ကုန်ရထားနှင့် ဆင်အုပ်စု တိုက်မိပြီး ဆင်များ သေဆုံး

CharTooLanSeptember 28, 20101min02

အိနိ္ဒယနိုင်ငံ အနောက် ဘင်္ဂလား ပြည်နယ်တွင် Jalpaiguri ခရိုင် အတွင်း Binnaguri ရွာ အနီးတွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက ကုန်တင်ရထားနှင့် ဆင်အုပ်စု တိုက်မိရာ ဆင်အများအပြား ထိခိုက်ဒဏ်ရာရကာ သေဆုံးသွားကြောင်း အိနိ္ဒယ သစ်တောဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကလက္ကတားမြို့တော် မြောက်ဘက်ပိုင်း Binnaguri ရွာ အနီး Moraghat လက်ဖက်ဥယျဉ်တွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက အရှိန်ဖြင့် မောင်းနှင်လာသော ကုန်တင်ရထားက ရထားလမ်းကို ဖြတ်ကူးလာသော ဆင်အုပ်ကို တိုက်မိရာ ဆင် ရ ကောင် သေဆုံးပြီး တစ်ကောင်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ဆင်အုပ်စုသည် ရထားသံလမ်းတွင် ညှိနေသော ဆင်ငယ်လေး နှစ်ကောင်အား ကယ်တင်ရန် ကြိုးပမ်းရင် ယခုကဲ့သို့ အုပ်စုလိုက် ရထားဖြင့် အတိုက်ခံရကြောင်း သစ်တောဌာနမှ အရာရှိတစ်ဦးက ဆိုပါသည်။

http://patheincity.com/news//HLIC/ff71a0b698b2792d8f3f464f925202fb.jpg

http://patheincity.com/news//HLIC/d888233a3bfe77503de7e7460d507f6c.jpg

http://patheincity.com/news//HLIC/a831f64dbd0b60553d4ae9d7becfc6ca.jpg

စက်တင်ဘာလ ၂၃ ရက်နေ့တွင် အိနိ္ဒယ သစ်တောဌာနမှ တာဝန်ရှိသူများနှင့် ရွာသာများ ပူးပေါင်းပြီး ရထားလမ်းတွင် သေဆုံးနေသော ဆင်များကို ကရိန်းဖြင့် ဖယ်ယူခဲ့ကြောင်း သိရသည်။

Source : http://patheincity.com

2 comments

  • ဆူး

    September 28, 2010 at 7:49 am

    သနားစရာ ကောင်းတဲ့ ဆင်မကြီးရယ်.. သူခမျှာ ကရိန်းကြီးနဲ့ ချီပြီးမတာ ဇတ်ကြီး ကျိုးနေတယ်။

    Reply

  • etone

    September 28, 2010 at 7:54 am

    သနားစရာပါပဲ စိတ်တောင်မကောင်းဘူး ။

    Reply

Leave a Reply

Your email address will not be published.