မိန်းကလေးအုပ်စုဖွဲ့ ပစ္စည်းအလစ်သုတ်တာ ရှိလာ

smytu1996September 23, 20101min01

ပလာဇာ၊ ဈေးဝယ်စင်တာနဲ့ အရောင်းဆိုင်တွေဆီက အုပ်စုဖွဲ့ ပစ္စည်းအလစ်သုတ်တဲ့ သူတွေထဲမှာ အသက် ၂ဝ ဝန်းကျင်အရွယ် မိန်းကလေးအဖွဲ့တွေ ရှိလာတယ်လို့ သိရပါတယ်။

“အသက်ငယ်ငယ် မိန်းကလေး လေး၊ ငါးယောက် အုပ်စုဖွဲ့ပြီး ခိုးတာ မကြာခဏ ဖြစ်နေတယ်၊ အခုခတ်ပေါ်စတိုင် စကတ်အတို၊ ဘောင်းဘီအတိုတွေနဲ့ အပျံစားဝတ်ထားတာ တွေ့ရတယ်၊ ထင်ရက်စရာ မရှိဘူး”လို့ ယုဇနပလာဇာက ဈေးဆိုင်ရှင်တစ်ဦးက တွေ့ကြုံရတာ ပြောပါတယ်။

ဈေးဆိုင်တွေဆီကနေ ပစ္စည်းအလစ်သုတ်ဖို့ အနည်းဆုံးနှစ်ယောက်လာပြီး တစ်ခါတစ်လေ လေး၊ ငါးယောက် အုပ်စုလိုက်လာတာ ဖြစ်တယ်။ ရွှေလက်ကောက်၊ ရွှေဆွဲကြိုးအတုတွေနဲ့ စလင်းဘတ်ဆိုလည်း အတော်ကောင်းကောင်းတွေ ဝတ်ဆင်ပြီး သပ်သပ်ရပ်ရပ် လာကြတာ ဖြစ်ပါတယ်။

သည်လိုဝတ်ရတာက ဆိုင်ရှင်က သင်္ကာမကင်း မဖြစ်ရအောင် သေချာပြင်ဆင်တာဖြစ်ပြီး လစ်ရင် လစ်သလို ခိုးတယ်လို့ ဆိုပါတယ်။ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်တွေဆီက ပစ္စည်းခိုးဖို့ ကြိုးစားတဲ့သူတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

“ပစ္စည်း အသစ်အဆန်းတွေ တစ်အားပေါ်ချိန်မှာ ဝတ်ချင်လိုချင်စိတ်နဲ့ ဝယ်ဖို့မတတ်နိုင်တော့ ခိုးယူတာလဲ ဖြစ်နိုင်တယ်၊ နားကပ်တစ်ရန်၊ လက်ကောက်တစ်ကွင်းပဲ ရရ အလှအပအတွက်ပေါ့”လို့ အသက် ၄ဝ ကျော် အရွယ် ဆိုင်ရှင် အမျိုးသမီးတစ်ဦးက သူ့အမြင်ကိုပြောပြခဲ့ကြောင်း ပါ။

One comment

  • search123

    September 26, 2010 at 7:05 am

    ဘာကြောင့်ပဲ ဖြစ်ဖြစ် မလုပ်သင့်တဲ့ အရာပါ။

    Reply

Leave a Reply

Your email address will not be published.