what a tragedy day in broadcasting dept: ( long time ago )

fattyOctober 2, 20101min02

လာပြန်ပြီတမျိုးပေါ့ဗျာ …………
တရက် မြန်မာ့အသံဝင်းထဲကို ၉၂၉ ကားအနက်ကြီး ၂ စီး ရဲကားတစီး ဝင်လာပါရော …. သတင်းမကြေငြာခင် ၂ နာရီလောက်ထင်တယ် …။
မြန်မာ့အသံဘဲလေ တနိုင်ငံလုံ့းတောင်သတင်းဖြန့်နေတာ တရုံးထဲ အတင်းပြောဖို့ကတော့ သိပ်မြန်တာပေါ့ .. တ ဆက်ရှင်နဲ့ တဆက်ရှင် ဖုံးဆက်ပြီး
ဖြန့်လိုက်တာ အကုန်သိကုန်တာပေါ့ …ဒါပေမဲ့ ထူးထူးခြားခြားဘာကြောင့်လာသလဲဆိုတာတော့မသိရဘူးဗျ။
…… ဝန်တပါးက ပြည်ထဲရေးကတဲ့ တခြားတပါးကတော့ဘဏ္ဏာရေးကဆိုဘဲ။ သူတို့နှစ်ဦးကို VIP အခန်းထဲမှာဧည့်ခံထားရတာပေါ့။ အဲထူးခြားတာတခုက
ဝန်တပါးက အပေါ့အပါးသွားချင်လို့ဆိုပြီးထသွားတော့ နောက်ဝန်ကလည်းသူလဲလိုက်မယ်ဆိုပြီး နှစ်ယောက်စလုံး အတူတူ အိမ်သာထဲဝင်ကြပါသတဲ့။
ဒါက အဖြစ်အပျက်တွေပြီးမှ လူကြီးတွေပြန်ပြောပြလို့သိရတာပါ။ သတင်းကြေငြာဖို့ ၁ဝ မိနစ်လောက်အလို … announcer က သတင်းခန်းထဲဝင်တော့မဲ့အချိန်
ကျမှ ပြည်ထဲရေးဝန်ကြီးက ပါလာတဲ့စာအိပ်ကို ဖေါက်လိုက်ပြီး …. ဒီသတင်းကိုအမှားအယွင်းလုံးဝမရှိအောင်ဖတ်ပါဆိုပြီး ထုတ်ပေးသဗျ။

….. ပုံမှန်ဆိုရင် သတင်းဖတ်သူတွေက သတင်းကို ၃ဝ မိနစ်လောက်ကြိုရတတ်တယ် အရင်တခေါက်လောက်ဖတ်ကြည့်ပြီး အဖြတ်အတောက် လေယူလေသိမ်း
တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကို မှတ်ရတာကိုး ….. အခုတော့ဗြုံးစားကြီးဘုမသိဘမသိ ဆိုတော့ကြောင်ကုန်တာပေါ့ေျာ။

…… ဝန်ကြီးတွေကတော့အားပေးပါတယ်။ ဖြေးဖြေးမှန်မှန်သာဖတ်ပါတဲ့ ဆိုပြီး သတင်းသမားကိုသူတို့ရှေ့မှာဘဲ သတင်းခန်းထဲဝင်ခိုင်လိုက်ပါတယ်။
အဲဒိတုန်းကတော့ ဘယ်သူဖတ်လဲမမှတ်မိတော့ဘူးဗျ။ ကိုညိန်းလား ..ဒေါ်ခင်အေးလွင်လားတော့မသိဘူး ……..
…ထားလိုက်ပါလေ …သတင်းကတော့ဗျို့ … ၂၅ ကျပ်တန်ကအစ …ပိုက်ဆံတွေကိုတရားမဝင်တော့ကြောင်း သုံးစွဲခွင့်မရှိတော့ကြောင်း ကြေငြာလိုက်တာပါဘဲဗျား …. ဟား …အကုန်လုံးတုန်လှုပ်ကုန်တာဘဲဗျို့ ရုတ်တရက်ကြားလိုက်ရတော့ ယုံတောင်မယုံကြဘူး …. သတင်းဖတ်တဲ့သူကတော့ဖတ်နေပြိ …သူ့ရင်ထဲမှာလဲ ..အင်း ငါ့အိမ်ကငွေတွေတော့သွားပါပြိလို့တွေးမိမှာဘဲလေ။ အပြင်ကလူတွေကတော့ ဘယ်ရမလဲ
ဖုံးတွေဆက်ပြီး အိမ်တွေကိုပြောမယ်လုပ်တော့ လိုင်းတွေကဖြတ်ထားပြိးပြိလေ။ ….

….ကျနော့အိပ်ကပ်ထဲ ကြည့်လိုက်တော့ အားလားနောက်ဆုံး ၂၅ ကျပ်တန်တရွက်။ ဒိသတင်းကိုနေ့ခင်းကြီးဖတ်ခိုင်းတော့ တော်ရုံလူတွေကနားမထောင်ဖြစ်ကြသေးဘူးဗျ ဒါနဲ့ ကျနော်ကတော့ အနားကဆိုင်ပြေးပြီး သွားတိုက်ဆေး ဆပ်ပြာ နားဖာကလော် အချဉ်ထုတ် ရှိသမျှအကုန်
ဆွဲချပြီး ဝယ်ပြစ်လိုက်တယ်။ …နောက်တော့အဲဒီဆိုင်ကပြောသဗျ ဒီကောင်စုတ်ခါတိုင်းဆို အကြွေးဝယ်နေကြပါ ဒီနေ့မှဘယ်လိုဖြစ်ရတာလဲပေါ့။
အဲဒီသတင်းကတော့တနိုင်ငံလုံး တုန်လှုပ်သွားရတဲ့သတင်းပါ။ ၈၈ အရေးအခင်းဖြစ်တော့တနိုင်ငံလုံးအုံကြွရတဲ့အကြောင်းရင်းတခုလဲဖြစ်သွားရတာပေါ့ဗျာ။

2 comments

  • bigcat

    October 2, 2010 at 4:01 am

    အရေးအခင်းပြီးကာစ အမေ့ကို အချဉ်ဖမ်းပြီ အောက်ဈေးနဲ့ ခုနှစ်ဆဲ့ငါးကျပ်တန်တွေကို မုန့်ဖိုးထဲက ဝယ်လိုက်ဖူးတယ်။ မင်းပြောင်းမင်းလွဲမှာ တချို့တဝက် ပြန်ပေးရင် ပေးနိုင်တယ်လို့ ကောလာဟာလ ထွက်ခဲ့တာကိုး။ အမေကလည်း ဝမ်းသာအားရနဲ့ ပေးပါတယ်။ ကံများဆိုးချင်ရင် နေရင်းထိုင်ရင်းတောင် သူများကိုယ်စား ခံပေးရတယ်။ အဲဒီအချိန်ကစပြီး စစ်အစိုးရကို ခါးခါးသီးသီး မုန်းတီးမိခဲ့တော့တာပါပဲ။ း)

    Reply

  • fatty

    October 2, 2010 at 6:13 am

    ပထမ အကြိမ်ကထင်တယ် လဲပေးသေးတယ်လေ။ ဒါနဲ့ post ခေါင်းစဉ်တွေကဘယ်လိုဖြစ်တာပါလိမ့် ……

    Reply

Leave a Reply

Your email address will not be published.