လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား…

မမေလးSeptember 24, 20101min07

လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား…

တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့ လေ.

အဲဒါကြောင့်…တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကိုကြည့်မယ်ဆိုရင်…ဘယ်တော့မှ
တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့

အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။

လူတွေနဲ့ နှာခေါင်းက ဘာလို့ မျက်နှာပေါ်မှာ ချွန်ထွက်ပြီး
ရှည်ရှည်လေးဖြစ်နေလဲသိလား…

လေကောင်းလေသန့် ကို သူအရင်ဆုံးရအောင်လို့ ပေါ့…

ပြီးတော့ နှာခေါင်းလမ်းကြောင်းတစ်လျှောက် အဆင့်ဆင့် စစ်ပြီးမှ အဆုတ်ထဲရောက်တာ…

အဲဒါကြောင့် တမင်တကာကြီး မကောင်းတဲ့အရာတွေကို ရှုမထည့်ကြပါနဲ့

လူတွေရဲ့ ပါးစပ်မှာ ဘာလို့ နှုတ်ခမ်းပါနေလဲသိလား…

ထွက်သွားတဲ့ လေကို ထိန်းဖို့ ပေါ့….

အဲဒါကြောင့်…ပြောတဲ့ စကားတိုင်းကိုလဲ…အထိန်းအကွတ်ရှိလို့ လိုပါတယ်…

လူတွေရဲ့ နားရွက်က…ဘာလို့ ပြားပြားထောင်ထောင်ကြီး နဲ့ နှစ်ဖက်ရှိနေလဲသိလား…

များများ နားထောင်နိုင်အောင်လို့ ပေါ့…နောက်ပြီး နှစ်ဖက်ကြားအောင်…

အဲဒါကြောင့်….ကိုယ်နားထောင်ချင်တဲ့စကားပဲ နားထောင်တာမျိုး မလုပ်သင့်ပါဘူး…

နောက်ပြီး ဘယ်တော့မှ တစ်ဖက်ထဲကစကားကို နားမယောင်သင့်ဘူးပါဘူးနော်..

နောက်ပြီး နားရွက်က နှစ်ဖက်ရှိပြီး ပါးစပ်က တစ်ပေါက်ထဲရှိတာနော်….

အဲဒါကတော့…နားထောင်တာနဲ့ ပြောတာရဲ့ အချိုးက နှစ်အချိုး တစ်ရှိသင့်တယ်ဆိုတာပါပဲ…

နောက်ပြီး လက်က ဘာလို့ နှစ်ဖက်ရှိပြီး ဦးနှောက်က တစ်လုံးထဲရှိနေတာလဲသိလား…

အလုပ်ကိုများများလုပ်ပြီး စဉ်းစားတာကို နည်းနည်းပဲစဉ်းစားဖို့ လေ….

မစဉ်းစားပဲလုပ်ချည်းပဲလုပ်နေလို့ မဖြစ်သလို….မလုပ်ပဲ စဉ်းစားချည်းပဲ
စဉ်းစားနေလို့ မဖြစ်ဘူးလေ…

သူလဲ နှစ်အချိုး တစ်ပဲ…

ဘာလို့ ဦးနှောက် အပေါ်ရောက်နေပြီး နှလုံးသားက အောက်ရောက်နေလဲသိလား

ခံစားချက်နဲ့ ဦးနှောက်နဲ့ ယှဉ်လာရင်… ဦးနှောက်ကို ဦးစားပေးပါတဲ့….

ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်မယ်ဆိုရင်….ဘဝမှာ
ကိုယ်ဘယ်လိုနေထိုင်သင့်သလဲဆိုတာ….သဘောပေါက်နားလည်နိုင်ပါတယ်…
စေ့စေ့တွေးလေ သဘောပေါက်လေပေါ့…

ဘယ်အရာမဆို…သူ့ အကြောင်းပြချက်နဲ့ သူရှိပါတယ်….နားလည်တတ်ကြည့်တတ်ဖို့ ပဲလိုတာပါ….

7 comments

  • cobra

    September 25, 2010 at 7:09 am

    ဟုတ်လိုက်တာ…။မှန်ပါ့ဗျာ………။

    Reply

  • MaMa

    November 10, 2010 at 1:53 am

    Very good.

    Reply

  • nyeinwailwin

    November 10, 2010 at 5:33 am

    တွေးထားတာရော ရေးထားတာရော ကောင်းတယ် ..

    Reply

  • နီလေး

    November 10, 2010 at 7:04 am

    သူ့အတွေးနဲ့သူတော့ဟုတ်လို့ ထောက်ခံပါတယ်လို့ပြောမလို့ပါ

    Reply

  • kopauk mandalay

    December 13, 2010 at 5:08 pm

    လူတွေမှာမျက်လုံးနှစ်လုံးပါရတဲ့အကြောင်းရင်းအမှန်ကို မျက်စေ့ဆရာဝန်တစ်ယောက်ကိုမေးကြည့်တဲ့အခါမှာ
    မျက်မှန်လုပ်တဲ့အခါ အဆင်ပြေအောင်လို့ပါတဲ့။
    တဖက်ထဲဆိုရင် ဟန်ချက်ညီအောင် လုပ်ဘို့ခက်ပါသတဲ့။
    နှစ်ဖက်ဆိုတော့ ကိုင်းလုပ်ရတာ လွယ်သွားပါသတဲ့။
    ဟုတ်လားတော့ မသိဘူးနော်။

    Reply

  • bigcat

    December 14, 2010 at 5:12 am

    အဲဒါတော့မသိဘူး။ မျက်လုံးတလုံးချင်းစီရဲ့ မျက်စိအားနည်းတာ ဒီကရီခြင်းကွာရင် ချက်ချင်းမြမေ တပ်ရမယ်။ တချို့က ကောင်းနေတဲ့တဖက်နဲ့ အားပြုကြည့်နေမှန်း မသိကြ၊ သိလည်းရနေတာပါဆိုပြီး ဂရုမစိုက်ကြဘူး။ ကြာတော့ အားကောင်းတဲ့ဖက်ကိုပဲ အားပြုသုံးပြီး ပိုအားနဲတဲ့ဖက်က မျက်စိကြွက်သားတွေက တန်းတူအားမစိုက်ရတော့ပဲ မျက်လုံးသူငယ်အိမ် စောင်းသွားတတ်တယ်။ အမှန်က တွေ့ဖူးသလောက် လူတရာမှာ ငါးဆယ်က မြမေတပ်ရမယ်။ ဒါပေမဲ့ ရှက်တာနဲ့၊ အလုပ်ရှုပ်တယ်လို့ ထင်တာနဲ့ ဒီအတိုင်းနေကြတာများတယ်။ အလွယ်သိချင်ရင် ကလန်ဒါက စာလုံးကြီးတွေကို မျက်စိတလုံးချင်းစီ ဖွင့်ပြီးကြည့်။ ဖတ်လို့ရတာခြင်း မတူရင် မျက်လုံးဆရာဝန်ဆီ မြန်မြန်သွားပေတော့။ မောတယ် လူတွေကိုပြောရတာ…

    Reply

  • bigbird

    January 9, 2011 at 1:54 am

    များများကြား နည်းနည်းပြော မှန်မှန်လုပ် ပြုံးပြုံးနေ

    Reply

Leave a Reply

Your email address will not be published.