မိတ်ဆွေစစ်ဆိုတာ …………

manawphyulaySeptember 25, 20101min01

မိတ်ဆွေတု မိတ်ဆွေယောင်တွေဟာ ကျွန်မတို့ရဲ့အရိပ်နဲ့ တူပါတယ်။ နေရောင်မှာ ကျွန်မတို့ သွားလာတုန်းမှာ ကျွန်မတု့ိနဲ့အနီးကပ်ရှိကြပါတယ်။ ဒါပေမဲ့ အရိပ်ထဲဝင်သွားတာနဲ့တစ်ပြိုက်နက် ကျွန်မတို့ကို ထားခဲ့ပါလေရော။လူသားအချင်းချင်း ခင်မင်ရင်းနှီးပေါင်းဖော်ခြင်းဟာ ထာဝရ တည်မြဲပြီး အဆုံးမရှိ တည်တံ့ပါတယ်နော်။ မိတ်ဆွေစစ်ဆိုတာအတော်ရှားပါတယ်။  ငယ်တဲ့အရွယ်မှာ မိတ်ဆွေတွေရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေဟာ ဘယ်အချိန်မှာ အစစ်ကို ရှာဖွေတွေ့ရှိမှာလဲ။ လူတွေက အပေါ်ယံပဲကောင်းပြီး အတွင်းစိတ်က မပါတဲ့ မိတ်ဆွေတွေတော့ မလိုချင်ပါဘူးလေ။  အကောင်းဆုံး ကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲတဲ့။ တစ်ဦးနဲ့ တစ်ဦး ခင်မင်လေးစားတဲ့စိတ်ဟာ အဆင့်အတန်းမြင့်မားတဲ့ စိတ်ထားဖြစ်တယ်လေ။မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ။ ဘယ်လိုကြောင့် မိတ်ဆွေစစ်တွေလို့ ပြောနိုင်တာလဲ။ မိတ်ဆွေဆိုတာ များလေကောင်းလေလို့ ဆိုပေမဲ့ မိတ်ဆွေစစ်ဟာ အင်မတန်ရှားပါတယ်လေ။ တစ်ခါတလေကျတော့လည်း မိတ်ဆွေဆိုတာ မရှိမဖြစ်လိုအပ်သလို တစ်ခါတလေကျတော့လည်း မိတ်ဆွေတွေဟာ ကိုယ်ကို နာကြည်းမှုကို ပေးတတ်ကြပါတယ်။ ကိုယ်အဆင်ပြေနေတဲ့အချိန်မှာ မသိသာပေမဲ့ ကိုယ်အခက်အခဲနဲ့ ကြုံလာတဲ့အခါမှာတော့ တော်တော်ကို သဲသဲကွဲကွဲ သိမြင်လာရပါတယ်။ ဝမ်းလည်း သာသလို ဝမ်းလည်းနည်းမိပါတယ်။ တချို့က ရင်ထဲမှာ မပါပဲနဲ့ ဟန်ဆောင်ပြီး ဆက်ဆံတတ်ကြလို့ပါပဲ။ လူတိုင်းလူတိုင်း မိတ်ဆွေစစ်ကို လိုလားမိကြမှာပါ။ အဲဒီထဲမှာ မနောလည်း အပါအဝင်ပေါ့။ တောင်းတတိုင်းသာ ရမယ်ဆိုရင် အစစ်ပဲ လိုချင်တာပေါ့လေ။ ဟုတ်ဘူးလား။ မိတ်ဆွေတို့ကော စဉ်းစားမိရဲ့လား။ ငါဟာ မိတ်ဆွေဘယ်နေရာမှာ ရှိနေသလဲလို့ပေါ့။ မနောကတော့ အားလုံးအတွက် မိတ်ဆွေကောင်းပဲ ဖြစ်ချင်ပါတယ်။

One comment

  • Gong Zhu

    September 25, 2010 at 4:37 pm

    Gong Zhu လည်း မိတ်ဆွေစစ်ပဲဖြစ်ချင်ပါတယ် . . .

    Reply

Leave a Reply

Your email address will not be published.