” လမ်းခွဲဇယား ”

william hoeOctober 6, 20101min05

ဒီနေ့ ကျနော်နဲ့ လမ်းခွဲမယ်လို့ သူမပြောခဲ့တယ်။ မနေ့ညက တစ်ညလုံး ကျနော်အိပ်မပျော် နိုင်ခဲ့ဘူး။ ကံဆိုးစွာနဲ့ ဒီနေ့မနက်စောစော ကတည်းက မိုးရွာနေခဲ့ပြန်တယ်။ တစ်ကယ်ကို ကျနော်ဘာလုပ်သင့်လဲ သေချာစဉ်းစား ခဲ့တယ်။ ကျနော်ထီးမစောင်းပဲ ခပ်စောစော ထွက်လာခဲ့တယ်။ ကျနော်တို့ နောက်ဆုံး ချိန်းထားတဲ့ နေရာက ကော်ဖီဆိုင် အစွန်ဆုံးက စားပွဲဝိုင်းလေးမှာ။ ကျနော်ရောက်တော့ သူမကရောက်နှင့် နေပြီ။ သူမဘာသာ ကော်ဖီတစ်ခွက်မှာ သောက်နေတယ်။ ကျနော်ရောက်တော့ ခံစားချက်မဲ့တဲ့ မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကျနော်အသက်ပါပါ ပြုံးပြလိုက်ပေမယ့် သူမနှုတ်ခမ်းတွေ နှုတ်ဆိတ်နေခဲ့တယ်။ ကျနော်တို့ အတန်ကြာနှုတ်ဆိတ် နေခဲ့ကြတယ်။ ” လမ်းခွဲတဲ့ အတွက်စိတ်မကောင်းပါဘူး..အဲဒီအတွ က်လည်း ကျမ မတောင်းပန်နိုင်ဘူး….” လို့သူမပြောခဲ့တယ်။ ကျနော်တို့ အတန်ကြာ ဘာမှမပြော ဖြစ်ကြပြန်ဘူး။ ခဏကြာတော့ သူမလက်သန်းကြွယ်က ပလက်တီနမ် လက်စွပ်လေးကို ချွတ်လိုက်တယ်။ ကျနော့်ကို လှမ်းပေးခဲ့တယ်။ ကျနော့်မှာ ပြောစရာစကား ရှားပါးနေခဲ့တယ်။ ” ကျမ သွားတော့မယ်..နှုတ်ဆက်ခဲ့ပါတယ်..” တဲ့။ ကျနော် သတိဝင်လာပြီး သူမလက်ကို လှမ်းဆွဲ လိုက်မိတယ်။ ပြီးမှ ပြန်တောင်းပန် လိုက်တယ်။ ” ကိုယ်တို့ စာရင်းရှင်းကြရအောင်…” ကျနော်ခပ်တိုတို ပဲပြောပြီး အသင့်ယူထာတဲ့ မှတ်စုစာအုပ်လေး ကိုထုတ်လိုက်တယ်။

” လမ်းခွဲဇယား ” 1.1st, June, ကျနော့်မွေးနေ့မှာသူ့ကိုပထမဆုံးလက်ဆောင်ပေးခဲ့တယ်။(Sony Ericsson Handset = 150$)

2. 3rd, June , KFC စားကြတယ်..( 30$ / 2= 15$ per each )

3. 15th, June , သူအိမ်ပြောင်းတာ ( Taxi = 25$ for 13 minutes )

4. 30th, June , သူ့အမေအတွက် CG Brand လက်ဆွဲအိတ် ( 45 $ )

5. 15th, July, သူငယ်ချင်း မင်္ဂလာဆောင်သွားဖို့ အင်္ကျီဖိုး ( 39 $ )

6. 30th, July ,အိမ်လခစဖော်ဖိုး ခုထိပြန်မပေးရသေး ( 300 $ )

7. 17th, October, passport သက်တမ်းတိုးဖို့ အခွန်ဆောင်ပိုက်ဆံမလောက်လို့ စိုက်ထားတာ ( 50 $ ) ( မှတ်ချက်။ လကုန်ရင် လွဲမယ်ဆိုပြီး ခုထိမလွဲရသေး )

8. Hari Raya Haji Holiday >> Zoo သွားတော့ လက်မှတ်ခ ( သူမနဲ့ သူမရဲ့သူငယ်ချင်းအတွက် 20 $ )

9. Phone Card ဖိုး ( Total 5 cards = 8×5= 40$ ) ( Date မမှတ်မိတော့…)

10. 2006-07 New Year Night ( Party ဖိုးသူ့အတွက်စိုက်ခ = 30$ )

” ချစ်သူအတွက်နှစ်ချုပ် ” စုစုပေါင်း ရည်းစားသက်တမ်း – June to December ( 7 Months ) စုစုပေါင်း ကုန်ကျငွေ – 702 $ Remarks – ရည်းစားသက်တမ်း ရ လအတွင်း သူမလက်ကိုသာ ကိုင်ခိုင်းခြင်း။ ( ရုပ်ရှင်လက်မှတ်ဖိုးများ ထည့်မတွက်ထားပါ။ ကျနော်က လက်မှတ်ဝယ်၍ သူမကမုန့်ဝယ်သော ကြောင့်ဖြစ်သည်။ ) ” ဟင်..နင်..နင်..” သူမတုန်လှုပ် စွာကျနော့်ကို အော်ခဲ့တယ်။

” နောက်တစ်နှစ်အတွက်က ဟိုဘက်စာမျက်နှာမှာပါ….” လို့ကျနော် သူမမျက်နှာကို မကြည့်ပဲ ပြောလိုက်တယ်။ ဖြတ်ကနဲ သူမလက်ညှိုးလေးနဲ့ 2007-08 နှစ်ချုပ်လေးကို တန်းခနဲ ထောက်ကြည့် လိုက်တယ်။ ” 975$ and 50cents…ဟင် ပြားငါးဆယ်က ဘာအတွက်စွန်း နေရတာလဲ….” တဲ့။

” ချစ် ဒန်ပေါက်စားတဲ့နေ့ ကတစ်ရှူးလာရောင်းလို့ ဝယ်လိုက်တာလေ…” ” ကို..ရယ်..အဲဒီလောက်တောင် မှတ်မိတာလားဟင်…” သူမပြောနေရင်း မျက်ရည်ဝိုင်းလာခဲ့တယ်။ ချစ်သူ သက်တမ်း တစ်လျှောက်လုံး ခေါ်လာတဲ့ ” ကို ” ဆိုတဲ့အသုံးအနှုန်း ရုတ်တရက် ပြန်ပေါ်လာ ခဲ့တယ်။ ရုတ်တရက် ဆိုသလို သူမမျက်နှာထားတင်း လာပြန်တယ်။ ” အေး ..ကောင်းပြီလေ….ငါ ..နင့်ကို လကုန်ရင် ဒီငွေတွေ အားလုံးလွဲလိုက်မယ်…” သူမ ဒေါသသံနဲ့အတူ ငိုသံပါ ရောနေခဲ့တယ်။ ” ကျန်သေးတယ်….” ကျနော်ခပ်ပြတ်ပြတ် ပြောမိလိုက်တယ်။ ” ဘာလဲ..ဘာကျန်သေးလဲ..နင်ဘာပြန်လိုချင်သေးလဲ…” သူမနှုတ်ခမ်းတွေ တစ်ဆတ်ဆတ် တုန်ရီလာခဲ့တယ်။ ” လက်ထဲက လက်ကိုင်ဖုန်း၊ ပြီးတော့ ဒီဖိနပ်ကလည်း Anniversary တုန်းက အမှတ်တရ ပေးခဲ့တဲ့ဟာမလား…” သူမဆောက်တည်ရာမရ ထထွက်သွားခဲ့တယ်။ မြက်ခင်းပြင်ပေါ် ရောက်တော့ ဖိနပ်ချွတ်ပြီး ကျနော့် ရင်ဘတ်ကို ကောက်ပေါက်ခဲ့တယ်။ မိုးတွေကလည်း သဲကြီးမဲကြီးပါပဲ ရွာနေလိုက်ကြတာ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့ ပွဲကြည့်ပရိသတ်တွေ လိုပဲ။ သူမလှည့်ထွက် သွားခဲ့တယ်။ သူမငိုနေတာ ကျနော်မြင်နေရတယ်။ ကျနော်လည်း မတတ်နိုင်တော့ဘူး။ ” ခဏ..ခဏ…” သူမကိုက်စား လုမတတ်မျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်နေခဲ့တယ်။ သူမနဲ့ တော်တော် ဝေးတာတောင် အသက်ရှုသံတွေ ကြားနေရတယ်။ သူမပါးမှာ မိုးရေတွေလား၊ မျက်ရည်တွေလား ကျနော်မခွဲခြား တတ်တော့ဘူး။ ” ထီးလည်း ပြန်ပေးခဲ့ဦး…” ” ဘာ !!!!!! ” သူမ ခန္ဓာကိုယ် ရုတ်တရက်ဆိုသလို မိုးရေထဲမှာ ယိုင်လဲသွားခဲ့ တော့တယ်။ ————————————–။။။။။။။—————————————————

စာဖတ်သူမောင်ဘွား မိတ်ဆွေတွေလည်း ချစ်သူက
လမ်းခွဲမယ်ဆို ထုတ်သုံးဖို့ လက်နက်လေးပြင်ဆင် ထားကြဦးနော့။ ဒါမှ
ချစ်သူကို အကြွေးနဲ့သိမ်းလို့ ရမှာ…။

မေးထဲမှ တဆင့် တင်ပြတာလေးပါ…..

5 comments

  • spirit lioness

    October 7, 2010 at 3:50 am

    william hoe ရော ချစ်သူအတွက် အဲလိုဇယားမျိုးပြင်ဆင်ထားတာပဲလား?
    ချစ်သူကို အကြွေးနဲ့သိမ်းစရာမလိုပါဘူး စစ်မှန်တဲ့ အချစ်နဲ့ပဲ သိမ်းလို့ရမယ်ထင်တယ်

    Reply

  • yanshin

    October 7, 2010 at 4:01 am

    မေးထဲမှ ဖော်ပြတာတဲ့….ဒါဆိုလဲ စာရေးသူ ဖန်နေဝန်း ဆိုတာလေးတော့ ထည့်ရေးသင့်တယ်လို့ မြင်ပါတယ်.ကျနော်က ဖန်နေဝန်း ပရိတ်သတ်တစ်ယောက်မို့ ပါ. Mr.willian hoe…

    Reply

  • william hoe

    October 7, 2010 at 6:02 am

    yanshin ရေ… ကျွန်တော့်မေးထဲမှာတော ့ ဘယ်သူ ရေးထားတယ်ဆိုတာ မပါလို ့ကျွန်တော် ဘာမှ မရေးထားတာဗျ… အဲဒါကြောင့် ရေးသူ မသိလို ့
    ”မေးထဲမှ ဖော်ပြတာ” ပါလို ့ရေးထားတာပါ….

    Reply

  • yanshin

    October 8, 2010 at 5:04 am

    ကျနော်လဲ ဒီဆိုဒ်ထဲမှာ ဖတ်ရတာပါ……..အိုင်ဒီယာလေးတွေ သဘောကျလို့ပါ…….ဒါကြောင့် ဒီမှာပြန်တွေ့လိုက်ရတော့……တစ်မျိုးဖြစ်သွားလို့ပါ…..Mr.willian hoe….

    Reply

Leave a Reply

Your email address will not be published.