DHAMMA DIGEST ဓမ္မဒိုင်ဂျက် ထွက်လာပြီ..။

winkyawaungSeptember 22, 20101min04

ဒီ ဓမ္မဒိုင်ဂျက် စာအုပ်ထုတ်ဝေဖို့ ကြော်ငြာထားခဲ့တာ တစ်နှစ်ကျော်ခဲ့ပါသည်။ ယခုတော့ မန္တလေး စာပေလောက မှ အယ်ဒီတာချုပ် အဖြစ် တက္ကသိုလ်တေဇာလင်း ဦးဆောင်၍ အတွဲ(၁) အမှတ်(၁) ကို ၁၃၇၂ ခုနှစ်၊ တော်သလင်းလ။ (စက်တင်ဘာလ၊ ၂၀၁ဝ ခုနှစ်) မှာ စတင်ထွက်လာခဲ့ပါပြီ။ အနယ်နယ် အရပ်ရပ်မှ စာပေပညာရှင် များ၏ စာမူများကို တွေ့မြင်ရပါသည်။ အခြား ပြည်တွင်း၊ ပြည်ပမှ စာပေဝါသနာရှင်များ၊ ပညာရှင်များ၏ စာမူများကိုလည်း ထပ်မံတောင်းခံထားပါသည်။ ဖော်ပြပါ လိပ်စာများသို့ ပေးပို့ဆက်သွယ်နိုင်ကြောင်း သတင်းတိုလေးဖြင့် တင်ပြအပ်ပါသည်။

စက်တင်ဘာလ၊ ၂၀၁ဝ ခု၊ အတွဲ(၁)၊ အမှတ်(၁)
မာတိကာ
စာမူများ ဖိတ်ခေါ်ခြင်း

ကမ္ဘာ့ ထူးခြား သတင်းများ၊ ကာတွန်း၊ ကဗျာ အမျိုးမျိုး တို့ကိုလည်း ရေးသားပေးပို့နိုင်ကြကြောင်း သတင်းရရှိပါသည်။

4 comments

  • winkyawaung

    September 22, 2010 at 2:13 pm

    ကွန်နရှင် မကောင်း၍ စာများ၊ ဓာတ်ပုံများမပေါ်လျှင် ပြင်ဆင်ပြီးတင်ပေးစေလိုပါတယ် အယ်ဒီတာခင်ဗျား။

    Reply

  • winkyawaung

    September 23, 2010 at 5:16 am

    dhammadigest.mdy@gmail.com
    အထက်ပါ အီးမေးလ်သို့ စာမူများပေးပို့နိုင်ကြောင်း သိရပါသည်။

    Reply

  • doekalay

    September 29, 2010 at 7:10 am

    ဘာသာရေးအကြောင်းတွေကိုစုံစုံလင်လင်သိရတော ့မယ်ဆိုတော ့ပိုကောင်းတာပေါ ့။

    Reply

  • winkyawaung

    September 30, 2010 at 4:36 am

    ဘာသာရေးအကြောင်းတွေတင် မဟုတ်ပါ။ အခြား လောကိရေးရာများ၊ ထူးခြားသတင်းများ၊ သုတ၊ရသစုံ ကဗျာ၊ ဝထ္ထု၊ ဆောင်းပါး၊ အက်ဆေးများ ကိုပါအသုံးပြုပေးမည်လို့ အယ်ဒီတာချုပ် တက္ကသိုလ်တေဇာလင်း ကပြောပါတယ်ခင်ဗျား

    Reply

Leave a Reply

Your email address will not be published.