အတွေးအမြင်များ

manawphyulayOctober 1, 20101min03

လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းဘဲ
ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်…..
ကိုယ့်ဘဝကိုယ်သိ၊ ကိုယ့်အားကိုယ်ကိုး
လဲရင် ပြန်ထ၊ ဒါဘဝဘဲ
အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်
နေသလို မဖြစ်တဲ့ဘဝမှာ ဖြစ်သလို မနေပါနဲ့
လူ့ဘုံဆိုတာ လုံ့လဝီရိယဘုံပါ
အစာငတ်ရင် တစ်ခဏ၊ စာငတ်ရင် တစ်ဘဝ ဆုံးရှုံးပြီလေ
လုပ်ချင်တာထက် လုပ်သင့်တာလုပ်ဖို့ အရေးကြီးတယ်
ရောဂါပြင်းလျှင် ဆေးရှိသည်၊ လူပျင်းလျှင် ဆေးမရှိပါ
ဘဝကြိုးဝိုင်းထဲမှာ ဒုက္ခကို ဇွဲနဲ့ အလဲထိုးပါ
အပြောနဲ့ ကဲ့ရဲ့တတ်သူကို အလုပ်နဲ့ အနိုင်ယူပါ
အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု နှစ်ခုရှိတယ်။ အဲဒါက
မိဘနဲ့ အချိန်ဘဲ။
ဟုတ်တယ်နော်။ သူငယ်ချင်းတို့ကော ဘာတွေလုပ်နေလဲဟင်…..
စာရေးသူ မနောဖြူလေး

3 comments

  • winyungwe

    October 1, 2010 at 3:44 am

    မနောဖြူလေးရေ………
    မှန်ပါတယ်…………..တချို့သူတွေကလေ…………..
    အမြဲတမ်း…………တခြားသူတွေအပေါ်…..နှိမ့်ချဆက်ဆံတတ်တယ်….
    အသွင်မတူသော….လူတွေကြားထဲမှာ………….ကိုယ်အားကိုယ်ကိုးလို့
    တခြားသူအပေါ်ငဲ့ငှာထောက်ထားပြီး…………
    အစားထိုးလို့မရသော………………မိဘနဲ့အချိန်အတွက်……..
    အမြဲတမ်းကြိုးစားနေသင့်ပါတယ်………………..

    Reply

  • michaelaungpu

    October 1, 2010 at 4:35 am

    ညီမငယ်လေးကချစ်စရာလေးနော်
    အတွေးအမြင်တွေကိုပြောတာပါ

    Reply

  • မန်း ရိပ်

    October 1, 2010 at 5:02 am

    မနောဖြူလေးရေ နောက်ဆိုရင်လေ ကိုယ်ပိုင် စကားလုံးလေးတွေ ရှာရေးပါလား
    မနောဖြူလေးရေးထားတာတွေက အမှန်တွေပါပဲ ဒါပင်မယ့် အဲစကားလုံးတွေကို ခဏခဏမြင်ဖူးတယ်

    Reply

Leave a Reply

Your email address will not be published.