အချစ်တဲ့လား …..

fattyOctober 6, 20101min04

ယခင် … မောင် ..မောင့်အနားမှာအနမ်းလေးပေးချင်တယ် …..။
ယခု …… အောင်မယ်လေး ရှင့်လစာနဲ့လောက်တာမှတ်လို့ .. ဒီလိုဘဲ ယောကျာင်္းတွေနဲ့တန်းတူရှာနေရတာဘဲ ..။

ယခင် ….မောင် …မကိုရှာကျွေးရတာပင်ပန်းလှပြီလားဟင်လို့ …..။
ယခု ……… တိုင်ကီထဲရေဖြည့်ပြီး အဝတ်တွေရေစိမ်ထား လိုက်အုံး .. ထမင်းအိုးကဝေကျတော့မယ် …။

ယခင် …… မောင် ..မောင့်အတွက်သားသားလေးမွေးရမလား ..မီးမီးလေးလိုချင်လား ..လို့ …။
ယခု …… ဟဲ့သေနာလေးတွေ … နင်တို့လုပ်စာများစားနေရရင် … ဟင်းမပြောလိုက်ချင်ဘူး …။

ယခင် ….. မောင်လို့ ..ဒီနားကိုလာပါဆို .. မျက်နှာထားကြီးကလဲနော် …ငိုလိုက်မှာ နော်လို့ ….။
ယခု ……ဟာ ..မီးမလာလို့ပူရအိုက်ရတဲ့အထဲ …ဟိုဘက်တိုးနေစမ်းပါ …တကထဲ …။

ယခင် …မောင်မောသွားပြီလား …. လာ အချစ် ယပ်ခတ်ပေးမှာပေါ့လို့ ….။
ယခု ……… အဘိုးကြီးနော် …. ကျုပ်ဆေးဘိုးမတတ်နိုင်ဘူး … ကွမ်းရွက်ပုံဆေးဘဲသောက် …တကထဲအဖြစ်ကိုမရှိဘူး …။
……….ဆက်ရျ်သာ စဉ်းစားကြပါကုန် ……။

4 comments

  • michaelaungpu

    October 7, 2010 at 2:59 am

    (ယခင် ….. မောင်လို့ ..ဒီနားကိုလာပါဆို .. မျက်နှာထားကြီးကလဲနော် …ငိုလိုက်မှာ နော်လို့ ….။)
    (ယခု ……ဟာ ..မီးမလာလို့ပူရအိုက်ရတဲ့အထဲ …ဟိုဘက်တိုးနေစမ်းပါ …တကထဲ …။)
    သို ့
    ဆရာကြီး ဖာထီး ခင်ဗျား ကျွန်တော် လေလှိုင်းထည်းမှ ရိုသေစွာ စာရေးလိုက်ပါတယ်
    အထက်ပါ စာကြောင်းလေး နှစ်ကြောင်းအား လူငယ်များ၏ အနာဂတ်အရေးကို တွေးခေါ် နှိုးဆော်သည့် အနေဖြင့်
    တတ်နိုင်သမျှ အနုစိတ်၍ တင်ပြမည် ဆိုလျှင် ဆရာကြီးအနေဖြင့် နိုဗယ်ဆုကြီးပင် ဆွတ်ခူး ရရှိသွာနိုင်ပါလိမ့်မည်ဟု
    ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု အကြံပေးဆွေးနွေးအပ်ပါသည်ခင်ဗျား။

    Reply

  • fatty

    October 7, 2010 at 3:15 am

    အော် ရှာကြံပြီး ထုတ်နှုတ်ဆွေးနွေးတတ်တယ်နော် …။

    Reply

  • ဆူး

    October 7, 2010 at 6:51 am

    ယခင် ယခု မောင် ဆိုတာ ကိုဖတ်တီး အတွေ့အကြုံများလားဟင်..

    Reply

  • fatty

    October 7, 2010 at 8:30 am

    ထင်တော့ထင်စရာဘဲ ..ဖက်တီးဆိုတဲ့ကောင်ကလည်း .. သူ့အတွေ့အကြုံ တွေရေးတာများတယ် ..။

    Reply

Leave a Reply

Your email address will not be published.