အရိပ်လို ပါနေခဲ့တယ်။

3 comments

  • snique

    October 15, 2010 at 6:28 pm

    ဒါမှ မွေးနေ ့အတွက်ရေးထားတာ အစစ်ပါ

    Reply

  • etone

    October 16, 2010 at 1:47 am

    မွေးနေ့အတွက်ရေးထားတာကလည်း တမျိုးပဲနော် ။
    ဒီအတိုင်းရေးတဲ့ကဗျာဆိုရင်တော့ကောင်းပါတယ် မွေးနေ့အတွက်ကျတော့ခေါင်းစဉ်နဲ့သိပ်မအပ်စပ်သလိုဖြစ်နေတယ ်ထင်တယ် ။

    Reply

  • thargyi

    October 16, 2010 at 2:52 am

    ကိုယ့်ခံစားချက်လေးတွေနဲ့ ကိုယ့်အကြောင်းကိုယ်ရေးထားတာဆိုအရမ်းကောင်းပါတယ်…ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်တဲ့သူက ဒီခောတ်ကြီးမှာအရမ်းရှားနေတယ်..

    Reply

Leave a Reply

Your email address will not be published.