ပုဂံ စိန်ပြာကြီးနှင့် ကျိန်စာ သင့်သူများ အပိုင်း ၅

ဆူးOctober 8, 20101min03

စိန်ကုန်သည် ကိုလော့ဆိုသူက ရုရှားဘုရင်မျိုးနွယ်ဝင်မင်းသားကြီး ကနီတော့စကီးအား စိန်ပြာကြီး သို့မဟုတ် ဟုပ်စိန်ကြိးကို ရောင်းချခဲ့သည်။သို့ရာတွင် မင်းသားကြီးထံတွင် ကျောက်တန်ဖိုး အပြည့်အဝ မရရှိခဲ့သည့် အပြင် သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့လေသည်။
မင်းသားကြီး ကနီတော့စကီး က သူချစ်ကြိုက်နေသော ကချေသည်မ လော်ဒီကို လက်ဆောင်ပေးခဲ့သည်။ ကချေသည် မလေး ကလော်နီမှာ ပြင်သစ်မှာ နာမည်ကျော် အနုပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော် ကချေသည်မလေးသည် မင်းသားကြီး၏ ချစ်သက်လက်ဆောင် စိန်ပြာရင်ထိုးကို လက်ခံရရှိပြီး မကြာမီပင် သူမသည် ဇတ်ခုံပေါ်၌ ခြောက်လုံးပြူး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရရှာပေသည်။ ကံတူ အကျိူးပေးလို့ ဆိုရမလား ကချေသည်မလေး သေဆုံးပြီး ၂ရက် အကြာတွင် စိန်ပြာကြီးကို ဝယ်ပေးခဲ့သူ မင်းသားကြီး ကနီလော့စကီး မှာ ပဲရစ်လမ်းတစ်လမ်းပေါ်ဝယ် အမည်မသိလူ တယောက် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး ကွယ်လွန်ခဲ့ရရှာပြန်ပြီ။ ထိုနောက်မကြာမီ ကာလာ အတွင်း၌ ဗော်ရှီဗစ် တော်လှန်ရေး ဖြစ်ပေါ်လာကာ သက်ဦး ဆံပိုင် ဘုရင်စနစ် ချုပ်ငြိမ်းသွားခဲ့ ပြန်လေသည်။

3 comments

  • ဆူး

    October 8, 2010 at 9:00 am

    ဖတ်လို့ရကြပြီလား..

    Reply

  • weiwei

    October 8, 2010 at 9:09 am

    ဖတ်လို့ရပြီ … တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။

    Reply

  • su

    October 13, 2010 at 4:25 pm

    ရပါပြီ။ ကျေးဇူး။။

    Reply

Leave a Reply

Your email address will not be published.