တွေး မိ တွေး ရာ (၂)

kohtooOctober 13, 20101min09

သတိ….သတိ……၂၀၁၂

ဆ ရာ ကြီး ဦး ထွန်း လွင် web site မှ ကူး ယူ တင် ပြ ပါ သည်။

Link မ ကောင်း သူ များ အတွက် ရည် ရွယ် ၍ Copy and Paste လုပ် ပါ သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Galactic Crossing ဖြစ်မယ့် ၂၀၁၂

၂၀၁၂ မှာကြုံတွေ့နိုင်တဲ့ ပြဿနာ
၂၀၁၂ မှာ ကမ္ဘာကြီးပျက်တော့မယ်လို့ Dooms Day ရုပ်ရှင်ကားကြီးမှာ ရိုက်ပြထားလို့ လူတွေအများကတော့ ထိတ်လန့် နေကြပါတယ်။ မာယာလူမျိုးတို့ရဲ့ ၂၀၁၂ မှာ ကုန်ဆုံးတော့မယ့် ပက္ခဒိန်ရဲ့အလိုအရ ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာတစ်ခုကတော့ ၂၀၁၂ မှာ သိပ္ပံအလိုအရကလည်း ဖြစ်လာနိုင်တာတွေကလည်းရှိနေပြီး တိုက်ဆိုင် နေလေတော့ ၂၀၁၂ မှာ ကမ္ဘာကြီးပျက်တော့မယ်ဆိုတဲ့ ပြဿနာဟာ ကာတွန်းရုပ်တွေနဲ့လူတွေနဲ့ရောနေတဲ့ ရုပ်ရှင်ကြည့်ရသလို အားလုံးဟုတ်သလားဆိုတော့လည်း မဟုတ်ပါဘူး။ ဒီလိုဆို အားလုံးမဟုတ်တာတွေလား ဆိုပြန်တော့ လည်း မဟုတ်ပြန်ပေဘူးပေါ့ဗျာ။
သိပ္ပံဆိုင်ရာ နက္ခတ်ပညာရပ်ရဲ့အဆိုအရ ၂၀၁၂ မှာ Galactic Crossing ဖြစ်ပါလိမ့်မယ်တဲ့။ ဆိုလိုတာကတော့ ၂၀၁၂ မှာ နေစကြာဝဠာကြီးဟာ နဂါးငွေ့တန်း(Galaxy)ကိုဖြတ်ပါလိမ့်မယ်တဲ့။ နှစ်ပေါင်း(၆၄)သန်းကြာမှ တစ်ကြိမ်ဖြတ်တဲ့ကိစ္စပါ။ ခက်တာက နောက်ဆုံးဖြတ်ခဲ့တဲ့အချိန်ကစပြီး ဘယ်အချိန်မှာ နှစ်ပေါင်း(၆၄)သန်းပြည့်မှာလည်းဆိုတော့ ၂၀၁၂ မှာပါတဲ့။ ဒီတော့ နေတို့၊ကမ္ဘာတို့အပါအဝင်ဖြစ်နေတဲ့ နေစကြာဝဠာကြီးဟာ နဂါးငွေ့တန်းကိုဖြတ်တော့ ဘာတွေဖြစ်လာနိုင် သလည်း ? ။ ဒါက စိတ်ဝင်စားစရာ မေးခွန်းဖြစ်ပါတယ်။
ဒီမေးခွန်းကိုဖြေဖို့ နဂါးငွေ့တန်းဆိုတာဘယ်လိုဟာမျိုးလည်းဆိုတာ အရင် သိဖို့လိုလာပါတယ်။ သိပ္ပံရဲကအဆိုအရက တော့ နဂါးငွေ့တန်းဆိုတာ ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဥက္ကာပျံတွေ၊ Meteoirds, Asteroids တွေ၊ ကော့စမစ်ရောင်ခြည်တွေ၊ အလွန်ထူထပ်စုစည်းနေတဲ့ ကြီးမားလှတဲ့ ဒြဗ်ထုနယ်ပယ်အစုအဝေးကြီးကိုခေါ်တာဖြစ်ပါတယ်။ ဒိတော့ နေစကြာဝဠာကြီး က ဒီနယ်ပယ်ကြီးကိုဖြတ်မယ်ဆိုရင် အများဆုံးဖြစ်လာနိုင်တာတွေကတော့
(၁) ဂြိုဟ်အသစ်တွေ၊ ကြယ်အသစ်တွေ ထပ်တွေ့လာမယ်။
(၂) အခြားဂြိုဟ်တစ်ခုခုနဲ့တိုက်မိခိုက်မိလာနိုင်တယ်။
(၃) နေတို့၊ကမ္ဘာတို့အပေါ်မှာ ဒြဗ်ဆွဲအားတွေ တိုးလာမယ်။
အလွန်အားကောင်းတဲ့အဝေးကြည့်မှန်ပြောင်းတွေတီထွင်လာနိုင်တာရဲ့ကျေးဇူးကြောင့် အခု ၂၀၀၉ အနှောင်းပိုင်းကစပြီး ၂၀၁ဝလက်ရှိကာလအထိ ဂြိုဟ်အသစ်(၅)လုံးကို ၂၀၁ဝ နှစ်အဆန်းပိုင်းက နာဆာအဖွဲ့ကြီးကတွေ့ခဲ့ကြတယ်။ ကမ္ဘထက်ပိုကြီးတဲ့ ဂြိုဟ်အသစ်တွေ၊ အင်္ဂါဂြိုဟ်နဲ့စနေဂြိုဟ်တို့ပေါ်မှာရေရှိတဲ့အထောက်အထားတွေ၊ ကြယ်အသစ်တွေ စတွေ့လာကြပါတယ်။ ၂၀၀၉ အဗနှာင်းပိုင်းမှာလည်း ကမ္ဘာနဲ့အလှမ်းဝေးတဲ အာကာသဟင်းလင်းပြင်မှာ ဂြိုဟ်နှစ်ခု တိုက်မိကြတာကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်။
ဒြဗ်ဆွဲအားတွေတိုးလာတာနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တာတွေကတော့ နေမင်းကြီးဟာ ပိုမိုလှုပ်ရှားမှုတွေတိုးလာနိုင်ပြီး၊ ကမ္ဘာကြီးအနေနဲ့ကတော့ အပေါ်ယံကမြေသားလွှာတွေ ပိုမိုလှုပ်ရှားမှုတွေများလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြတာဘဲဖြစ်ပါတယ်။ ၂၀၁ဝ နှစ်ဆန်းပိုင်းမှာ နေကနေ စွမ်းအင်တွေအများကြီးထွက်နေတဲ့ နေရာ(၅)နေရာကိ ုတွေ့ခဲ့ကြရပြန်ပါတယ်။ နေရဲ့အပေါ်မှာ ပေါက်ကွဲမှုတွေ၊ ဖြာထွက်မှုတွေနဲ့ နေမင်းကြီးဟာ အခု ၂၀၀၉-၂၀၁ဝ အတွင်းမှာ ထူးထူးခြားခြား လှုပ်ရှားမှုတွေ(Activities)တွေများနေတာကို တွေ့ရှိခဲ့ကြရပါတယ်။ ကမ္ဘာကြီးရဲ့ဖွဲ့စည်းပုံဟာ သိကြတဲ့အတိုင်း အပေါ်ယံအလွှာဆိုတာက လိမ္မော်သီးတစ်လုံးလို အပေါ်ယံအလွှာကအခွံလိုဖြစ်နေလေတော့ ဆွဲအားများ လာရင် ကမ္ဘာရဲ့အပေါ်ကအုပ်ထားတဲ့ မြေသားလွှာ(Plates) တွေဟာ ရွေ့လျားလာနိုင်ပါတယ်။ ဒါဆိုရင် မြေငလျင် လှုပ်ရှားမှုတွေတိုးလာနိုင်ပါတယ်။ အဲဒီမှာ လှုပ်တဲ့ငလျင်ဟာ ပင်လယ်ရေအောင်ငလျင်(maritime earthquake)တွေ ဖြစ်နေမယ်ဆိုရင်တော့ ဆူနာမီလိုရေလွှမ်းမိုးမှုတွေကလည်း ဖြစ်လာပါတော့မယ်။ ဒြဗ်ဆွဲအားတိုးလာမှုကြောင့် နောက်ထပ်ဖြစ်လာနိုင်တာတစ်ခုကတော့ ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းတွေ ရွေ့လျှား (Pole Shift)လာနိုင်တာပါဘဲ။ ကမ္ဘာကြီးရဲ့အတိတ်သမိုင်းမှာ သံလိုက်ဝင်ရိုးစွန်းတွေ ရွေ့လျှားခဲ့ဘူးတဲ့သမိုင်းတွေရှိခဲ့ဘူးပါတယ်။ ကမ္ဘာ့သံလိုက် မြောက်ဝင်ရိုးစွန်းဟာ လက်ရှိမှာ ကနေဒါနိုင်ငံရဲ့ Baffin Bay ထဲမှာတည်ရျိနေပါတယ်။ အဲဒီဝင်ရိုးစွန်းဟာ အရှေ့ဖက်ကို တစ်နှစ်(၄၀)ကီလိုမီတာနှုန်းလောက်နဲ့တဖြည်းဖြည်းချင်းရွေ့နေပါတယ်။ ဆယ်စုနှစ်အတန်ကြာရင် အာရှတိုက်အလယ်မှာ ရှိတဲ့ ဆိုက်ဘေးရီးယားကုန်းမြေ(Siberian Land) ဆီကိုရောက်လာလိမ့်မယ်လို သိပ္ပံပညာရှင်များကတွက်ဆ ထားကြ ပါတယ်။ နောက်ဆယ်စုနှစ်အတော်အတန်ကြာတဲ့အခါမှာတော့ ကမ္ဘာ့သံလိုက်မြောက်ဝင်ရိုးစွန်းဟာ ပစိဖိတ်သမုဒ္ဒယာရဲ့ အလယ် အီကွေတာရပ်ဝန်းမှာတည်ရှိနေတဲ့ ဖီဂျီကျွန်းကိုရောက်ရှိသွားပါလိမ့်မယ်လို့ဆိုပါတယ်။ ဒါဆိုရင်တော့ သံလိုက်မြောက်ဝင်ရိုးစွန်းဟာ ကမ္ဘာ့ပထဝီဝင်မြောက်ဝင်ရီုးစွန်းအရပ်ကနေ အီကွေတာအရပ်ဆီကို ပြောင်းရွှေ့သွားတာ ဖြစ်လို့ ကမ္ဘာကြီးပေါ်မှာ ပြဿနာတွေအများကြီးရှုတ်ထွေးလာနိုင်ပါတယ်။ ပထမဆုံးဖြစ်လာမှာကတော့ ကမ္ဘာ့သံလိုက် စက်ကွင်းအားလမ်းတွေအပြောင်းအရွှေ့တွေဖြစ်လာကြပြီး၊ သဘာဝချင်း ဆန့်ကျင်ဖက်ဖြစ်ကြတဲ့ သံလိုက်မြောင်ဝင်ရိုး အားလမ်းကြောင်းတွေနဲ့ တောင်ဝင်ရိုးအားလမ်းကြောင်းတွေ ရောထွေးကုန်ကြမှာဖြစ်ပါတယ်။ အားလမ်းကြောင်း လားရာဆန့်ကျင်ဖက်ဖြစ်ကြတဲ့ တောင်ဝင်ရိုးအားလမ်းတွေနဲ့ မြောက်ဝင်ရိုးအားလမ်းကြောင်းတွေရောထွေးကုန်လို့ ထိပ်တိုက်ဆန့်ကျင်ဖက်သက်ရောက်မှုတွေဖြစ်လာရင် တစ်ခုကိုတစ်ခု ချေဖျက်ကုန်ကြပြီး၊ တစ်ချိန်မှာ ကမ္ဘာ့သံလိုက် စက်တွင်းကြီးဟာ သုညစက်ကွင်းပြင်းအား(Zero Magnetic Field) ဖြစ်သွားပါ လိမ့်မယ်။ အဲဒါဆိုရင်တော့ ငမ္ဘာကြီးဟာ ဒုက္ခတွေပင်လယ်ဝေကုန်တော့မှာဖြစ်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ကမ္ဘာ့သံလိုက်အားလမ်းတွေဟာ ကမ္ဘာကြီးကို နေရောင်ခြည်ထဲမျာပါလာတဲ့ စွမ်းအင်မြင့်ရောင်ခြည်လှိုင်းတွေစြ်တဲ့ ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောသ်ခြည်၊ X ရောင်ခြည်၊ ဂါမာရောင်ခြည် စတဲ့ပြင်းထန်ပြီးလူတွေကို အန္တရာယ် ပေးနိုင်တဲ့ရောင်ခြည်တွေ ကမ္ဘာပေါ်ကိုမကျရောက် နိုင်အောင်အကာအကွယ်ပေးထားလို့ဖြစ်ပါတယ်။ အကြောင်းကတော့ နေရောင်ခြည်ထဲမျောရောပါလာတဲ့ စွမ်းအင်မြင့် ရောင်ခြည်တွေဟာ လျပ်စစ်သံလိုက်လှိုှုင်းတွေဖြစ်ကြလို့ ကမ္ဘာဆီကိုဝင်လာရာမှာ ကမ္ဘာ့သံလိုက်အားလမ်းတွေနဲ့ အပြန်အလှန်အကျိုးသက်ရောက်မှု(Interaction)တွေဖြစ်ကုန်ကြပြီး ကမ္ဘာမှဝေးရာလမ်းကြောင်းကို ကမ္ဘာ့သံလိုက် အားလမ်းတွေက လမ်းကြောင်းလွှဲပေးလိုက်ကြတာဖြစ်ပါတယ်။ တကယ်လို့သာ ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းတွေရွေ့ကုန်လို့ ကမ္ဘာ့သံလိုက်အားလမ်းတွေပျောက်ကွယ်သွားကြမယ်ဆိုရင် စွမ်းအားမြင့်ရောင်ခြည်တွေဟာ ကမ္ဘာပေါ်ကို အဆီးအတားမဲ့ ဝင်ရောက်လာကြတော့မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ လူသားတွေအ ပါ် မှာ ထိခိုက်မှုတွေရှိလာတော့မျာဖြစ်ပါတယ်။ ဒးါတွေကတော့ (၁) အရေပြားကင်ဆာရောဂါ၊ (၂) မျက်စိအမြင်အာရုံ ပျက်ပြားစေသောရောဂါ နဲ့ (၃) သားသမီး မရနိုင်တော့တဲ့ရောဂါ စတာတွေဘဲဖြစ်ပါတယ်။ ကမ္ဘာ့သံလိုက်စက်ကွင်း ပျက်ပြားသွားမှုကြောင့် နောက်ထပ်အရေးကြီးတဲ့ ဖြစ်လာနိုင်တာတစ်ခုကတော့ လျပ်စစ်သံလိုက်လှိုင်းတွေကို အသုံးပြု နေကြရတဲ့ ကမ္ဘာ့ဆက်သွယ်ရေးစံနစ်တွေအားလုံး ပျက်ပြားသွားနိုင်တာဖြစ်ပါတယ်။ ကောင်းကင်ဆက်သွယ်ရေးစံနစ်တွေ ပျက်ပြားသွားတာနဲ့ ဂြိုဟ်တုဆက်သွယ်ရေး စံနစ်တွေ၊ အသံလွှင့်ဆက်သွယ်ရေးစံနစ်တွေ လေယာဉ်ပျံသန်းမှုတွေ၊ တယ်လိဖုန်းဆက်သွယ်မှုတွေ၊ အသံလွှင့် လုပ်ငန်းတွေ၊ အင်တာနက်စံနစ်တွေ၊ အားလုံးပျက်စီးသွားပါလိမ့်မယ်။ ဒါတွေ ကတော့ ၂၀၁၂ မှာဖြစ်တော့မယ့် Galactic Crossing ကြောင့် ဖြစ်လာနိုင်တဲ့ သိပ္ပံပညာရှင်များတွေးပူနေကြတဲ့ ၂၀၁၂ ပြဿနာတွေဘဲဖြစ်ပါ တယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လူ တိုင်း သိ ရင် ပို ကောင်း လို့  တင် ပြ တာ ပါ။

ကိုင်း  ……တ ကယ် ဖြစ် လာ ရင် ဘယ် လို လုပ် ကြ မ လဲ?…….

9 comments

  • kyansitthar101

    October 13, 2010 at 12:26 pm

    တကယ်ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ….
    နေစကြာဝဠာကြီးဟာ နဂါးငွေ့တန်း(Galaxy)ကို နှစ်ပေါင်း ၆၄ သန်းမှ တစ်ကြိမ် ဖြတ်တာ ဆိုတော့
    သူ ဖြတ်သန်း ချိန်က လဲ ခဏလေးတော့ မဟုတ်လောက်ဘူး။ ဒီလို ဖြတ်သွားလို့ ရာသီဥတုတွေ ပြောင်းလဲကုန်မယ်ဆိုရင်လဲ
    လူတွေ အသက်ရှင်နိုင်ဖို့ အတွက် သဘာဝကပြောင်းပေးလိမ့်မယ် ထင်တယ်။ ဥပမာ အမွှေးတွေ ပြန်ထူ လာပြီး မျောက်ပုံ တွေပြန်ဖြစ်ချင်လဲ ဖြစ်သွားမှာပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း မျိုးတုံးပျောက်ကွယ်သွားမလားဆိုတာတော့ မပြော တတ်ဘူး။
    ကျနော်ကတော့ တဖြည်းဖြည်းချင်းဘဲ ပြောင်းလဲ လိမ့်မယ်လို့ ထင်တယ်။ အင်တာနက်တွေ သုံလို့ မရတော့ရင်တော့ မန္တလေး ဂေဇက် ကို လွမ်းနေရတော့မှာပေါ့။

    Reply

  • unclegyi1974

    October 13, 2010 at 2:46 pm

    အခုကတည်းက မြင်းကောင်းကောင်း နွာလှည်းကောင်း
    ကောင်း နွားကောင်းကောင် ရှာထား
    စာပို့ခိုမွေးမြူလေ့ကျင့်ရေးသင်တန်းဖွင့်ထား
    ရင် ခေတ်တခေတ်မှာ ချမ်းသာလာပါလိမ့်မယ်

    Reply

  • pwint pwint

    October 13, 2010 at 4:39 pm

    ဘယ်ဆရာကြီးဦးထွန်းလွင် ဝက်ဘ်ဆိုက်ကလဲ သိချင်ပါတယ်။ မိုးလေဝသ ဦးထွန်းလွင်ရဲ့ အင်္ဂလိပ်၊ မြန်မာ ဝက်ဘ်ဆိုက်၂ခုစလုံးမှာ ဒီဆောင်းပါးကို ရှာမတွေ ့ပါ။
    http://www.tunlwin.com/index.php?english
    http://tunlwinclimatewatch.info/utunlwin/

    Reply

  • bigcat

    October 13, 2010 at 10:50 pm

    သိပ္ပံပညာအနေနဲ့တော့မသိဘူး။ မနေ့က တရားကျင့်သူ အမျိုးသမီးတဦးရဲ့ နာမ်လောကအတွေ့အကြုံမှာတော့ သူမငယ်ငယ်တုုံးက သတိပေးခံရတာက သူမအသက်လေးဆယ်ကြရင် ကမာ္ဘကြီးကို ရေနဲ့ဆေးလိမ့်မယ်တဲ့။ အခုသူမ အသက်ဘယ်လောက်လဲတော့မသိဘူး။ အသံနဲ့ပြောတဲ့စကားတွေအရတော့ သုံးဆယ်ဝန်းကျင်ရှိပြီ။ ကျုပ်တော့ရေကူး ကျင့်ထားတယ်။ ပလပ်စတစ်ပုံကို အမြဲဖက်ပြီးအိပ်တယ်။ အောက်ဆီဂျင်ဗူးနဲ့ အသက်ရှုကိရိယာပါ ဝယ်သိမ်းထားမလား စဉ်းစားနေတယ်။

    Reply

  • kohtoo

    October 14, 2010 at 2:20 am

    မြန် မာ site အညွှန်း ……မှာ ကြည့် နိုင် ပါ တယ်။
    http://www.tunlwin.com/latestdetail.php?myanmar=53
    ခေါင်း စဉ် က ……၂၀၁၂ ပြ သာ နာ…..တဲ့

    Reply

  • kai

    October 14, 2010 at 5:17 am

    အင်း..
    ကြားထဲက ကျုပ်ပဲဝင်အာမခံပေးလိုက်ပါမယ်..။
    ၂၀၁၂ မှာ ကမ်ဘာကြီးဘာမှထူးကဲပြီးမဖြစ်ပါဘူး..။ မစ်လကီးဝေးဂယ်လက်စီလည်း ..ဘာဘာဘာမှမဖြစ် ဆိုတဲ့အထဲကပါပဲ..။
    အဲဒီတော့… နေကလည်းအရှေ ့ဖက်ကပဲထွက်ပါမယ်..။ အနောက်အရပ်ကိုပဲဝင်ပါမယ်။ ရော့ကီးတောင်တန်းကြီးလည်း ပုံမပြောင်း..။ဖူဂျီတောင်လည်း ဒီအတိုင်း.။တောင်တော်ရွှေပုပ်ပါးလည်း.. အော်ရီဂျင်နယ်အတိုင်းပဲ..။
    မနက်ဆိုရင်လည်း ငှက်ကလေးတွေ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကအတိုင်းပဲ.. တီတီတာတာအော်ပါမယ်..။
    လူတွေလည်း နဂိုအတိုင်းပဲ..။ အထီးတွေက အမတွေကိုချစ်ကြမယ်..။ အမတွေကအထီးတွေကို ချစ်ကြမယ်..။ အဲ..တခုတော့ ပိုလာနိုင်တယ်..။ ဂေးတွေက ဂေးတွေကိုချစ်ကြတာ ..အခုနှစ်ထက် အများကြီးပိုလာနိုင်ပါတယ်..။

    ကဲ.ကဲ..။
    မယုံဘူးဆိုရင်..အလောင်းအစားလုပ်မလား..။
    ရှုံးတဲ့သူ ၂၀၁၂ ဒီဇင်ဘာ၃၁ရက်နေ့မှာ ရှိတဲ့ပွိုင့်တွေအကုန်ပေးကြေး…။ 🙂

    Reply

  • fatty

    October 14, 2010 at 7:37 am

    ကျနော်ကတော့ မိုးမပြို ပြိုခဲ့သည်ရှိသော်ဆိုသလိုဘဲ …မတော်လို့များကျောက်ခေတ်ကိုပြန်ရောက်သွားခဲ့ရင် …အဆင်သင့်ဖြစ်အောင်လို့
    တင်းပုတ်ကြီးကြီးနဲ့ တခါထုတခါမေ့အောင်လေ့ကျင့်နေပါတယ် …. ကျောက်ခေတ်က မိန်းမယူချင်ရင် ယူချင်တဲ့မိန်းမကိုတင်းပုတ်နဲ့ထုပြီး
    ဆံပင်ကနေဆွဲခေါ်သွားတာ … ပုံတွေမှာတွေ့ဘူးလို့ ။

    Reply

  • char too lan

    October 14, 2010 at 8:30 am

    kohtoo ဒီပို့စ်ကိုမရေးသင့်ဘူး
    ကမာ္ဘပျက်မယ်ဆိုတာ သိလိုက်ရတာနဲ့ ပြည်သူတွေဘယ်လောက်
    လန့်သွားသလဲ ကြည့်စမ်းပါအုံး
    ုအပေါ်ကလူတွေကိုနှစ်သိပ်လိုက်ပါ သူတို့သိပ်ကြောက်သွားပုံရတယ်
    🙂 😀 😛

    Reply

  • pwint pwint

    October 14, 2010 at 1:13 pm

    Kohtoo..thank you for your link.

    Reply

Leave a Reply

Your email address will not be published.