ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော ကိုယ်တွေ ့ဖြစ်ရပ်

     ကြုံဘူးမှယုံစဖွယ်ဟူသော စကားကို အားလုံးကြားဘူးကြပေလိမ့်မည်။ ယုတ္တိလည်းလွန်စွာတန်သောစကားဖြစ်ပါ၏။ မည်သူမဆို သဘာဝထက် လွန်သော နေ ့ဒူဝ သိ၊မြင်၊တွေ ့နေကြ အကြောင်း အဖြစ်အပျက်များမဟုတ်ပါက ကိုယ်တွေ ့မဟုတ်၍ မယုံကြည်နိုင်ကြခြင်းများအား အပြစ်ဖို ့ရန် မလိုအပ်လှပေ။ တစ်ခါတစ်ရံ ကိုယ်တွေ ့ဖြစ်ရပ်များသည် လွန်စွာမှ ဆန်းကြယ်အံ့မခန်းဖြစ်ကြရ၏။ ပြောပြ၍ မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်ကြရ၏။ ထိုမယုံကြည်နိုင်ကြကုန်သော အဓိကအကြောင်းအရင်းမှာ ( ပရု ) ဟူသော သက်သေအထောက်အထားကို မပြသနိုင်ကြခြင်း ကြောင့် သာလျှင် ဖြစ်ပါ၏။ သက်သေပြနိုင်ကြခြင်းသည် ကြိုတင်စီစဉ်ထားကြ၍သော်၎င်း ရုပ် သံ စက်တို ့ဖြင့် မှတ်တမ်းတင်ရန် အခွင့်ကြုံသွားကြ၍ သော်၎င်း ဖြစ်ရကာ ထိုအခါမျိုးတွင်ပင် တိုးတက်လာသော နည်းပညာများကြောင့် ပြုလုပ်ခြင်း(အဖက်က်ထ်) များလော သို ့လော သို ့လော တစ်မျိုး ထင်ခံကြရပြန်ပါ၏။ တစ်ချို ့များမှာလည်း တမင်ဖန်တီးယူထားကြခြင်းဖြစ်ပြီး လုပ်ကြံ၍ ဖန်တီးထားကြကုန်၏။

     ယ္ခု ကျွန်ုပ်၏ ကိုယ်တွေ ့ဖြစ်ရပ်ကြီးမှာ မည်သည့်ရုပ်သံမျှ မတင်ပြနိုင်သော်လည်း စာဖတ်သူနှင့်တစ်ကွသော ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြား သွားစေလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကျွန်ုပ် သန်သန်စွမ်းစွမ်း အားကောင်းမောင်းသန်လူရွယ်ကလေးအရွယ်တွင် ဖြစ်ပါ၏။ ကျွန်ုပ်တို  ့ နေထိုင် ရာ ရွာနှင့် နှစ်မိုင်သာသာမျှအကွာတွင် ပန်းကုန်း ဟူသော ရွာတစ်ရွာရှိ၍နေပြီးလျှင် တစ်ရွာစီ၏ မျက်နှာချင်းဆိုင် အစွန်းတစ်ဖက်စီသော ရွာဦး ကွင်းတိုင်းတွင် စေတီ တစ်ဆူစီ တည်ထားကိုးကွယ်ကြလေကုန်၏။ ဤသည်ကိုလည်း ဘုရားကုန်းဟုခေါ်ဆိုသည်မှာ ရွာတိုင်း၏ မွေးရာပါ အမည် နာမလည်းဖြစ်ပေသည်။ တစ်ဖက်ရွာမှ တစ်ဖက်ရွာသို ့မျှော်၍ကြည့်ပါကြကုန်လျှင် စေတီတို ့ကို အပြန်အလှန် တွေ ့မြင်ကြရမည် ဖြစ်၏။

     ကျွန်ုပ်တို ့ရွာ နှင့် ပန်းကုန်းရွာကို ဆက်သွယ်ထားသော တစ်ကြောင်းတည်းသော ကျောက်ခင်းလမ်းသည် အလွန်ဖြောင့်တန်းလွန်းလှပါ၏။ လမ်းဘေးအစပ် ဝဲယာဘက်တို ့တွင် ခြုံပုတ်ငယ်လေးများနှင့် ယာခင်းများအတိသာဖြစ်ပါ၏။ တစ်နေ ့တွင်သ၌ဖြစ်ပါ၏ ကျွန်ုပ်သည် အိမ်မှ နွားလှည်း ဖြင့် ပန်းကုန်းရွာသို ့ ဓာတ်မြေဩဇာများသယ်ယူရန်အလို ့ငှာ သွားရလေသည်။ ကျွန်ုပ်တို ့ရွာ ဘုရားကုန်းသို ့ ရောက်သောအခါ စိုစွတ်စွတ်အထုပ်တစ်ထုပ်ကိုကိုင်ထားသော အဖွားကြီး (အမေအို) အသက် ( ၇ဝ )ခန် ့ခပ်ဝဝ တစ်ယောက်ကို တွေ ကာ ဗျို ့အဖွားကြီး ကျွန်တော် ပန်းကုန်းသွားမလို ့လမ်းကြုံလိုက်ခဲ့လို ့ရတယ် ဟု ပြောလိုက်သောအခါ အဖွားကြီးသည် မျက်နှာမသာမယာဖြင့် ကျွန်ုပ်အား ခေါင်းခါပြပြီးလျှင် ပန်းကုန်းဖက်သို ့တူရူ၍ သုတ်သုတ်နှင်လေတော့၏။ ထိုတွင်စဉ်၌ ကျွန်ုပ်၏နွားနှစ်ကောာင်သည် မကြုံစဖူး ပေကပ်ကပ်လုပ်ကြကုန်လေ၏ အလေးပင်မပါဘဲ ဘယ့်နှယ်ဖြစ်ပါလိမ့်ဟု ဇဝေဇဝါလည်း ဖြစ်ရတော့၏။ ရွာ၏ဓလေ့အရ ဘုရားကုန်းသည် သရဲခြောက်ခြင်းဖြင့် နာမည်ကြီးသော နေရာဖြစ်ရကာ ကျွန်ုပ်လည်း တောင်ကြည့်မြောက်ကြည့် လိုက်ကြည့်ပြီး ပေ၍ပင်ငြိမ်နေလိုက်၏။ ဆယ်မိနစ်ခန် ့ကြာသောအခါ ဘာမျှမလုပ်ရပါဘဲ နွားများသည် ပန်းကုန်းရွာသို ့ဦးတည်၍ ရွေ ့လျှားကြကုန်၏။ ဘာဖြစ်ပါလိမ့်ပေါ။ ကျွန်ုပ်အရှေ ့စီသို ့မျှော်၍ကြည့်လိုက်ပါသောအခါ အဖွားကြီးသည် မြန်မြန်သုတ်ခြေတင်နေသည်မှာ ဖုန်များပင် တစ်ထောင်းထောင်းထလျှက်ရှိ၏။ အဖွားကြီးသည် အရွယ်နှင့်မလိုက်အောင်ပင် အလွန်မြန်မြန် လျှောက်နိုင်ပေသည်ဟု တွေးတောနေမိ၏။

     လွင်ပြင်လယ်ကွင်းလမ်းများဖြစ်၍ မြင်ကွင်းသည် အလွန်သဲကွဲစွာ ထင်သာမြင်သာဖြစ်ရ၏။ ကြည့်နေစဉ်ထိုခဏ၌ပင် အဖွားကြီးသည် ချုံငယ် တစ်ခုတွင် လှစ်ကနဲ ့ပျောက်ကွယ်သွားတော့၏။ ကျွန်ုပ် ကြက်သီးများပင် တဖျန်းဖျန်းထသွားရတော့သည်။ ကျွန်ုပ်၏ လှည်းသည်လည်း တဖြည်း ဖြည်း နှင့် နီးလာ၏ ကြိမ်တံကို အသင့်ပြင်ဆင်ထားပြီးလျှင် အဖွားကြီးပျောက်ကွယ်သွားသော ချုံငယ်နားသို ့သတိကြီးစွာဖြင့် ချည်းကပ်လိုက်၏ လေအဝှေ ့တစ်ချက်တွင် ညှီစို ့စို ့ အနံ ့ဆိုး တစ်ခုကို ရှုရှိုက်လိုက်မိ၏ ကျွန်ုပ်ပို၍ပင် သတိကြီးရတော့၏။ ဤ၌တွင်ပင် ချုံကွယ်၌ ဘွားကနဲ ့ အဖွားကြီးကိုတွေ ့လိုက်ရလေတော့၏ ကျွန်ုပ်၏ သွေးများ ငယ်ထိပ်ရောက်သွားလေပြီလားဟုထင်မှတ်လိုက်ရတော့၏ အကြောင်းမှာ အဖွားကြီး သည် ချုံအကွယ်တွင် ဖင်လှန်၍ ချီးပါနေခြင်း ကို မျက်ဝါးထင်ထင် မြင်တွေ ့လိုက်ရသောကြောင့် ပင်ဖြစ်ပါတော့၏။
(အဖွားကြီး နှင့် ချီး ဟု သုံးစွဲထားခြင်းအား နားလည်ပေးကြစေလိုသည်)

စာရေးဆရာအမည် မိုက်ကယ်ဂျော်နီအောင်ပု
ခေါင်းစီး ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော ကိုယ်တွေ ့ဖြစ်ရပ်
မူပိုင် http://myanmargazette.net/

18 comments

  • ဆူး

    October 13, 2010 at 9:39 am

    ဟုတ်တော့ မလိုလိုနဲ့.. ထင်တော့ ထင်တယ်.. မိုက်ကယ်ဂျော်နီ အောင်ပု ဆိုတာနဲ့ ဘာတွေ ပေါက်ကရ ရေးမလဲလို့..

    Reply

  • char too lan

    October 13, 2010 at 9:58 am

    မိုက်ကယ်အောင်ပု မင်းကွာ!! လုပ်ရက်တယ်………..
    ခေါင်းစဉ်မြင်တော့ ရေလည်စိတ်ဝင်စားသွားတာ
    အဲလိုပေါက်ကရတွေ မလုပ်နဲ့ တွေ ့လား !!
    ခုတော့မင်းကို အိုင်းရစ်သောင်းစိန် အထင်သေးသွားပီ
    🙂 😀 😛

    Reply

  • nwl

    October 13, 2010 at 10:03 am

    တစ်ပုဒ်လုံကို စိတ်ဝင်တစားဖတ်လာတာ အဖွားကြီးလဲ ချုံထဲဝင်ရော ဇာတ်ရှိန်ကတော်တော်မြင့်နေပြီလေ
    ဖတ်နေတဲ့ သူလဲ ရင်ထဲမှာ တဒိန်းဒီန်းနဲ့ပေါ့ :p ဖတ်လို့တော့ကောင်းတယ်

    Reply

  • etone

    October 13, 2010 at 10:25 am

    ထင်သားပဲ ခြုံထဲဝင်သွာတာကို ။
    ရေးတဲ့အထဲမှာတစ်ခုနားမလည်တာကလေ ဘယ်နှယ့်ကြောင့်နွားတွေက ပေကပ်ကပ်ဖြစ်ကုန်တာလဲ ။ မဆိုင်ဘူးထင်တယ်နော် ။

    Reply

  • intro

    October 13, 2010 at 10:25 am

    သဲထိတ်ရင်ဖိုတော့ ရှိပါတယ်ဗျာ… ဟားဟား၊

    Reply

  • kyansitthar101

    October 13, 2010 at 12:38 pm

    တကယ်မှတ်လို့ အသည်းအသန် လိုက်ဖတ်နေတာ ၊ အတည်ပေါက်ကြီး နောက် သွားတာကိုး။
    တကယ်တော် ပါတယ် မိုက်ကယ်
    ကျနော်လဲ ခင်ဗျား လို စာရေးကောင်းချင်ပါတယ်

    Reply

  • unclegyi1974

    October 13, 2010 at 2:59 pm

    ဝှီးဟီးဟီးဖတ်
    ဒီအသံလေးကိုလူကြီးတွေပြောပြောနေတာကြားဖူးမယ်
    ထင်ပါတယ်
    ဟုတ်မလားလို့ဖတ်နေတာ ဝှီးဟီးဟီးဖတ် ဖြစ်သွားတာ
    ကိုး ဟိုးဟိုးဟားဟား

    Reply

  • linhtet

    October 13, 2010 at 11:04 pm

    ချီးဟုတ်မဟုတ် စမ်းခဲ့သေးလား?

    Reply

  • kopauk mandalay

    October 14, 2010 at 2:27 am

    နွားတွေပေကပ်ကပ်ဖြစ်တာက သူတို့ကို အစာမကြွေးသေးလို့နေမှာပေါ့။
    စာအရေးကောင်းတယ်ဗျာ.

    Reply

  • bigcat

    October 14, 2010 at 2:57 am

    နာမည်ကအောင်ပုနဲ့ဆုံးထားလို့သာပေါ့၊ အောင်ရှည်သာဆိုရင် တပ်ချုပ်ကြီးကိုတောင် လိမ်မဲ့သူ။

    Reply

  • phantom

    October 14, 2010 at 6:17 am

    ချီးပါနေတာများ ဟုတ်ရဲ့လား ရှုးပေါက်နေတာရောမဖြစ်နိုင်ဘူးလား သေချာကြည့်ခဲ့တာပေါ့

    Reply

  • meelay

    October 22, 2011 at 2:37 pm

    နွားပေကပ်ကပ်လုပ်တာကို အဖွားကြီးပဲ မကောင်းဆိုးဝါးပုံစံရေးထားပြီးမှ ချီးပါနေသည် ဖြစ်သွားရတယ်လို့ ………… ဦးအောင်ပုတို့ကတော့ ………… 😀 😀 😀

    Reply

  • GreeNSheeP

    October 22, 2011 at 2:46 pm

    သို ့ဖြင့် မိုက်ကယ်ဂျော်နီအောင်ပု သည် ချီးပါပြီးသွားသော အဖွားကြီးအား နီးရာ ဒုတ်ကညောင်းလေးဖြင့် ချီးကုန်းပေးခဲ့လေသည်။

    Reply

  • Tiger mg

    October 22, 2011 at 4:04 pm

    ကိုအောင်ပုတို့ ကတော့လုပ်ပြီ….
    အစတုန်းကတော့လူကိုလန့်သွားတယ်….
    စာပုဒ်ဆုံးမှပဲ….ဟီးးးးးးးးးးးး
    တော်လိုက်တဲ့အတွေ့
    လှလိုက်တဲ့အရေးအသားဗျာ။

    Reply

  • nayminn

    October 22, 2011 at 4:05 pm

    ကြိမ်တံကို အသင့်ပြင်ဆင်ထားပြီးလျှင် အဖွားကြီးပျောက်ကွယ်သွားသော ချုံငယ်နားသို ့သတိကြီးစွာဖြင့် ချည်းကပ်လိုက်၏ လေအဝှေ ့တစ်ချက်တွင် ညှီစို ့စို ့ အနံ ့ဆိုး တစ်ခုကို ရှုရှိုက်လိုက်မိ၏ ကျွန်ုပ်ပို၍ပင် သတိကြီးရတော့၏။ တွေ့ပြီ..ချုံငယ်မှဝါးတစ်ရိုက်ခန့်အကွာ ဖင်လှန်ဂျ် ရွာဆြီပြန်နေသော အဖွားကြီးအားငေးနေသော ကျွန်ုပ်၏ သွေးများ ငယ်ထိပ်ရောက်သွားလေပြီလားဟုထင်မှတ်လိုက်ရတော့၏ အကြောင်းမှာ အဖွားကြီးပါသွားသော ချီးပုံအားကျွန်ုပ်နင်းမိနေလျှက်သားဖြစ်နေသောကြောင့်တည်း..။

    Reply

  • naywoonni

    October 22, 2011 at 4:31 pm

    အောင်ပု ရေ အဘွားကြီး အီးအီးပါတာ ကမ္ဘာကြီး တုန်သွားတယ်ပေါ့…..။ တော်တော်ဆိုးတဲ့ အဘွားကြီးပဲ…..

    Reply

  • နီလေး

    October 22, 2011 at 4:35 pm

    ဟားဟား ကိုအောင်ပုတို့ကတော့ လုပ်လိုက်တာ တစ်ရွာလုံး ဖုန်တစ်ထောင်းထောင်းထလို့ အဖွားကြီးပြေးပြီးချုံထိုင်တာကိုသူ့နွားလှည်းနဲ့လိုက်ကြည့်တော့ လက်လက်ကိုထလို့တော့မဟုတ်ဘူး အီးအီးကိုနံလို့ အီးအီးကိုနံလို့

    Reply

  • ပေါက်ဖော်

    October 22, 2011 at 4:57 pm

    နှာခေါင်းပိတ်နေတော့..
    ငြှီနံ ့နဲ ့..အီးနံ ့နဲ ့မှားတွားလို ့ပါဗျာ
    😆

    Reply

Leave a Reply

Your email address will not be published.