မှားယွင်းစွန့်ပစ်ခြင်း

MyFirstGreenSeptember 28, 20101min00

ငါ့ကိုယ်ငါ လုံးချေပြီးတော့
အမှိုက်ပုံးထဲ လွှင့်ပစ်
ကိုယ်ကိုကိုယ် စွန့်ပစ်ခဲ့ပြီး
ဘယ်သူကမှ ပြန်ကောက်မသိမ်း
မထိ်န်းသိမ်းနိုင်လို့ ငါ့စိတ်တွေ
တစ်စစီ ပြန့်ကျဲ
ပလတ်စတစ်မှိုက် တွေလိုအသုံးမကျ
မြေဆွေးလည်း မရလို့
ဘယ်နေရာမှ အသုံးမဝင်
စွန့်ပစ်ပြီးရင်း စွန့်ပစ်
ညစ်သထက်ညစ်လာ
အကြောင်းရင်းကိုရှာ
တရားခံရှာမတွေ့
ဟိုတစ်နေ့ကမှ ရုတ်တရက်
ရိပ်ခနဲ တွေ့လိုက်ရတယ်
မှန်ရှေ့မှာ ဖြတ်လျှောက်သွားတုန်းကပေါ့။ ။

My First Green

Leave a Reply

Your email address will not be published.