အရက် နောက်တစ်လုံး

ဆုိးဆုိးSeptember 13, 20101min03

သူ့အဖေ က အလုပ်က ပြန်လာပြီး ညနေတိုင်း အိမ်တွင် အရက်သောက်သည်။ အမြဲတမ်း သူ့ အရက်ခွက် နှင့် အမြည်း တို့ကိုသိမ်းရသည်။

အရက်ခွက်ကို ကိုင်လိုက်တိုင်း အနံ့ ကိုသူမခံနိုင် ဘာကြောင့်များ အရက်ကို ကြိုက်နေကျလည်း သူမတွေးတက်ပေ။

တနေ့တွင် သူ့အဖေ အရက်ခွက်ထဲ တွင် အရက်အနည်းငယ်ကျန်နေခဲ့သည်။ သူသည် အရက်ကို စမ်းသပ်ချင်စိတ်ပေါ်လာသည်။ အနံ့တောင်မခံနိုင်သော အရက်ခွက်ကို မော့လိုက်သည်။

အာခေါင်ကိုပူဆင်းသွားသည်။ခံတွင်းတွင်လည်း တမျိုးခံစားရသည်။ ရှတတ ခံစားရသည်။ ရေသောက်လိုက်မှ ရှတတ ပျောက်သွားတော့သည်။ ခေါင်းထဲတွင် ရီဝေဝေနေနှင့်

နေရတာ ဘယ်လိုမှန်းမသိပေ။

နောက်နေ့တွင် လည်း အရက်မကျန်ခဲ့လျင် အရက်ခွက် ကို ရေနှင့် ကျင်းပြီး သောက်တော့သည်။ထိုသိုသောက်နေခြင်းကို မိဘတွေ မသိပေ။

အချိန်တွေကလည်း တဖြည်းဖြည်းနဲ့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

တဖြည်းဖြည်းနှင့် အဖေ ရက်ပုလင်းကို ခိုးသောက်သည်အထိ ဖြစ်လာခဲ့သည်။

ညရောက်လာလျှှင် အရက်မသောက်ရလျှင် မနေတက်တော့ပေ။ သူသည် အရက် ရဲ့ စေခိုင်းရာနောက် လိုက်ခဲ့လေသည်။

ဒီလိုနဲ့ ပဲ အရက်ကို မိဘတွေမသိအောင် ခိုးသောက်နေရာမှ တဆင့်တက်လာပြီး မိဘတွေရှေ့ တွင် တခါတလေ အရက်မူး ပြန်လာသည်။

အဖေ ကလည်း အနုနည်း ရော အကြမ်းနည်းနဲ့ ဆုံးမသည်။ ဘယ်လိုမှမရပေ။

သူ့အမေ က သူ့အဖေ ကို ပြောလိုက်သည်။

” အဲဒါ ရှင်ကြောင့် ဒီလိုဖြစ်တာ။ ရှင်ဟာ မိဘဖြစ်ပြီး ကိုယ့်သားသမီးရှေ့မှာ အရက်သောက်တယ် ပြီးတော့ ရှင့်အရက်ခွက်တွေ သိမ်းခိုင်းသေးတယ်။မိဘဆိုတာ သားသမီးတွေ ရဲ့ စံပြ ဖြစ်ရမယ်။ အဲဒါရှင့်ကြောင့် ကျွန်မတို့သားလေး ဒီလိုဖြစ်ရတာ ”

ဘယ်လိုပြောပြော သူမရတော့ပေ။ အရက်ကို မသောက်ရလျှင် မနေတက်တော့။ အခုတော့ တဖြည်းဖြည်းနဲ့  ၂၄ နာရီ အပြည့် အရက်ကိုသောက်တက်နေပြီ။

ဘာကြောင့် သူ အရက် ရဲ့ ကျေးကျွန် ဖြစ်ခဲ့ရတာလဲ သူ့အဖေကြောင့်လား………..

သူ အရက် ရဲ့ ကျေးကျွန် ဖြစ်ခြင်းအတွက် ထိုက်သင့်သလောက်တော့ သူ့အဖေ ပါဝင်ခဲ့သည်။

အမှန်တော့ သူ့သည် လူငယ်တို့ သဘာဝ အရာအားလုံးကို စမ်းသပ်ကြည့်ချင်တဲ့စိတ်နဲ့ စမ်းသောက်ကြည့်ခဲ့သည်။

သို့သော် သူတွင် ကောင်းခြင်း၊ မကောင်းခြင်း ဆုံးဖြတ်နိုင်သော အသိညဏ် မရှိပေ။

မိဘများတွင်လည်း အားနည်းခဲ့သည်။ အမှန်တကယ်ဆို ကိုယ့်သားသမီးဘာတွေလုပ်နေလဲ အမြဲစောင့်ကြည့်နေပြီ အချိန်မီ ပြုပြင်ပေးရမည်။

အခုတော့ အချိန်တွေ က လွန်သွားပြီ ဖြစ်သည်။

ထို့ကြောင့် အရက်ရဲ့ ကျေးကျွန်ဖြစ်ပြီး လောကကြီးကို ဘာမှစိတ်မဝင်စားတော့ပေ။

သားသမီးဝတ်တရား လည်းမသိ။ လူမှုရေးလည်းမသိတော့ပါ။

အချိန်ပြည့် မူးနေပြီး သူ့ပါးစပ်က ပြောနေသည်က ” အရက် နောက်တစ်လုံး” တဲ့။

အခုစာလေးသည် ဖြစ်ရပ်မှန်လေးတခုကို တင်ပြထားခြင်းဖြစ်ပါသည်။ကျွန်တော်သူငယ်ချင်း အဖြစ်ကိုရေးထားခြင်းဖြစ်ပါသည်။

3 comments

  • angwei

    September 13, 2010 at 10:24 am

    မှန်တယ် ကျွန်တော်လည်း ငယ်ငယ်က အဖေအရက်ကို နည်းနည်း ခိုးသောက်ဖူးတယ်..။

    နောက် စွဲမိတယ်..။ ဒါပေမဲ့ အလွန်အကျွံမဖြစ်အောင်တော့ အမြဲ ထိမ်းပါတယ်။

    Reply

  • zawana

    September 15, 2010 at 1:32 am

    မိဘတွေ အနေနဲ့ သားသမီးတွေရှေ့မှာ အရက်သောက်တာတို့၊ ဆေးလိပ်သောက်တာတို့၊ ဖဲရိုက်တာတို့ မလုပ်ပဲ နေနိုင်ရင် အကောင်းဆုံးလို့ မြင်ပါတယ်။ ကလေးတွေဟာ မိဘကို သိပ်အထင်ကြီး လေးစားလွန်းတော့ အတုမြင် အတတ်သင် ဆိုသလို ဖြစ်တတ်လို့ပါ။ မိဘတွေရဲ့ မသိနားလည်မှု၊ မိုက်မဲမှုဒါဏ်ကို သားသမီးတွေက ခံရတာ ဆိုးဝါလွန်းလှပါတယ်။

    Reply

  • Gong Zhu

    September 17, 2010 at 6:05 am

    ကလေးတွေက တတ်လွယ်တယ် ။ အတုမြင် အတတ်သင်တော့ တာပဲ . . . စာကလွဲရင် အားလုံးသိတယ် . . . 😛

    Reply

Leave a Reply

Your email address will not be published.