မှန်မှန်မှားမှား ဝါးမှာပဲ၊ ဒို့ကတော့ ဒို့ကတော့ Me

စက်တင်ဘာ ၂၈ရက်နေ့ မှာတင်တဲ့ MyFirstGreen ရဲ့ကဗျာ မှန်လား မှားလား ???…
ကိုခံစားပြီး ရေးပါသည်။

ဟောင်းသွားလည်း
သစ်နေဆဲ
ပြောင်းသွားလည်း
ကောင်းနေဆဲ
ရင်ထဲမှာပဲ
တဝဲထဲ တလည်လည်

တွေ့ရင်တော့
ဖဲ့ပစ်လိုက်မယ်
ကြမ်းတယ်လို့ပဲ
ဆိုချင်ဆို
ဒီမောင်ပျို
စိတ်ဇောဟုန်တွေထ

အထင်တော်မလွဲလိုက်ပါနဲ့
ဖွဲ့ချင်ပါတယ်
ဝက်သားဒုတ်ထိုးနဲ့
ကြေးအိုးစစ်စစ်ကိုတ
အို..ငါ့မှာ
မဆုံးနိုင်တဲ့ ကဗျာအာသီသ။

2 comments

  • etone

    September 29, 2010 at 7:06 am

    စားတောင်စားချင်လာပြီ။

    Reply

Leave a Reply

Your email address will not be published.