I am sorry

Linn LettSeptember 28, 20101min00

တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကို ဆွေးနွေးကြတယ်။

ဂျပန်လူမျိုးက “ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်” လို့ ပြောပြီး သူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ် ပြိုင်ခိုင်းလိုက်တယ်။
signs-and-flags Smiley
ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂ဝ လှမ်းပြီး ကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့ ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝက မီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. “I am Hunter” ငါက မုဆိုးတဲ့။
signs-and-flags Smiley
ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅ဝလှမ်းပြီး ကိုယ်ကို တစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်က ကိုယ့်ကို အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. “I am Bond” ငါက ဂျိမ်းစ်ဘွန်းတဲ့။
signs-and-flags Smiley
နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီး ပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။ တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။ “I am sorry” ငါဝမ်းနည်းပါတယ်တဲ့။

Leave a Reply

Your email address will not be published.