ကံကြမ္မာရဲ့စေစားရာ

manawphyulayOctober 9, 20101min03

အင်း…
ထပ်မံပြီး တောင်းခဲ့ရင်တောင်မှ
ငါ့မှာ ဘာမှထပ်ပြီး ဆုံးရှုံးစရာ မရှိတော့ပါဘူး
ဘာဖြစ်လို့လဲဆိုတော့
တစ်ချိန်တုန်းကပေါ့…
သေခြင်းတရားရဲ့ အနာဂတ်ထဲမှာ
ငါဟာ လူတွေကို စူးစိုက်ကြည့်နေရုံကလွဲပြီး
ဘာမှ မတတ်နိုင်ခဲ့ဘူးလေ
ဘာမှလည်း မမြင်နိုင်တော့ပါဘူး
ဟီရိုရှီးမား ဗုံးပေါက်ကွဲခဲ့စဉ်က
ကြားပဲ ကြားဖူးခဲ့တာပါ
မြင်မှ မမြင်ခဲ့ရဘဲ
ခုတော့ လက်တွေ့ကြုံခဲ့ရပြီလေ…
ပြီးတော့ တစ်ချိန်တုန်းကပေါ့ကွယ်
ညီမလေးတစ်ယောက်နဲ့အတူ
ပုဇွန်တောင်မြို့နယ်ဆိုတဲ့
ကုန်စည်ပြပွဲတစ်ခုမှာပေါ့…
ငါဟာ မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကို
မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်
ဘယ်သူမှ မထင်မှတ်ထားတဲ့အရာကြောင့်
လူတွေဟာ ထိန်းမနိုင် သိမ်းမနိုင်
ကစဉ်ကလျားနဲ့ သေဆုံးခဲ့ရရှာတဲ့အထိပါပဲ
အခုတော့
ဒီကုန်စည်ပြခန်းကြီးဟာ သူ မဟုတ်တော့သလို
အဖြူရောင်အဆောက်အအုံနဲ့ ပြတင်းပေါက်တွေမှာတော့
တိတ်ဆိတ်ငြိမ်သက်
လုံခြုံစွာနဲ့ တည်ရှိနေဆဲပေါ့…
ငါ့ရဲ့ ကံကြမ္မာဟာ
ငါ့ဦးခေါင်းပေါ်ကနေ
လွှဲဖယ်ပေးလိုက်တာ
ငါ့ဘဝရဲ့
ကံကောင်းခြင်းလက်ဆောင်တစ်ခုအဖြစ်
တန်ဖိုးထားရင်း
ငါ ရှေ့ဆက် အသက်ရှင်နေပါ့မယ်…

ကဗျာ မဟုတ်ဘူးနော်။ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုရဲ့ စကားစုသာ ဖြစ်ပါတယ်။

3 comments

  • ဆူး

    October 9, 2010 at 12:18 pm

    ယခုပင် မအိုခင်က ကြိုတင် ကောင်းမှု ကြိုးစားပြုလော့…
    ယခုပင် မနာခင်က ကြိုတင် ကောင်းမှု ကြိုးစားပြုလော့..
    ယခုပင် မသေခင်က ကြိုတင် ကောင်းမှု ကြိုးစားပြုလော့.

    သံဝေဂ စာအစုအတွက် လက်ချောင်..

    Reply

  • kopauk mandalay

    October 9, 2010 at 2:45 pm

    ပြခန်းတွေ ကိုလျှောက်လျှောက်မသွားနဲ့ ။
    ကံကောင်းခြင်းဆိုတာ ခဏခဏမလာတတ်ဘူး။
    ဒီတစ်ခါကံကောင်းလို့လွဲပေမယ့် နောက်တစ်ခါ ကိုယ့်ခေါင်းပေါ်ရောက်ချင်ရောက်နေမှာ။
    တော်ကြာနေရင် ……………………………………………………………….

    Reply

  • michaelaungpu

    October 10, 2010 at 5:20 am

    (ဝင်PEE ဗျာဆန်ဦးမှ ဟီဟိ)
    ကဗျာမဟုတ်ပါ ဆိုပေမယ့် ပေါက်ကွဲမှုကပြင်းထန်တယ်
    ဟီရိုရှီးမား ဗုံးပေါကွဲတာကြီးတောင်ပါတယ်ဆိုတော့
    လျှော့တွက်လို ့မဖြစ်တုံခြေဘူး
    သံဝေဂလင်္ကာတွေ ဝေငှပေးတဲ့ ဘုရားဂေါပက သမက်တွေကိုလည်း အလွန်သိုင်းကျူးမိပါရဲ ့

    Reply

Leave a Reply

Your email address will not be published.