Human & learning from others human being (လူနှင့် အတုမြင် အတတ်သင်ခြင်း)

whiteOctober 20, 20101min08

ကျွန်တော်ဒီနေ့ အလုပ်သွားဖို့ အိမ်ကထွက်လာတယ်။ ကားဂိတ်မှာ ကားစောင့်ရင်း တွေ့လိုက်ရတဲ့ သူတစ်ဦးကြောင့် မှင်တက်မိသွားရတယ်ဗျာ။ စကတ်ကို ပေါင်လယ်လောက်အထိ ခပ်တိုတိုဝတ်ထားတဲ့ မိန်းခလေးတစ်ယောက်၊ ဝတ်တဲ့သူတော့ ဘယ်လိုနေမယ်မသိ၊ မြင်ရတဲ့သူကတော့ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်လောက်တယ်။  ခက်တယ်ဗျာ။ ခေတ်ကြီးက ဒီရေလို တခဏခြင်း ပြောင်းသွားပြီလား။ မသိတော့ပါဘူးဗျာ။ တွေးစရာတော့ ဖြစ်နေပြီ။

ဟိုးအရင်လို မိန်းခလေးဆိုရင် ရိုးရိုးယဉ်ယဉ်တွေ့ရဖို့ ဆိုတာ လိုက်ရှာရမလို ဖြစ်လာပြီ။ ခေတ်စနစ်ရဲ့ ရေစီးကြောင်း ပြောင်းလဲမှုကို လက်ခံနိုင်ပေမယ့် လိုအပ်တာထက် ပိုလွန်းတဲ့ ဝတ်စားဆင်ယင်မှုက ကြည့်မြင်ရသူတွေအတွက် ယိုသူမရှက် မြင်သူရှက် ဖြစ်ရတာတော့ ခက်ပါတယ်။ ဒါတွေဟာ အတုမြင် အတတ်သင်ဆိုတဲ့ လူ့သဘော၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့  မိမိရဲ့ ကိုယ်ပိုင် နေထိုင်မှုစရိုက်ပေါ်မှာ မူတည်မယ်လို့ ကျွန်တော်ကတော့ ရှုမြင်မိပါတယ်။ ဒါတွေဟာ ဘာကြောင့် အရှိန်အဟုန် တစ်ခုအနေနဲ့ ပြောင်းလဲနေတာလဲ။ ရှုမြင် သုံးသပ်ကြည့်ဖို့တော့ လိုအပ်နေပြီလို့ ထင်ပါတယ်။

မြန်မာ့ မီဒီယာလောကမှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူတွေလည်း ပိုများလာတာ လက်ဖျားခါ လောက်တယ်။ ဂျပန်စစ်ဗိုလ်သေလို့ ဝင်စားတဲ့ မင်းသမီးတစ်ယောက်အကြောင်း၊ နာမည်ကြီး မော်ဒယ်တစ်ချို့ရဲ့ ရှိုးပွဲတွေမှာ အပြိုင်ဖော်ပြီးဝတ်ကျတဲ့အကြောင်း  ဂျာနယ်တွေမှာ တော်တော်ဂယက်ရိုက်နေတယ်လို့ ပြောကြတယ်။ လူတွေကလည်း အဲဒီလိုသတင်းမျိုးဆို ပိုပြီး စိတ်ဝင်စားကြတယ်ဗျ။ အနောက်တိုင်းသူတွေနဲ့ အပြိုင် အမှတ်မှားလောက်အောင် ဝတ်နိုင်တဲ့သူတွေလည်း ဒုနဲ့ဒေးပဲဗျ။

အဲ ……. အတုမြင် အတတ်သင်ဆိုတဲ့ ခုနကစကား ပြန်ဆက်ပြောရရင် လိုအပ်တာထက် ပိုလွန်းတဲ့ ဝတ်စား ဆင်ယင်မှုတွေ ဘယ်ကနေ စီးဆင်းလာတာလဲဆိုတော့ ကျွန်တော်တို့ မိသားစုတွေအတွက် နိုင်ငံတော်ရဲ့ စေတနာဗလပွနဲ့ ပြသပေးနေတဲ့ ခေတ်မီ ကိုရီးယားဇာတ်ကားတွေကပါပဲ ခင်ဗျာ။ နှစ်စဉ်တိုင်းတော့ ဆိုကရေးတီး ဆိုတဲ့ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ပြိုင်ပွဲတွေ ကျင်းပပေးနေပေမယ့် နေ့စဉ် လူတွေကြည့်မြင်ဖို့ အတွက်တော့ အရမ်းကို တိုလွန်းတဲ့စကတ်တွေနဲ့ ကိုရီးယားမင်းသမီးလေးတွေရဲ့ ဇာတ်လမ်းတွဲတွေပါပဲ။ ကိုရီးယားဇာတ်လမ်းတွဲတွေ မကောင်းဘူးလို့ ပြောတာတော့ မဟုတ်ဘူးနော်။ သမရိုးကျဆန်လွန်းတဲ့ မြန်မာကားတွေထက်တော့ ဇာတ်လမ်းတွေက ပိုကောင်းအောင် ဖန်တီးနိုင်တယ်လို့ ပြောနိုင်ပါတယ်။ တီဗီကပြသတဲ့ မြန်မာဇာတ်ကားနဲ့ နိုင်ငံခြားဇာတ်ကား တော်တော်များများမှာ ဆင်ဆာတွေကို မလိုအပ်တဲ့ နေရာတွေမှာ လိုက်ဖြတ်နေပေမယ့် ကိုရီးယားဇာတ်လမ်းတွဲတွေကတော့ တော်တော်များများက sensor free ထင်တာပဲဗျ။ ပြီးတော့ တစ်ချို့ နာမည်ကြီးမင်းသမီးတွေနဲ့ မော်ဒယ်တွေရဲ့ ရှိုးပွဲတွေမှာ ဝတ်စားတဲ့ပုံစံတွေဟာ လူတွေကို လမ်းမှားရောက်အောင် တွန်းပို့သလို ဖြစ်နေမှာပဲ စိုးမိပါတယ်ဗျာ။

အဲဒီမှာ …. ကျွန်တော်ပြောတဲ့ အတုမြင် အတတ်သင်တဲ့အကြောင်းက စပါတော့တယ်။

မိန်းခလေး တော်တော်များများဟာ သူတို့ကြည့်ဖူးတဲ့ ကိုရီးယားမင်းသမီးလေးတွေလို စကတ်ကို ပေါင်လယ် လောက်အထိ ခပ်တိုတိုဝတ်ထားရင် လူတွေငေးကြည့်မယ်အထင်နဲ့ ဝတ်လိုက်ကျတာ ကိုရီးယားမင်းသမီးတွေ တောင် ပြန်ပြီး ထိုင်ငိုရလောက်တယ်ဗျ။ ကျွန်တော့်အမြင် ပြောတာနော် …..။

ပြီးတော့ လိုင်းကားတိုးစီးကြ၊ တိုလွန်းတဲ့ စကတ်နဲ့ ကိုယ့်ကိုယ်ကို မနဲလုံအောင် ဖုံးဖိကြ၊ သူတို့ကို  ကြည့်မိတဲ့လူတွေကိုလည်း မကျေနပ်တဲ့ပုံစံတွေနဲ့ ပြန်ကြည့်ကြ၊ ခက်တော့ နေပြီဗျနော်။ လူတွေမကြည့်, ကြည့်အောင် သက်သက်မဲ့ ဝတ်လာပြီးမှ ကြည့်တဲ့လူကို ဘုကြည့် ပြန်ကြည့်ခံရကိန်း ဆိုက်နေပြီဗျ။

ကြည့်မိတဲ့လူက မှားတာလား ….. ၊ မမြင်အပ်ရာတွေကို ဖော်ပြီးဝတ်ရဲတဲ့ သူတို့ကိုပဲ ချီးကျူးရမလားဘဲဗျ။ ကျောက်ခေတ်က လူတွေရဲ့ အဝတ်အစားတွေလို အရှက်လုံဖို့ပဲ ဖုံးထားသလို ဖြစ်နေပြီဗျ။ အဲဒီလို များများဖော်ပြီး ဝတ်နိုင်လေ၊ လူတွေ ပိုပြီးစိတ်ဝင်စားမယ် ထင်လို့ ဝတ်ကျတာ ဖြစ်နိုင်ပါတယ်။ ယောက်ျားလေး တွေဆိုရင်လည်း ကိုရီးယားမင်းသားစတိုင် ဆံပင်ပုံစံအမျိုးမျိုး၊ လမ်းလျှောက်ပုံ ခပ်နွဲ့နွဲ့ပုံစံများနှင့်၊ တစ်ချို့ဆိုရင် ယောက်ျားလေးနှင့် မိန်းခလေး ခွဲရခက်လောက်အောင် ဖြစ်နေတာတွေ တွေ့ဖူးပါတယ်။

ကျွန်တော်သိသလောက်တော့ သူတို့ဆီက မိန်းခလေးများဟာ  ငယ်စဉ်အရွယ် ကျောင်းနေစဉ်ကတည်းက   စကတ်အတိုနှင့်၊ ကြီးပြင်းလာတော့လည်း ထိုသို့ပင် ဝတ်စားနေထိုင်ကြတာ တွေ့ရပါတယ်။ ဒါတွေဟာ သူတို့တွေအတွက် သမရိုးကျ ပုံမှန်ဝတ်ဆင်ခြင်းပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတို့ရဲ့ လူနေမှုပုံစံနဲ့တော့ တော်တော်လေး ကွာခြားနေတာကို သတိပြုသင့်တယ်လို့ ထင်တယ်ဗျ။

ကျွန်တော်တို့နိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ဘက်ပေါင်းစုံမှ တိုးတက်ရမည့်အရာများ လွန်စွာနှေးကွေးလွန်းသည့်အချိန်မှာ အဝတ်အစား ပုံစံတစ်မျိုးတည်းသာ ခေတ်ရှေ့ပြေး ဝတ်ဆင်ဖို့ကိုသာ အသားပေးလွန်းလျှင် လူငယ်များအတွက် လမ်းမှားရောက်ဖို့ ရာခိုင်နှုန်းများမှာ စိုးရွံ့မိပါတယ်ဗျာ……။ ကွာခြားလွန်းသည့် လူတန်းစားမညီမျှမှုတွေ၊ အတွေးအခေါ် နှင့် အမှား၊ အမှန် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း နည်းပါးမှု၊ ငွေကို တပ်မက်လွန်းသည့်အတွက် ငွေရလွယ်သည့် နည်းလမ်းကိုလိုက်မှု စသည်တို့ကလည်း မိန်းခလေးတစ်ယောက်ကို မှားယွင်းမှုတစ်ခုဆီသို့ ဦးတည်စေနိုင်တယ်လို့ ထင်မြင်မိတယ်ဗျ။

ဒီပုံစံအတိုင်းထက် နည်းနည်းလောက် ထပ်ပိုပြီး ခေတ်လွန်အောင် ဝတ်စားကြမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်ပြောခဲ့တဲ့   -ာနိုင်ငံကို ရောက်သွားနိုင်တယ်ဗျနော်။ အရင်က မိန်းမကောင်း၊ မိန်းမပျက်ကို အဝတ်အစား၊ အနေအထိုင်ကို ကြည့်ပြီး ခွဲခြားလို့ရနိုင်ခဲ့ပေမယ့် အခုတော့ ခွဲရခက်နေကြပြီဗျ။ ကျွန်တော့်အမြင်ကို ပြောတာနော်။

Gazettee ထဲမှာ အခု ဒီစာကိုဖတ်နေတဲ့ အစ်မ၊ ညီမတွေတော့ မပါလောက်ဖူးလို့ ထင်ပါတယ်နော်။ စာပေ ဗဟုသုတကို လေ့လာလိုက်စားတဲ့သူတွေက အခြေအနေ၊ အချိန်အခါကိုကြည့်ပြီး အဝတ်အစား၊ အနေအထိုင် ကို ချင့်ချိန်တတ်သူတွေ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့တွေဟာ အတုယူလောက်တဲ့အရာတွေကို အတုမြင် အတတ်သင်တာ ဖြစ်သင့်ပေမယ့် မလိုအပ်တဲ့ အရာတွေကိုတော့ ပယ်သင့်တယ်လို့ ထင်ပါတယ်။ လူတစ်ယောက်အတွက် ကိုယ်ရှုမြင်ရတဲ့ တစ်ခြားသူတွေရဲ့ မိသားစုအပေါ်  တန်ဖိုးထားတာ၊ အလုပ်မှာ တိုးတက်အောင် ကြိုးစားအားထုတ်မှုနဲ့ အချိန်နဲ့တပြေးညီ စွမ်းဆောင်နိုင်မှုတွေ၊ အခြား အတုယူလောက်တဲ့အရာတွေကို  အတုယူသင့်လှပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတို့ရဲ့ ဝတ်စားနေထိုင်မှုပုံစံတွေကို တန်ဖိုးကျသွားအောင်၊ လူအထင်အမြင် သေးလောက်အောင် ဝတ်စားခြင်းမှ သင့်တင့်တဲ့ပုံစံမျိုးနဲ့ ဝတ်စားနေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ။

ကျွန်တော် တွေးမိတဲ့အတိုင်း ရှုထောင့်တစ်ခုမှ ရေးသားရခြင်းပါ။

8 comments

  • narziparty2009

    October 20, 2010 at 8:19 am

    စာရေးသူပြောတာကိုလက်ခံပါတယ်ဗျာ။
    မြန်မာနဲ.မတူတော.ပါဘူး
    တလောကဖေ.ဘုတ်မှကြုံလိုက်ပါသေးတယ်ဝတ်ထားတာအရမ်းရိုင်းနေလို.မြန်မာလားလို.မေးတာဟုတ်ပါတယ်တဲ.
    အဲလိုတွေမဝတ်ပါနဲ.နိုင်ငံသိက္ခာကျပါတယ်ဆိုတော.
    ကိုယ်.ထမင်းကိုယ်စားပြီးယောကျင်္ားကြီးမတန်ပဲလာမဝေဖန်ပါနဲ.တဲ.ဗျာ
    နောက်ဆုံးကိုယ်ကတောင်ပြန်ပြီးတောင်းပန်လာရပါတယ်။ကားတွေပေါ်မှာလည်းတွေ.ရပါတယ်
    အဝတ်စားကိုမလုံအောင်သတ်သတ်ဝတ်လာပြီးမှာကားပေါ်ကျတော.ရှက်တာလိုလိုနဲ.မနည်းဖုံးဖိနေတာတွေတော်တော်ရယ်စရာကောင်းပါတယ်။
    မြန်မာတွေမြန်မာလိုဝတ်ကြပါလို.ပြောချင်ပါတယ်။
    အခုပုံပါမင်းသမီးလည်းဘယ်သူ.ကိုအတုယူတယ်မသိပါဘူးအရင်တုန်းကိုဒီလိုမဟုတ်ဘူးလို.ထင်ပါတယ်

    Reply

  • etone

    October 20, 2010 at 9:22 am

    ဟုတ်ပါတယ် တစ်ချို့ကောင်မလေးတွေဆိုရင် မိန်းမချင်းပြန်ကြည့်ရမှာတောင် အားနာလောက်အောင်ဝတ်ဆင်ထားတာပါ ။ ကလပ်က မိန်းမတွေ ၊ သီချင်းဆိုမဲ့ မိန်းမတွေဝတ်တာဘာမှမပြောလောက်ပါဘူး … သူတို့စီးပွားရေးကောင်းအောင်ဝတ်တာပါ ဒါက သူ့တိုကိစ္စပါ ။ အခုဆိုရင် မိန်းကလေးတွေ ပေါင်ပေါ် ၊ အရှက်လုံယုံဝတ်တာ တစ်ဖြေးဖြေးများများလာပါတယ် ။ ဒါကို ဘယ်လို မိဘမျိုးက ကြည်ကြည်ဖြူဖြူလွတ်ထားလဲဆိုတာ မေးစရာဖြစ်နေပါပြီ။ မိဘ အသိုင်းဝိုင်းက ခေတ်မှီသည့်တိုင်အောင် မြန်မာနိုင်ငံမှာ မြန်မာအမျိုးသမီးကောင်းတွေထိန်းသိမ်းလာတဲ့ အရှက်တရားပျက်ပြားအောင်ဝတ်ဆင်ထားတာတွေကို သဘောတူကြည်ဖြူပေးတာမျိုးမလုပ်သင့်ပါဘူး ။ ကိုယ့်သမီးတွေ၊တူမတွေ … လူမှားပြီးဈေးမေးခံရတော့မှ ဝတ်စားဆင်ယင်မှုပြောင်းလဲမယ်ဆိုရင်တော့ အရမ်းကို နောက်ကျသွားပါလိမ့်မယ် ။ ကိုရီးယားမင်းသမီးတွေ ဝတ်တာ ရုပ်ရှင်ရိုက်တဲ့အချိန်ဖြစ်နေလို့ ကားတိုးစီးစရာမလိုပါဘူး… အခုဟာကကြည့်ရဆိုးလွန်းပါတယ် ။ မိဘတွေမွေးပြီး ထိန်းကြပါဦး … ဥ ဥပြီး ကျီးဆွဲဆွဲ ၊ ခွေးစားစား ပစ်မထားခဲ့ပါနဲ့လို့ တိုက်တွန်းပါရစေ ။ စာရေးတဲ့လူအရေးသားအရမ်းကောင်းပါတယ် rating ပေးချင်လို့ရှာနေတာ မတွေ့ဘူးဖြစ်နေတယ် ။

    Reply

  • koyegyi

    October 20, 2010 at 10:25 am

    မိန်းခလေးတွေ အဝတ်အစားမလုံမခြုံဝတ်တာနဲ့ ပတ်သက်ပြီး ရေးကြပြောကြတာလည်းတော်တော်ကြီးကိုများနေပါပြီ။ ဒါပေမယ့် ပိုပိုဆိုးလာတယ်လို့ပဲထင်ပါတယ်။ မိသားစုအသိုင်းအဝိုင်းတွေကလည်း ရှက်ရကောင်းမှန်းသိအောင် ဆုံးမပေးရင် အကောင်းဆုံးပါပဲ။ ရှက်ရကောင်းတဲ့ အရာကို ရှက်ရကောင်းမှန်းသိမှ ရှက်ကြမှာပါ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လူငယ်တွေကြားမှာ စကားဝိုင်းလေးတွေ လုပ်ပေးစေချင်ပါတယ်။ အားလုံးနီးစပ်ရာ ဝိုင်းပြီး ပညာပေးဆွေးနွေးနိုင်ရင်ကောင်းပါတယ်။

    Reply

  • Foreign Resident

    October 20, 2010 at 7:34 pm

    Dear White,
    I would like to ask one more question.
    May be, it is not related to this article, just curiosity of me.
    Do you really believe that our country has not arrived yet to this condition ?
    ” ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်ပြောခဲ့တဲ့ -ာနိုင်ငံကို ရောက်သွားနိုင်တယ်ဗျနော် ”
    I think, our beloved country was already there.
    Now, our country is notorious (famous) for cheapest prostitution in South East Asia.
    ( Amongst Foreigners & Sailors )
    Sorry for my strong language,
    But, it is bitterly true.
    Be alerted & be alarmed.
    Yours,
    Foreign Resident.

    Reply

  • bigcat

    October 21, 2010 at 2:35 am

    အခုခေတ် ဝတ်စားဆင်ယင်တာကို ဝေဖန်ကြနေတာနဲ့ပတ်သက်ပြီး သူငယ်ချင်းတယောက် ပြောဖူးတာကို သွားသတိရမိတယ်။ ကြာတော့ကြာပါပြီ။ ပြည့်တန်ဆာမတယောက်က တွေ့တဲ့ဖောက်သည် တယောက်က ကျောင်းနေဖက် သူငယ်ချင်း ဖြစ်နေတယ်တဲ့။ အဲဒီသူငယ်ချင်း အမျိုးသားက သူမကို လိမ္မာဖို့ ပိုက်ဆံစုပြီး ဘဝသစ်ထူထောင်ဖို့ပြောတယ်တဲ့။ ပြောပြီးတော့လည်း လုပ်သွားတာပါပဲတဲ့။ သူမပြောချင်တဲ့သဘောကတော့ ယောက်ျားတွေများ ပြောလည်းပြော လုပ်လည်းလုပ်ပေါ့နော်။ ကျုပ်တို့ဝေဖန်နေသူတွေလည်း ပြောလည်းပြော ကြည့်လည်းကြည့်များ ဖြစ်နေကြမလားလို့ပါ။ မနေ့ကတင်တဲ့ အင်တာနက်မှဖော်တယ်ဆိုတဲ့ပို့စ်ဆိုရင် တရက်ပဲကြာသေးတယ် ဒီနေ့ကြည့်သူဦရေ ၁၁၀ဝ ကျော်သွားပြီ။ အားပေးကြတာများပြောပါတယ်။

    Reply

  • white

    October 21, 2010 at 9:56 am

    ကျွန်တော်တို့ရဲ့ မြန်မာလူမျိုး ဝတ်ဆင်မှုပုံစံတွေကို မပျောက်ပျက်အောင် ထိမ်းသိမ်းနိုင်ဖို့ ရည်ရွယ်လျှက် ကျွန်တော် ဒီ post လေးကို ရေးဖြစ်ခဲ့တာပါ။ comment တွေ ဝင်ရေးပေးကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။

    Reply

  • naywoonni

    October 21, 2010 at 4:34 pm

    အင်း……
    ရေးတဲကသူကလည်းရေးပေါ့ဗျာ
    ဝတ်တဲ့သူကလည်းဝတ်ကြပေါ့
    ကောင်းပါလိမ့်

    Reply

  • MandalayThar

    October 21, 2010 at 11:25 pm

    ဒါမျိုးတွေကို ဆုံးမပေးချင်ရင် လွယ်လွယ်လေး။ နောင်ကို ပို့စ်တင်ရင် ဓါတ်ပုံနဲ့ အတိအကျ တင်ဗျာ။ ဒါမျိုးတွေကို လက်ပူးလက်ကျက်တင်ပေးလိုက်။ သူတို့တွေလဲ တနည်းနည်းနဲ့ online ပေါ်ရောက်လာကြမှာဘဲ အဲဒီတော့မှာ.. မှတ်သွားကြမှာ…

    မှာလိုက်အုံးမယ် ပို့ကောင်းကောင်းလေးရိုက်နော်.. တကယ်စောင့်နေမှာ… း) း)

    Reply

Leave a Reply

Your email address will not be published.