believed

search123October 8, 20101min03

တစ်ယောက်တစ်နေရာစီမှာ ကိုယ်စီ အလုပ်တွေနဲ့ ရှင်သန်နေရတဲ့ ဘဝ ဘယ်တော့ များမှ အတူတူ နေရပါ့ မလဲလို့တွေးရင်း ….ရင်မောရတာလည်း ကြာခဲ့ပါပြီ။
သူ့ကိုယုံကြည်ပေမဲ့လည်း ကံကြမ္မာ ကိုတော့ ကြောက်နေမိပါတယ်။ကြားလိုက်ရတဲ့ သတင်းတွေ ကလည်း အစုံပါပဲ။
မိန်းမနဲ့ ကလေးအတွက် ရေခြားမြေခြား မှာ ပိုက်ဆံ သွားရှာတာ ဟိုရောက်ပြီးမကြာခင်မှာ ပဲ နောက်တစ်ယောက် ယူသွားတယ်ဆိုတာ မျိုးတွေ၊ ကြားရရင် တော်တော်ပူလောင်ရ ပါတယ်။
ဘယ်လောက်ပဲ သူ့အပေါ် ယုံကြည်ထားတယ် ပြောပြော ၊ ယုံကြည်ပါတယ် ပြောပြော သူလည်းလေ လောကီသား ပေမို့ သိပ်တော့ မထင်ပါ။
အခုခေတ် မိန်းကလေးတွေ ကလည်း မိန်းမ နဲ့ ကလေးနဲ့ ဆိုလည်း မရှောင်ကြတော့ပါ…(မိန်းကလေးတိုင်းကို မဆိုလိုပါ။)
ငယ်ငယ်ရွယ်ရွယ် မပြောနဲ့ အဘိုးကြီးတွေတောင် small နဲ့တွေ့ရင် အိမ်က အဘွားကြီး ရိုက်နှက်ကွာခိုင်းတဲ့ ခေတ်ဆိုတော့လည်း ခက်သားလားနော်။
ဟို အရင်က ထားခဲ့ ကြတဲ့ ယုံကြည်မှုတွေ၊ သစ္စာတရားတွေဟာ ဘယ်ကိုများရောက်ကုန် ကြပါလိမ့်။
ယောကျင်္ားတစ်ယောက် ဖောက်ပြန် နေပြီဆိုတာ ကို ဘယ်အချက်တွေ ကြည့်ပြီး သိနိုင်ပါသလဲ။
သူငယ်ချင်း တစ်ယောက်ကတော့ သူ့ယောကျင်္ားဖောက်ပြန်တုန်း က ဖုန်းပြောတာ ကို ကြည့်ပြီး သိတာလို့ ဆိုပြန်ပါတယ်။ call list တွေ အားလုံးဖျက်ပစ်တာမျိုး….ဖုန်းပြောရင် ကိုယ်မကြားနိုင်လောက်တဲ့နေရာ မှာ သွားပြောတာမျိုးဆို ရင် သတိထားတော့ လို့ဆိုပါတယ်။
မသင်္ကာတဲ့ စိတ်မျိုးနဲ့ နေရတာ လည်းတော်တော် ပင်ပန်းပါတယ်။
နောက်ဆုံးတော့ ဘက်ပေါင်းစုံ ကနေတွေးပြီး ဆုံးဖြတ်ချက်ချ လိုက်ပါတယ်..သူဖောက်ပြန်သည် ဖြစ်စေ၊ မဖောက်ပြန်သည် ဖြစ်စေ သူ့ကိစ္စပဲ..ကိုယ်လိုက်တွေးနေရင် ကိုယ်ပဲ ပူလောင်ရတယ်..
ဒါကြောင့် သူ ့အပေါ် မယုံသကာင်္စိတ်တွေ မထားပဲ…အမြဲတမ်း ယုံကြည်နေလိုက်တော့မယ် ။
မေတ္တာဆိုတာ အလျား၊အနံ မရှိပေမဲ့ အသွားအပြန်တော့ ရှိမှာပါလေ…နော်။
ယုံကြည်မှုဆိုတာလည်း…….

3 comments

  • april

    October 8, 2010 at 6:28 am

    ဘယ်လောက်ပဲ ယုံကြည်ထားပါစေ..ဖောက်ပြန်ချင်တဲ့သူကတော့ ဖောက်ပြန်မှာပဲ။
    စိတ်ဓတ်ပျော့ညံ့ပြီး ကိုယ်ချင်းစာစိတ်မရှိတဲ့ ယောင်္ကျားတွေကို ပြောတာပါ။

    Reply

  • ghost

    October 8, 2010 at 6:47 am

    ဟဲဟဲ ဒီပွဲမှာ ဒိုင်သူကြီနော်…ကြိုပြောထားတာ….ယျောင်္ကျားတွေဖေါက်ပြန်တာ ဘယ်သူနဲလဲ`?
    ဖြေ …အခြောက်တွေနဲတော့ မဟုတ်လောက်ပါဘူးနော် ..ဒါကြောင့် မိန်မဖြစ်ဖြစ် ယျောင်္ကျားဖြစ်ဖြစ်
    ဖေါက်ပြန်သူ ကဖြောက်ပြန်သူပါ ။

    Reply

  • Gong Zhu

    October 10, 2010 at 7:39 pm

    ယုံကြည်မှု အလွဲသုံးစားလုပ်တာ အမုန်းဆုံးပဲ …

    Reply

Leave a Reply

Your email address will not be published.