လူသားစွမ်းအင်နှင့်ငွေ

moethihaOctober 14, 20101min01

လူသားသည် ဤကမ္ဘာလောကတွင် အစွမ်းထက်မြက် ဆုံးနှင့် အရာခပ်သိမ်းကို ပြုပြင်ပြောင်းလဲနိုင်ဆုံး ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် လူသားသည် ဤကမ္ဘာလောကတွင် တန်ခိုးရှင်လည်း ဖြစ်ပြီး စကြဝဠာအနန္တကို ခြေချနေသူလည်း ဖြစ်သည်။

သို့ဆိုလျှင် တကယ်လုပ် အဟုတ် ဖြစ်ရမည် ဟူသော ဆောင်ပုဒ်သည်ကြီးပွားအောင်မြင်နည်း လက်တွေ့ပညာရပ်အတွက် ပင်မကြီးပင် မဟုတ်ပါလော….။

ငွေလိုချင်လား-ငွေရမယ်

ရွှေလိုချင်လာ-ရွှေရမယ်

ကားစီးချင်သေးလား-ကားစီးရမယ်

အရာရှိအရာခံနှင့် စိုးမိုးသူဖြစ်ချင်သလား ၊ အရာရှိအရာခံနှင့် စိုးမိုးသူဖြစ်ရမယ်။

လူသည်ကိုယ်တိုင် ဖြစ်ချင်သည်ကို တကယ်လုပ်ပါ၊အဟုတ်ဖြစ်စေရမည်။

ဆရာကြီးရွှေဥဒေါင်း က သူ၏ “အကြံဉာဏ်ဖြင့်ကြီးပွားရေး” စာအုပ်တွင် “လောကီရေး၌ဖြစ်စေ၊ လောကုတ္တရာရေး၌ဖြစ်စေ ထမြောက်အောင်မြင်ခြင်း၏ မူလအခြေခံ ဖြစ်သော စိတ်နေစိတ်ထားသည်ကား ပြင်းစွာသော ဆန္ဒရှခြင်းပင်ဖြစ်၏။ လောက၌ ကြွယ်ဝ ချမ်းသာမှုမှစ၍ မဂ်တရား ၊ ဖိုလ်တရား ကို ရခြင်းတိုင်အောင် ပြင်းစွာသော ဆန္ဒရှခြင်သည်သာလျှင် အခြေခံဖြစ်၏” ဟု ဆိုထားလေသည်။

မှန်သည်။ မြတ်စွာဘုရားရှင်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိခြင်းမှာ ပြင်းစွာသော ဆန္ဒကို အခြေခံပြု၍ ပါရမီတော် ဖြည့်ကျင့်ခြင်းအားဖြင့် ဘုရားအဖြစ်သို့ ရောက်ရှိခံလေသည်။ ပြင်စွာတော ဆန္ဒကို အခြေခံ၍ ဘုရားပင်ဖြစ်သည် ဆိုသည့်နောက် ရွှေငွေ ကား တိုက်တာ အိမ်ခြေနှင့် အရာရှိအရာခံဖြစ်ရေးတို့မှာအပယ်ကမျှတာဖြစ်လေသည်။

One comment

  • search123

    October 14, 2010 at 8:20 am

    စိတ် ဆန္ဒ က အရေးကြီးပါတယ်။ ပြင်းထန်တဲ့ စိတ် ဆန္ဒ က အားလုံး ကို အောင်မြင်စေနိုင်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.