ဓါတ်ဆီခွဲတမ်းများလျော့ခြင်း (သို့) မတူညီသော ရောင်းဝယ်မူ့စနစ်

ospreyOctober 20, 20101min03

ရန်ကုန်တွင် ကားအမျိုးအစားပေါင်းများစွာရှိသည့်အနက် ပတ်ကားဟုခေါ်သော ကားတစ်မျိူးပေါ်နေသည်။ ၎င်း ကားမှာ ရန်ကုန်တမြို့လုံး ဆီပတ်ထူတ်သော ကားများကို ဆိုလိုသည်။။ ခေတ်တခေတ် အပြောင်းအလဲမှာ ပေါ်ထွန်းလာသော စိပွားရေး ဆိုရင်လဲမ မှားပါဘူး။ လုပ်စားရတာမလွယ်ကူတဲ့ အချိန် .ဘာတစ်ခုမှ ဇောက်ချ လုပ်လို့ မဖြစ်ထွန်းတဲ့ အခါမှာ ပေါ်လာသော လုပ်ကွက် တစ်ခုပါ။ပေးချင်သလိုပေးနေတဲ့ ဆိဆိုင်တွေ လုပ်ချင်သလိုလုပ်နေတဲ့ ကားတွေနဲ့တော့ အံကိုက်ပါပဲ။ ဒါပေမဲ့ ဆီတုတ်ရင်လိုသလောက်မရတော့ပါဘူး။ ဆီမရှိတော့လို့တမိူူး ဘောက်ဆာချနေလို့တမျိုး အမျိူးမျိူးပြောကြတယ်။ တချို့ဆိုင်တွေက၆နာရီ ၈နာရီ ပုံမှန် ပိတ်ပါတယ်။ အဲ …. ဆိုင်ပိတိ်ပြီဆိုတာနဲ့ အလုံးလိုက်ကို ထုတ်ကြတော့တာပဲ။
ခေတ်သစ် စီးပွားရေးပေါ့်။

3 comments

  • kyansitthar101

    October 20, 2010 at 3:13 pm

    မန္တလေးမှာလဲ ဆီထုတ်ရတာ အဆင်မပြေဘူးဗျာ။ အရင်စာအုပ်နဲ့ကမှ ဆီထုတ်ရတာ သက်သာသေးတယ်။ အခုတော့……

    Reply

  • kopauk mandalay

    October 20, 2010 at 3:59 pm

    လူတွေက နိုင်ငံခြားမှာဆိုင် အိုးပင်းရောင်းတာလို့ပြောကြတယ်။
    မှန်ပါတယ် ဟိုမှာက မလိုရင် မဝယ်ဘူး။လိုမှဝယ်တယ်။
    လုံလောက်အောင်လဲ ဝယ်လို့ရတဲ့အခွင့်အရေးရှိတယ်။
    မြန်မာပြည်ကလို မလိုတဲ့လူက ဝယ်ထားပြီး တန်းစီတိုးရောင်းတယ်လေ။
    အဲတော့ တန်းစီရောင်းတဲ့ကောင်တွေက ပိတ်နေတော့ တကယ်လိုတဲ့သူက အမြတ်ပေးပြီးဝယ်သုံးရတော့တာပေါ့။
    အဲဒါကတော့ ခေတ်မကုန်သေးတဲ့ မှောင်ခိုဇာတ်လမ်းပါဘဲ။

    Reply

  • moethidasoe

    October 21, 2010 at 4:59 am

    မြန်မာပြည်မှာ တန်းစီတိုးစားတဲ့ လူတန်းစား .. နေရာဦးပြီး ပြန်ရောင်းတဲ့လူတန်းစား .. ပါမစ်လျှောက်ပြီး ပြန်ရောင်းစားတဲ့ လူတန်းစား .. အခွင့်အရေးတွေကို ပြန်ရောင်းစားတဲ့ လူတန်းစားတွေ ရှိနေတာ မဆန်းပါဘူး ..
    အဲဒီလူတွေမှာ သုံးမျိုးသုံးစားရှိတယ် ..
    (၁) အာဏာကို အလွဲသုံးစားလုပ်တဲ့ လူ
    (၂) ငါချမ်းသာရင် .. ငါ စားသာရင် .. ငါ သက်သက်သာသာနဲ့ ရရင် ပြီးရော ဆိုတဲ့ ငို့ဘ လူတန်းစား
    (၃) တခြား ဘာမှ မတတ်လို့ အများလုပ်သလို လိုက်လုပ်ပြီး ပါးစပ်လှုပ်နိုင်ဖို့ လုပ်နေရတဲ့ နင်းပြားလူတန်းစားပေါ့

    စက်သုံးဆီ ကိစ္စမှာလဲ ဒီလိုပဲ .. ဘာမှ မလုပ်တတ်လို့ တိုးစားတာရယ် .. သက်သက်သာသာနဲ့ ရရင်ပြီးရော ဆိုတာဲ့ လူရယ် ..

    တကယ်က နိုင်ငံခြားမှာလို လိုတဲ့အခါ လွယ်လွယ်ကူကူနဲ့ ရဖို့လုပ်ပေးထားတာ ..
    တခုတော့ရှိတယ် .. ဒီလို ရနိုင်တဲ့နေရာက မြို့ကြီးတွေလောက်ပဲ ရှိတော့ .. ဒီလို အခွင့်မရတဲ့ နယ်မြို့တွေမှာ လိုအပ်ချက်တွေ ရှိနေတာကို ဖြည့်ပေးတဲ့ ကုန်သည်တွေ ကောက်နေသေးတော့လဲ .. တန်းစီတိုးရောင်းမယ့်လူ ရှိနေမှာပဲ .. ဘယ်သူ ဘယ်လောက် ရောင်းနိုင်မှာလဲ .. ဘယ်သူ ဘယ်လောက် ကောက်နိုင်မှာလဲ .. ဘယ်သူ ဘယ်လောက် လှောင်နိုင်မှာလဲ .. ဒါကိုတော့ ရှေ့ဆက်မျှော်ပေါ့ နော် ..

    Reply

Leave a Reply

Your email address will not be published.