ကဲစကားထာလေးတွေ ဖြေကြည့်ကြနော်……….

naychanyanOctober 9, 20101min04

မေးခွန်း (၁) ဖြစ်ရပ် တစ်ခုက တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်သွားတဲ့ စကားပုံကဘာလဲဟင်………..
မေးခွန်း (၂) သဘာဝအလျှောက် လှုပ်ရှားရမယ့် သူက မလှုပ်ရှားပဲ မလှုပ်ရှားရမယ့်သူက စတင်လှုပ်ရှားတဲ့ စကားပုံကရောဘာလဲဟင်………
မေးခွန်း (၃) တစ်သက်လုံး ပြုလုပ်လာတဲ့ ထုထည်ကြီးကို ချေလိုက်တဲ့ စကားပုံက ဘာလဲသိလား………
မေးခွန်း (၄) အခွင့်အရေးများကို မခံစားရဘဲ မျှော်လင့်ရရုံ သက်သက်လို့ မဓိပ္ပါယ်ရတဲ့ စကားပုံကဘာဖြစ်မယ်ထင်လဲ………..
မေးခွန်း (၅) ရပ်တိုင်း ရွာတိုင်းမှာ မိမိအား ကူညီထောက်ပံ့မှု မိတ်ဆွေကောင်းရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စကားပုံက ဘာလေးလဲဟင်…….
မေးခွန်း (၆) ကိုယ်မဟုတ်ဘဲ လူတစ်ယောက်ရဲ့အပြစ်ကို ကိုယ်စား ဝင်ခံပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စကားပုံကရော ဘာဖြစ်နိုင်မလဲ……..
မေးခွန်း (ရ) ဆင်းရဲမှာကို ခံနိုင်ပြီး ဆင်းရဲသထက် ဆင်းရဲမှာကို မကြောက်တဲ့ စကားပုံကရော ဘယ်လိုစကားပုံမျိုး ဖြစ်နိုင်မလဲ……….
မေးခွန်း (၈) ရှိတဲ့ နည်းနည်းလေးကို များများ ဖြစ်အောင် လုပ်နိုင်တဲ့ စကားပုံကဘာဖြစ်လာမလဲ………..
မေးခွန်း(၉) ကိုယ်မရတဲ့အရာကို သူတစ်ပါးကိုလဲ မရအောင်လုပ်လိုက်တဲ့ စကားပုံကရော ဘယ်လိုလေးလဲ…………
မေးခွန်း (၁၀) ဒါကတော့ စကားထာလေးတော့ မဟုတ်ဘူး စိတ်ဝင်စားစရာကောင်းမယ်ထင်လို့ မေးလိုက်တာ
ပတ်ကျိကိုသိတယ်ဟုတ် အဲ့ဒီပတ်ကျိတစ်ကောင်မှာ သွားဘယ်နှချောင်း ရှိမယ်ထင်လဲ ဖြေကြည့်ကြနော်……..ဟိဟိ

4 comments

  • Mc_Cristy

    October 9, 2010 at 7:48 am

    အဖြေ(၄) မစားရ အညှော်ခံ
    အဖြေ(၉) မစားရတဲ့အမဲ သဲနှင့်ပက်
    အဖြေ(၁၀) ပက်ကျိ ပက်ကျိ သွားမရှိ

    Reply

  • search123

    October 9, 2010 at 8:50 am

    အဖြေ (၁) ထန်းသီးကြွေခိုက်၊ကျီးနင်းခိုက်။
    အဖြေ (၂) မြင်းက မလှုပ်၊ခုံကလှုပ် ။ အိုးကမပူ၊စလောင်းကပူ ။
    အဖြေ (၃) တစ်သက်လုံး ဖုံးသမျှ၊ ကုန်းခါမှပေါ်။
    အဖြေ (၆) သူများ ဓါးခုတ်ရာ၊လက်ဝင်လျှို။

    Reply

  • unclegyi1974

    October 9, 2010 at 3:24 pm

    အဖြေ (၁) ထန်းသီးကြွေခိုက်၊ကျီးနင်းခိုက်။
    အဖြေ (၂) မြင်းက မလှုပ်၊ခုံကလှုပ် ။ အိုးကမပူ၊စလောင်းကပူ ။
    အဖြေ (၄)ဆင့်ဟာခွေးမျှော်
    အဖြေ (၅)တရွာတကျီဆောက်
    အဖြေ (၆)လှည်းကျိုးထမ်းတဲ့လူ
    အဖြေ (၇)သန်းကောင်ထက်ညမနက်၊ ဝက်ဖြစ်မှမစင်မကြောက်
    အဖြေ (၈)ဝ မရှိဘဲဝိလုပ်
    အဖြေ (၉)မစားရတဲ့အမဲသဲနဲ့ပက်
    အဖြေ (၁၀)n0

    Reply

  • Gong Zhu

    October 10, 2010 at 7:05 pm

    ပတ်ကျိ ကို သမီး မမြင်ဖူးဘူး … သမီးထင်တာတော့ ဟိဟိလို့ရယ်လိုက်ပြီဆိုတော့ မရှိတာကို မေးလိုက်လို့လို့တော့ထင်တယ် …

    Reply

Leave a Reply

Your email address will not be published.