ရပ်ကြည့်နေမလား?ဆက်လျှောက်သွားမလား?ပြုပြင်ယူမလား?

naywoon niSeptember 26, 20101min02

အင်တာနက်တဲ့
ယခုတစ်လောနေရာတိုင်းမှာဆိုင်တွေမှိုလိုပေါက်လာပြီးတော့သုံးစွဲသူတွေကိုဝန်ဆောင်မှုကောင်းကောင်းပေးလာတာ
အသုံးပြုနေကြတဲံ့သူတွေကလည်း..ရည်ရွယ်ချက်အမျိုးမျိုး..အသက်အရွယ်အမျိုးမျိုး..အရောင်အသွေးအမျိုးမျိုးနဲ့-အရွယ်စုံဆိုဒ်စုံ
သုံးလေးနှစ်သားကနေအသက်လေး/ငါးဆယ်အထိနေ့စဉ်တွေ့မြင်နေရတယ်။ကျွန်တော်ကောဘာထူးလဲ?အသက်လေးဆယ်ပြည့်တဲ့
နေ့မှာပဲဘဝစပြီဆိုပြီးအင်တာနက်ဆိုတဲ့စက်ပေါ်ကုတ်ကပ်တက်လာခဲ့တာပဲ။
အင်တာနက်ဆိုတာကမြန်မာစကားတော့မဟုတ်ပေဘူး။အဓိပ္ပာယ်ကိုစေ့စေ့ပေါက်ပေါက်လိုက်မေးပြန်တော့လည်း….
မပြောနိုင်ကြဘူးဗျ။အချိန်တန်ရင်တော့အင်တာနက်ခန်းထဲရောက်နေကြတာပဲ။
ကျွန်တော်နားလည်သလိုပဲပြောကြည့်မယ်နော်။။
အင်တာနက်ဆိုတာက..စက်တစ်ခုပါ။အဲဒိစက်ကရုပ်..အသံ..စကားလုံးမြောက်မြားစွာကိုသိုလှောင်သိမ်းဆည်းထားနိုင်
သလိုတစ်ပြုင်နက်ထဲမှာပင်ပြန်လည်ရှာဖွေပေးနိုင်ပါတယ်။။တစ်ချိန်ထဲမှာပဲသတင်းအကြောင်းအရာအချက်အလက်များစွာကိုတစ်ဦးစီမှ
တစ်ဦးစီသို့/အများဆီသို့ပြန်ဖြူးပေးနိုင်ပါတယ်။
မြန်မာပြည်မှာတော့gtalk..gmail..ပေါ့။
လူငယ်တွေကြားမှာအသုံးအများဆုံး။ခောတ်စားလာတာလဲနှစ်ပိုင်းပဲရှိသေးတော့အထူးအဆန်းသဖွယ်စိတ်ဝင်စားကြတယ်။
ဘယ်လောက်အထိကျယ်ပြန့်လာသလဲဆိုရင်Googleကနေgtalk..account.များထုတ်ပေးမှုကိုကန့်သတ်ရသည်အထိပင်……။
ဒါပေမဲ့အကောင့်အသစ်တွေကတော့နေစဉ်နဲ့အမျှထွက်ပေါ်နေမြဲ။
သိတယ်နော်။မြန်မာ့နည်းမြန်မာ့ဟန်။
မြန်မာပြည်ကနေနိုင်ငံရပ်ခြားကိုရောက်နေတဲ့သူတွေဆီကတစ်ဆင့်နည်းအမျိုးမျိုးနဲ့တောင်းခံနေကြတာပါပဲ။။
googleကနြ်မာနိုင်ငံကိုသာကန့်သတ်တာပဲ။ကျန်တဲ့နိုင်ငံတွေမှမပါတာ။
ကဲဒီတော့ဘာလုပ်ကြမလဲ?ချက်တင်(chatting)ဆိုတာတွေထိုင်ကြတာပေါ့..။chatting..ထိုင်တယ်ဆိုတာကGtalk.ဖွင့်
ပြီးတစ်ဘက်နဲ့တစ်ဖက်စကားပြောကြတာပါ။
မိတ်ဆွေဖွဲ့မယ်။စကားစမြီပြောမယ်။အဆင်ပြေမယ်ဆိုရင်..vzoပြောကြမယ်လေ…..။။
ချစ်သူရည်းစားတွေဖြစ်ကြ၊စိတ်ကောက်ကြ၊ပြန်ချော့ကြနဲ့ပေါ့.၊၊ဒါလောက်နဲ့တင်ရပ်မနေကြပါဘူးဒီထက်ပိုဆီုးတဲ့ကိစ္စတွေရှိလာပါတယ်။။
ပြောရရင်လည်းမကောင်းပါဘူး။အွန်လိုင်းသရဲတွေပါ…..အွန်လိုင်းကိုအကြောင်းပြုပြီးSEXအကြောင်းတွေမကြားဝံ့မနာသာပြောနေကြတာတွေပါ

5:10:27
mandr418

hii want to see you hninhninnay
5:11:51

who are you5:12:07
mandr418

sexyboy:) hninhninnay
5:12:34

where are u5:12:34
mandr418

may i can see you?europe hninhninnay
5:12:48

why5:14:25

what your are Gmail account?5:15:00
mandr418

i must see you first:) hninhninnay
5:15:32
bar loet lae” ?5:15:59
mandr418

english only pls5:17:20

ok?5:19:52

helloi want to see you

အဲဒါအခုထိုင်ပြီစားရိုက်နေတဲ့အချိန်မှာပဲအနားက..ကလေးမလေးဆီရောက်လာတဲ့vzo chat whith တစ်ခုပါ
ဘယ်ကမှန်းမသိလှမ်းခေါ်ပြီးSex..ဇာတိလမ်းထွင်မလို့ပါ။ပြောတာကိုကကြည့်ပါလား။သူကိုယ်သူ..sexyboy..ပါတဲ့
ကလေးမလေးကနဲနဲပါးပါးကြုံဖူးပြီနဲ့တူရဲ့။ကျွန်တော့ကိုလှမ်းအကူအညီတောင်းတယ်။
vzo.. လှမ်းခေါ်တာဘယ်ကမှန်းလဲမသိဘူး။တဲ့
ကျွန်တော်ကသူခုံက..ကင်မရာကိုဖြုတ်ချလိုက်ပြီးကျွန်တော်ပြောခိုင်းသလိုသူပြန်ပြောတာပါ။သူ့သဘောနဲ့သူသာပြော
နေရင်ဘယ်အဆင့်ရောက်သွားမယ်မသိဘူး။
ကျွန်တော့လည်းဒီစာကိုရိုက်နေရင်းဘယ်ရောက်ကုန်ုပြီလဲမသိဘူး။။
ကျွန်တော်ပြောချင်တာက
အသုံးပြုကြတဲ့သူတွေကိုပြန်ကြည့်လိုက်ရင်……….16-20ကြားက60%။
20/30ကြားက25%
30/35ကြားက10%
ကျန်တဲ့5%နှုန်းက35အထက်တွေပါ
လူငယ်တွေကတော့အထူးအဆန်းဆိုတာကိုစိတ်ဝင်စားကြမှာပဲ။
Gtalkလေးဖွင့်ပြီးတစ်ဖက်နဲ့တစ်ဘက်စကားပြောကြမယ်။လူမမြင်ရသေးဘူးနော်။ကိုယ့်ဘက်ကစာလေးရိုက်ပြီးပြောလိုက်
သူ့ဘက်ကဘာပြန်ပြောမလဲစောင့်လိုက်နဲ့အချိန်တွေကုန်လာပါတယ်။အဲဒိမှာစာရိုက်ကောင်းရင်ကောင်းသလိုနှစ်သက်စွဲ
လမ်းမှုရှိလာပါတယ်။နှစ်သက်စွဲလမ်းတယ်ဆိုရာမှာ..စာအရေးအသားကောင်းတဲ့စာရေးဆရာရဲ့စာအုပ်တွေကိုစွဲစွဲလမ်းလမ်း
ဖတ်ကြသလိုမျိုးပါ။ဒါကိုပဲလူချင်းရင်းနှီးခင်မင်တယ်လို့ထင်မှတ်မှားကြတာပါ။။
ပြီးတော့လူငယ်ဆိုတာကလည်းလက်တဲ့စမ်းချင်ကြတယ်လေ…..။
တစ်ဘက်နဲ့တစ်ဘက်စာရိုက်ရတာအဆင်ပြေပြီဆိုရင်တစ်ဆင့်တက်ချင်ကြတယ်။အထူးသဖြင့်ယောက်ျားလေးတွေပါ။။
…(ချစ်တယ်)..ဒါမှမဟုတ်..(မင်းနဲ့မတွေ့ရတဲ့အချိန်တွေမှာင်္လမ်းနေတာ)..ဆိုတာမျိုးတွေကိုရိုက်လိုက်ရင်ဘာပြန်ပြောမလဲ
သိချင်ကြတယ်။ရိုက်ကြည့်တယ်။
မိန်းကလေးတွေကျပြန်တော့တစ်မျိုး…….
သူတို့အတော်များများပေါ့….ကိုရီးယန်းကားတွေထဲကအချစ်ဇာတ်လမ်းမျိုးတွေကသူ့တို့စိတ်ကူးထဲမှာရှိနေပြီးသား။ယောက်ျား
လေးတစ်ယောက်မှန်းသိတာနဲ့(အိုပါ့)အကိုလို့ခေါ်ဖို့ဝန်မလေးဘူး။ရုပ်မြင်ပြိးအသံနဲ့ခေါ်ရတာမှမဟုတ်တာ။။နော့
စာလုံးလေးရိုက်ပို့လိုက်တာပဲ..အလွယ်တစ်ကူသုံးကြတယ်။ကောင်လေးတွေကလဲဒါကိုအဟုတ်ကြီးထင်နေကြတာ………။။
နောက်တော့ဘာဖြစ်ကြမလဲ?အင်တာနက်အသုံးပြုနေသူတွေဖတ်ကြတာပဲ..သိပြီးသားနေမှာပေါ့။ဆက်မပြောတော့ပါဘူး။။
အင်တာနက်ဆိုတာကို..နိုင်ငံခြားရပ်ခြားတိုင်းပြည်တွေမှာတော့..ဈေးကွက်တင်ရောင်းချမဲ့ကူန်ပစ္စည်းတွေနဲ့မိတ်ဆက်တဲ့နေရာတွေ
သတင်းဖြန့်ချီတဲ့နေရာတွေ..ဈေးဝယ်တဲ့နေရာတွေမှာသုံးကြတာပါ။
ဒီမှာတော့အသုံးပြုနေတဲ့သူတွေကကိုယ်ပိုင်ဝင်ငွေရှိတဲ့သူကနဲပါးပါသေးတယ်။ကျောငိးနေတဲ့အရွယ်တွေက80%ဆိုရင်မမှားနိုင်ပါဘူး။
လုပ်ငန်းအဖြေအနေအရသုံးနေတဲ့သူတွေမရှိဘူးမဟုတ်ပါဘူး။နဲပါသေးတယ်။
ဒါတွေဘာလို့ပြောနေရသလဲဆိုရင်သူတို့လေးတွေအသုံးပြုနေပုံကအရွယ်မရောက်သေးတဲ့ကလေးငယ်လက်ထဲမီးခြစ်ထည့်ပေး
ထားသလိုဖြစ်နေလို့ပါ။
ပြန်သိမ်းဖို့ကတော့မဖြစ်နိုင်တော့ပါဘူး။အနှံ့အပြားရောက်နေပါပြီ။ဒီတော့ဘာလုပ်ကြမလဲ?အဲဒိတော့ဘာလုပ်ကြမလဲ?
ဘာတွေဖြစ်ဦးမလဲဆိုပြီးရပ်ကြည့်နေကြမလား?ကိုယ်နဲ့မဆိုင်သလိုရှေ့ဆက်သွားမလား?ပြုပြင်ယူကြမလား?
တစ်ခုပဲ……….
သူတို့လေးတွေကိုအကျိုးရှိရှိအသုံးချနိုင်အောင်ဆွဲဆောင်စည်းရုံးဖို့နဲ့နည်းပညာဖြန့်ဝေပေးဖို့ပါပဲ

ကျွန်တော့ရဲ့ဒီပ်ု့ိစ်လေးကိုဖတ်ပေးလို့ကျေးဇူးပါပဲ။။
ခင်ဗျားကော………ရပ်ကြည့်နေမလား?ဆက်လျှောက်သွားမလား?ပြုပြင်ယူမလား?

နေဝန်းနီ

2 comments

  • monmon

    June 26, 2011 at 5:05 am

    ဒါကိုလည်း စီမံချက်တစ်ခုထဲ ထည့်ပြီး လုပ်ရင်ကောင်းမယ်……

    Reply

  • ဆူး

    June 26, 2011 at 2:09 pm

    MIRC ဆိုတာ အရင်ကတော့ သုံးပြီး ချက်တင် လုပ်တယ်။ အခုတော့လား စိတ်ပျက်တယ်။ အရင်လိုတောင် မဟုတ်ဘူး ဆဲ တာတွေ အရမ်းများတယ်။
    ကြားဖူးတာက.. ချက်ကို အသုံးပြုပြီး ပြည့်တန်ဆာ လုပ်ငန်းတွေ လုပ်တာ ရှိတယ် လို့ ပြောတယ်။
    အားလုံးက သူ့လိုင်းနဲ့ သူရှိနေကြတာပါပဲ။
    သန်ရာ သန်ရာ အပေါင်းအသင်းဖြစ်ပြီး ပျော်နေကြတာပါပဲ။
    အရင်ကထက် ပိုဆိုးလာတယ် ထင်လို့ အခုမှ အသစ်အဆန်း ဖြစ်ပြီး သုံးနေတဲ့ လူငယ်တွေ အတွက်တော့ စိတ်ပူမိတယ်။

    Reply

Leave a Reply

Your email address will not be published.