ဘာဂန်ဒီ ဝိုင် အရက် နဲ့ လေလံဆွဲခြင်း

etoneSeptember 20, 20101min01
တစ်ပုလင်း လျှင် ဒေါ်လာ ၂၈၀ဝ ထိ ဈေးပေါက် သည့် ၁၉၈၄ ပြင်သစ် ရှဲတို လာတာ ဝိုင် အရက် နီ

ပြင်သစ် နိုင်ငံ အရှေ ့ပိုင်း ဘာဂန်ဒီ နယ်သည် ကမာ္ဘ ကျော် ဝိုင် အရက် အကောင်းစားများ ထုတ်လုပ်ရာ နယ်ဖြစ်သည် ။ ဘာဂန် ဒီ ဝိုင် အရက် အကောင်းစား တစ်ပုလင်း မှာ အမေရိကန် ဒေါ်လာ ၃၀ဝ အထိ ဈေးရှိသည်။ သက်တမ်း ကို လိုက်၍ လည်း တစ်ပုလင်းကို ၂၀၀ဝ မှ ၆၀၀ဝ ထိဈေးရှိသည်။ချမ်ပိန် (ရှန်ပိန်)ဒေသ မှ ထွက် သော အရက် ကို ချမ်ပိန် အရက် ဟု အမည် သညာ ပြုပြီး ခေါ်ကြသကဲ့ သို ဘာဂန်ဒီ ဒေသမှထုတ်သည့် ဝိုင် ကို ဘာဂန်ဒီ ဝိုင် ဟု ခေါ်ခြင်း ဖြစ်သည်။

၁၉၈၂ ခုနှစ် ဘာဂန်ဒီဝိုင် အရက် အမှတ် တံဆိပ် တစ်မျိုး ဖြစ်သည့် ဘောဂိုးညယ် (Bourgogne) ဆိုလျှင်
နာမည် ကျော် နယူးယောက်  ဝိုင်လေလံ ပွဲ  ဖြစ်သည့် Zachy တွင်ပြီးခဲ့သည့် သောကြာနေ ့က  တစ်ပုလင်း ဒေါ်လာ ၉၅၀ဝ အထိဈေးပေါက်ခဲ့သည်။ စတင် ထုတ်လုပ် သည့် ခုနှစ် က ထိုပုလင်း မှာ ဒေါ်လာ ၁၀ဝ ကျော်လောက် သာရှိပြီး Storage ဆိုသည့် သိုလှောင် သိမ်းဆည်း ထားသည့် သက်တမ်း ကို လိုက် ၍ ဈေးကွာ သွားခြင်းဖြစ်သည်။(ဝိုင်သိုလှောင်မှု နည်းစနစ် ကို အလျှင်း  သင့်လျှင် ရေးပါ အုံးမည်)

ဘာဂန်ဒီ ဝိုင် အရက် ၏  အရောက် မှာ အလွယ်ပြောရလျှင် နီညို ရောင် (သို ့မဟုတ်) ကြက်သွေးရောင်
နှင့် ဆင်တူသည်။ ၂၀၀၂ ခုနှစ် က မင်းသမီး ဟောလ်ဘာရီ နှင့် ၂၀၀ရ ခုနှစ် က မင်းသမီး ကီရာ နိုက်
တလေ အော်စကာ ဆုပေး ပွဲ တက်ရောက် စဉ် က ဝတ် သည့် အရောင် များ မှာ ဘာဂန်ဒီ အနီ ရောင်ဖြစ်
သည်။ ဘာဂန်ဒီ အနီ ရောင် ကို ကဗျာ ဆရာ များ က လည်း တဖွဲ ့တနွဲ ့စပ်ဆိုကြသည်။ဟောလိဝုဒ် နှင့်
ဥရောပ ဇာတ်ကား များ တွင် လည်း ဝိုင် အရက် သောက် သုံးသည့် အခန်းများ မှာ မပါလျှင် မပြီးချေ။

ဘာဂန်ဒီ ဝိုင် အရက် ၏ အရသာ မှာ ချို သယောင် နှင့် ခါးသက်သက် အရသာရှိကာ သက်တမ်းကြသည့်
ဘာဂန် ဒီ များ က မူ ခါးသက်သက် အရသာ ရှိသည်။

ပြင်သစ် ဝိုင် အရက် တစ်မျိုး ကို ခရစ်စတီး လေလံ ပွဲ တွင် တွေ ့ရစဉ်

ပြင်သစ် နိုင်ငံ တို ့သည် ဘာဂန်ဒီ ဒေသ မှ ထွက် သည့် ဝိုင် ကိုနှစ် ခြိုက် စွာ သောက် သုံးကြသည်။
ထိုဒေသ အား ကမာ္ဘ ကျော် ဝိုင် ထွက်ရှိ ရာ ဒေသ ကြီး အဖြစ် ရောက်ရှိ အောင် တွန်း အားပေး ခဲ့သူ
မှာ နာမည် ကျော် စစ်ဘုရင် နပိုလီယံ ဖြစ်သည်။ ဘာဂန်ဒီ ဒေသ တွင် ဝိုင် အရက် ထုတ် လုပ်ပုံ အား
နိုင်ငံ တကာမှ ဝိုင် အရက် ထုတ်လုပ် သူများ က လာရောက် လေ့လာရသည်။

ဝိုင် အရက် စီးပွား ရေသည် ယနေ ့ အချိန် တွင် ကမာ္ဘ ပေါ်ဉ် လျှင် မြန်စွာ ကြီးထွားနေ သည့် စီးပွားရေး လုပ်ငန်း တစ်မျိုး လည်း ဖြစ်သည်။ နာမည် ကျော် ခရစ် စတီး လေလံ ပွဲ များ နှင့် နယူးယောက် ဝိုင်လေလံ
ပွဲ များ တွင် ဝိုင် အရက် နှင့် ဆက် စပ် ပစ္စည်း များ မှာ လေလံ ဆွဲ သူများ လာကြသည် ဟု ဆိုသည်။ဝိုင် အရက် ပုလင်း များ ကို နာမည် ကျော် မျိုးရိုး စဉ် ဆက် ချမ်းသာ သည့် သူဌေး များ က ငွေကြေး ဒေါ်လာ
သောင်း ချီ အကုန် ခံ၍ ဆွဲကြပြီး အပူအအေး ထိန်းညှို ထားသည့် ၎င်း တို ့၏ ဧည့် ခန်း များ တွင် အလှထား
ကြရာ ဝိုင် လေလံ ဆွဲ ခြင်း လုပ် ငန်း မှာ ပန်းချီ ရှေး ယခင် နှစ် များ က ပန်းချီကား ကို အိမ်မှာ အလှ ထား
သကဲ့ သို ့ပင် လူကြိုက် များ လာ သည့် စီးပွား ရေလည်း ဖြစ်သည်။

ဘာဂန်ဒီ ဝိုင် အရက် အရောင် အား ၂၀၀၆ ခုနှစ် အော်စကာဆုပေး ပွဲ တွင် မင်းသမီး ကီရာ နိုက်တလေ က ဝတ်ဆင် ထားစဉ်

ဘီစီ ၁၁ ရာစု နှစ်က တရုတ် နန်းတွင် တွင် အသုံးပြခဲ့သည့် ဝိုင်အရက် သိုလှောင်စင် မှာ ခရစ်စတီး လေလံ
ပွဲ တွင် ဒေါ်လာ ၃.၃ သန်း နှင့် ဝိုင် သိုလှောင် မှု ဝါသနာ ရှင် သူဌေး တစ် ဦးက ဆွဲယူသွား ခဲ့သည်။ ခရစ်စတင်း လေလံ ပွဲ များ တွင် ဝိုင် အရက် လေလံ ဆွဲ မှု မှာ ရှေးဟောင်း နာရီ နှင့် ပန်းချီကား တို ့ပြီးလျှင် လူကြိူက် အများ ဆုံး ဖြစ်သည်။ အမေရိကန် နိုင် ငံ တဝှမ်း တွင် ပြုလုပ် သည့် ဝိုင် လေလံ ပွဲ များ ကို နယူး
ယောက် တိုင်း သတင်းစာကြီး က ဖော် ပြပြီး ဝိုင် လေလံ ပွဲ များ အကြောင်း ကို လည်း ရေးသာဖော်ပြသည်။

ကိုးကား : The Great Wines of Burgundy (ISBN 0-517-418177) Freedom News Group

One comment

  • bigcat

    September 20, 2010 at 3:55 am

    ဘဘအေး မမြင်စေနဲ့နော်။ ပြောမဲ့သာပြောရတယ် သူက ဘီလူးလေဘယ်လ်မှ ဘီလူးလို့ ကြားဖူးတာပဲ။ ဘေးကင်းရန်ကွာ ဆက်သာမူးနေတော့ အဘရေ၊ နို့မဟုတ်ရင် တကဲ့ဘီလူး တပ်ချုပ်ကြီးက ကိုက်စားလိုက်လိမ့်မယ်။

    Reply

Leave a Reply

Your email address will not be published.