တခြားဝက်ဆိုဒ်ကနေ သင့် ဘလော့ဂ်ကို ဓာတ်ပုံတွေ ဘယ်လို ထည့်မလဲ

ဘလော့ဂ်ဂါများက တခြားသော ဝက်ဆိုဒ်ကနေ သင့် ဘလော့ဂ်ကို ဓါတ်ပုံတစ်ပုံ ထည့်ဖို့ သင်ကို ကူညီ လုပ်ဆောင်ပေးပါတယ်။ သင့်တွင် ဓါတ်ပုံကို အသုံးပြုဖို့ ခွင့်ပြုချက် ရှိတယ်ဆိုရင် ဒါမှမဟုတ် ဓါတ်ပုံက အများပြည်သူ အသုံးပြုခွင့် ပေးတယ်ဆိုရင် သင့် Post တွင် နောက်ထပ် ဓါတ်ပုံ တစ်ပုံ ဒါမှမဟုတ် အနုပညာ ဖန်းတီးမူ တစ်ခုနဲ့ နောက်ထပ် စိတ်ဝင်စားမူကို သင် ဖန်းတီးနိုင်ပါတယ်။

၁။ သင် အသုံးပြုချင်တဲ့ ပုံရိပ်တစ်ခု ဒါမှမဟုတ် ဓါတ်ပုံတစ်ပုံကို ဝက်ဘ်ပေါ်တွင် ရှာပါ။

မူပိုင်ခွင့် ခွင့်ပြုချက် စစ်ဆေးခြင်းနဲ့ ဖန်တီးသူကို မေးမြန်းခြင်းနဲ့ သင်ကို အသုံးပြုခွင့် ပေးသလားဆိုတာ သေချာအောင် လုပ်ပါ။

၂။ ဓါတ်ပုံကို ညာဖက် ကလစ်နှိပ်ပြီး Menu ထဲကနေ Copy Image Location ကို ရွေးချယ်ပါ။

ဒီ အချက်ကို လုပ်ဆောင်ခြင်းက ခြားနားတဲ့ Browser များတွင် ကွာခြားနိုင်ပါတယ်။ မှန်ကန်တယ်လို့ သင် မထင်ဘူးဆိုရင် Menu ထဲကနေ Properties ကို ရွေးပါ။ သင် ကူးဖို့ လိုအပ်မယ့် URL လိပ်စာ ပြတဲ့ Window တစ်ခု ပွင့်လာပါမယ်။

၃။ ဘလော့ဂ်ဆီကို သွားပြီး Post အသစ် တစ်ခု စတင်ပါ။

နောက်တစ်နည်းအနေနဲက သင် ဖန်တီးပြီးထားတဲ့ Post တစ်ခုကို ဖွင့်နိုင်ပါတယ်။

၄။ Add Image ဆိုတဲ့ သင်္ကေတကို နှိပ်ပါ။

အဲဒါက ဓါတ်ပုံတစ်ပုံနဲ့ တူပါတယ်။ Upload Images ဆိုတဲ့ Window ပွင့်လာပါမယ်။

၅။ Window ရဲ့ ညာဖက်နားက URL ကွက်လပ်ထဲတွင် ဓါတ်ပုံလိပ်စာကို ကူူးပြီး ရွေးချယ်စရာ (၂) ခုထဲကနေ Layout နဲ့ Image size ကို ရွေးချယ်ပါ။

Layout က ဓါတ်ပုံ ပတ်လည်တွင် စာသားတွေက ဘယ်လို သိုင်းခြုံထားမလဲဆိုတာ ဆုံးဖြတ်ပါတယ်။ None၊ Left၊ Center ဒါမှမဟုတ် Right ကို သင် ရွေးချယ်နိုင်ပါတယ်။

Image size က မူရင်း ပုံ ဘယ်လောက်ပဲ ကြီးနေစေကာမူ သင့် ဘလော့ဂ် ပို့စ်တွင် ဓါတ်ပုံကို ဘယ်အရွယ်အစား ဖော်ပြမလဲ ဆိုတာ ဆုံးဖြတ်ပါတယ်။ သင် အနေနဲ့ Small၊ Medium ဒါမှမဟုတ် Large ကို ရွေးချယ်နိုင်ပါတယ်။

၆။ Accept the Terms of Service ကို နှိပ်ပါ။ Upload Image ခလုပ်ကို နှိပ်ပါ။ ပြီးတော့ Done ကို နှိပ်ပါ။

Upload Images ရဲ့ Window ပိတ်သွားပြီး သင့် ဘလော့ဂ် ပို့စ်နေရာတွင် သင့် ဓါတ်ပုံကို မြင်တွေ့နိုင်ပါပြီး။

(Ref; www.dummies.com )

Leave a Reply

Your email address will not be published.