အရူးလင်လုပ်ရသလို …

fattyOctober 9, 20101min06

ဟလို ….အကိုင်းလား …နေ ကောင်းလား ..အင်း …ဒီလို …..ခင်ဗျားမှာ ပေါ်ဆန်း ဘယ်လောက်ရှိလဲ
အင်း အကုန်လိုချင်တယ် ….. မနက်ဖန်ညနေ ၃ နာရီ နောက်ဆုံးအရောက် ကျုပ်ဂိုထောင်ထဲပိုးပေး
….ဟုတ်ပြီလား … လောလောဆယ် စရံ နဲနဲယူထားအုံးလေ …. ခင်ဗျားကလဲ မလုပ်ဘူးတဲ့သူတွေကြနေတာဘဲ

ဟလို ……. ကိုစွပ် ….ကျနော်ပါ … ခင်ဗျားဆီက ..ရှယ်ပေါ်ဆန်း ..အကုန်ယူမယ် …အော် ..ပွင့်သွားလို့ပါ ….
နောက်ထပ် ရသလောက် လိုချင်တယ် …… ခင်ဗျားနယ်ဆင်းနိုင်ရင်ဆင်းပေးအုံး ….
အော် …. သဘက်ခါ ညနေ ၃ နာရီ အရောက်နော် …. စရံကို ကျုပ်ရုံးခန်း လာထုတ်ခိုင်းလိုက် ………..

ဆရာလား …ဟလို …ဆရာလား ..ကျနော်ပါ …ကျနော်ပြောသားဘဲ …ဒီနေ့ဘဲ သတင်းပါလာပြီလေ ..။ လွတ်လပ်စွာတင်ပို့နိုင်ပြီတဲ့
ကျနော်ရသလောက်စုထားတယ် …ဆက်စုမယ်လေ ..အမောင့်လား အားလုံး သိန်း ၅၀၀ဝ ကျော်ပြီ
ဟေ့ကောင် အောင်ထူး …ဘိုင်ယာဆီ မေးချက်ချင်းပို့ L / c ချက်ခြင်း ဖွင့်လို့ပြော ..cargo ရယ်ဒီဘဲလို့ပြောလိုက် ….

…. ပုဂ္ဂလိက များ ဆန်တင်ပို့နိုင်မှု့ခေတ္တရပ်ဆိုင်း …………

အောင်ထူး ..အောင်ထူး ..Bangkok ကို ချက်ခြင်းလက်မှတ်ဝယ်စမ်း …. ငါဘယ်သွားတယ်ဆိုတာ ဘယ်သူ့မှမပြောနဲ့
ရှင်းလားငါပြောတာ ………………………………………။

6 comments

  • bigcat

    October 9, 2010 at 4:41 am

    ဦးဖက်တီးဆိုတာ ခင်ဗျားလား။ ကိစ္စရှိလို့ ကျနော်တို့နဲ့ ခဏလိုက်ခဲ့ပါ။ ကျနော်တို့ ဘယ်သူဆိုတာ နောက်တော့သိရပါလိမ့်မယ်။ အခုလည်း ရပ်ကွက်လူကြီးတွေပါပါတယ်။
    သိပ်မစိုးရိမ်ပါနဲ့ အမကြီးရဲ့၊ သူ့ကို အင်တာနက်ပေါ် ပြန့်နေတဲ့ ကောလာဟာလ သတင်းတွေနဲ့ ပတ်သက်ပြီး နဲနဲမေးစရာလေး ရှိလို့ပါ။ သိပ်မကြာစေရဘူး လို့အာမခံပါတယ်။ လိုလိုမယ်မယ် အဝတ်အစား နှစ်စုံ၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာနဲ့ ပိုက်ဆံနဲနဲပါးပါးလောက် ထည့်ပေးလိုက်ပေါ့။

    Reply

  • ဆူး

    October 9, 2010 at 4:47 am

    ကိုဖတ်တီး စာဖတ်တုန်းက ဒီလောက် ဟတ်မထိဘူး.. ကိုကြောင်ကြီး ကွန်မန့်လည်း တွေ့ရော.. စိတ်မကောင်း ဖြစ်ပြီး ဟတ်ထိမိတယ်.. ဒါမျိုးတွေက.. ဟင်းးးး..

    Reply

  • fatty

    October 9, 2010 at 6:02 am

    အော …ညလူချင်း လာတွေ့နေတာကိုး …ကျနော် အဲလိုလုပ်စားလာတာ ၈၈ ပြီးကထဲကဘဲ …။ဟဲဟဲ ။
    ဘယ်ဘက်တွေ ..ဆက်ကြေးကောက်နေလဲ … လှိုင်သာယာဘက်တော့ ချဲဒိုင်တွေပေါမှပေါ ….။

    Reply

  • char too lan

    October 9, 2010 at 6:09 am

    hahaa 🙂
    ဖက်တီးရဲ ့ရိုက်ချက်လာပြန်ပီပေါ့
    ကိုဖတ်တီး ဘေးအန္တရာယ်ကင်းရှင်းပါစေ……….

    ps.
    ကိုကြောင်ကြီး ခေါ်ပီးရင်ပြန်လာပို့ဖို့မေ့မနေနဲ့နော်
    တစ်ခါမေ့ရင်နှစ်ခြောက်ဆယ်ဆိုတော့ သေချာမှာရတယ်ဗျို ့
    😉

    Reply

  • blackchaw

    October 12, 2010 at 6:52 am

    အိမ်ရှေ့မှာ ကားရပ်ပြီးတော့
    တံခါးကိုဖွဖွခေါက်ကာ
    လမိုက်ညရဲ့အိုဧည့်သည်
    မမြင်ဘူးတဲ့မျက်နှာစိမ်းရယ်
    ဖက်တီးကိုလှမ်းပြောလိုက်တယ်
    ခဏလောက်လိုက်ခဲ့ပါဦးတဲ့။
    ဦးဖက်တီးနဲ့ ဦးကြောင်ကြီးတို့ ပြောနေကြတာဖတ်ရတော့ မွန်းအောင်သီချင်းလေး သတိရလို့ သားသားညည်းကြည့်လိုက်တာပါ။

    Reply

  • etone

    October 12, 2010 at 7:22 am

    လက်စွမ်းကတော့ပြောင်ပြီးသားပဲ ။

    Reply

Leave a Reply

Your email address will not be published.