ပြတ်ပြတ်သားသားပြောရရင် ခင်ဗျားကကျွန်တော်မဟုတ်ဘူး။

အာဂSeptember 29, 20101min08

ပြတ်ပြတ်သားသားပြောရရင်ခင်ဗျားကကျွန်တော်မဟုတ်ဘူး။
ခင်ဗျားစီးတဲ့ကားအမျိုးအစား ကျွန်တော်မသိသလို
ကျွန်တော်စီးတဲ့ ဖိနပ်တံဆိပ်လည်း ခင်းဗျားသိမှာမဟုတ်ဘူး။
ခင်ဗျားနင်းခဲ့တဲ့ လည်မျိုတွေ ခင်ဗျားမမှတ်မိသလို
ကျွန်တော်ကိုတွန်းချနေတဲ့ လက်တွေကိုလဲ မှတ်မိတော့ဘူး။
ခင်ဗျားက လောကဓံကို ဖယောင်းတိုင်းမီးမှုတ်သလို ချူပ်ငြိမ်းလို့ရပေမဲ့
ကျွန်တော်က ဒုက္ခတွေကို တစ်စတစ်စလိုက်ကောက်လို့ မဆုံးဘူး။
ခင်ဗျားဒုက္ခက ကျွန်တော်ဒုက္ခထက် တစ်ခါတစ်ခါ ပိုများနေမလား။
ခင်းဗျားအရာရာကိုဖန်ဆင်းနိုင်တဲ့ နတ်တစ်ပါးဖြစ်သလို
ကျွန်တော်က အရာရာမဖြည့်စီးနိုင်တဲ ့လိုအပ်မှုနတ်သားဖြစ်တယ်။
ခင်းဗျားက အမှားကိုအမှန်လုပ်တတ်တဲ့ ပါရဂူ
ကျွန်တော်က အမှန်ကို အမှန်မပြောရဲတဲ့ ငကြောက်
ကျွန်တော်က သေမှာထက် ငွေမရှိတဲ့ဘဝကိုရောက်မှာပိုကြောက်သလို
ခင်ဗျားက ငွေမရှိမှာထက်သေမှာပိုကြောက်တယ်မဟုတ်လား။
ခင်ဗျားနဲ့ကျွန်တော်တူတာဆိုလို့ အချိန်တန်ရင်သေမှာရယ်၊ သောကအကြီးအသေးတွေရယ်၊
အကောင်းမမြင်တက်တဲ့သံသယအချို့ ့ရယ်၊မိသားစုအတွက်ရယ်ပဲရှိတယ်…။
ကဲ ခင်ဗျား…………ကကျွန်တော်နဲ့မတူပါဘူးဆိုနေမှပဲ..။

8 comments

  • michaelaungpu

    September 29, 2010 at 9:34 am

    အံမယ် တယ်ဟုတ်ပါလား

    Reply

    • R Ga

      September 29, 2010 at 9:39 am

      မောင်သန်းရွှေကြီးအတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရေးထားတဲ့ ကဗျာတစ်ပုဒ်ပါ ခင်ဗျာ..။

      Reply

  • ဆူး

    September 29, 2010 at 11:30 am

    မိုက်တယ်.. မလိမ်မာဘူး..

    Reply

    • R Ga

      October 1, 2010 at 10:27 am

      မိုက်တယ် ဒါပေမဲ့ လိမ် လည်မှုတွေနဲ့ တိုင်းပြည်က မာ ဆတ်ဆတ် ရှိနေတယ်ဗျ..။

      Reply

  • koyegyi

    October 8, 2010 at 12:38 pm

    အတွေးလေးကလှပေမယ့် ဖတ်သူကို တွေးခွင့်မပေးတာကိုတော့ မကျေနပ်ဘူးဗျာ။
    မောင်သန်းရွှေကြီးအတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရေးထားတဲ့ ကဗျာတစ်ပုဒ်ပါ ခင်ဗျာ..။ ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ကျွန်တော်တို့စာဖတ်သူတွေ တွေးခွင့်မရတော့တာတော့နှမြောမိတယ်။

    Reply

    • R Ga

      October 12, 2010 at 9:47 am

      တောင်းပန်ပါတယ်ဗျာ….ကျွန်တော်ကလည်း လိုရင်းကိုလူတွေမသိမှာဆိုးတဲ့ စိတ်နဲ့ အလောကြီးသွားတယ်ဗျာ..။

      Reply

  • အလင်း ဆက်

    July 9, 2013 at 3:29 pm

    ကဗျာလေးကို ခံစားသွားပါကြောင်းးးး

    Reply

  • ရဲစည်

    July 9, 2013 at 6:19 pm

    အခုမှ ပြန်ဖတ်မိတယ် …
    နိပ်သဟ ….။
    ခင်ဗျားက ကျနော်မဟုတ်ဘူး ဆိုတော့
    ကျုပ်ကလဲ ခင်ဗျား မဟုတ်ဘူး ကိုယင်အါဂ ယေ …

    ဒွန့် တွန့် ဒူ
    🙂

    Reply

Leave a Reply

Your email address will not be published.