အိပ်လို့ ကောင်းတဲ့ အကြောင်းအရင်း

အသက်အရွယ် ကြီးကြီး အမျိုးသမီး တစ်ယောက်က သူမရဲ့ ဒေါက်တာ ရုံးခန်းဆီကို သွားပြီး သူမရဲ့ ဆရာဝန်နဲ့ စကားပြောဖို့ တောင်းဆိုပါတယ်။ ဧည့်ကြိုက သူမ ဘာကြောင့် ဒီနေရာကို ရောက်လာသလဲလို့ မေးတဲ့အခါ သူမက “ငါ သန္ဓေသားဆီးတဲ့ ဆေးပြား လိုချင်လို့ပါ” လို့ ပြန်ပြောပါတယ်။

ဆေးကို ယူပြီးတဲ့ အခါ ဆရာဝန်က ခဏေလောက် စဉ်းစားပြီးတော့ ပြောပါတယ်။

“တဆိတ်လောက်၊ မစ္စစ် ဂလမ်ဝုဒ် အခု ခင်ဗျား အသက်က  (၈၀) ရှိနေပြီ။ ခင်ဗျား အနေနဲ့ သန္ဓေသားဆီးတဲ့ ဆေးပြားတွေ မလိုအပ်တော့ဘူး မဟုတ်လား”

” အဲဒီဆေးပြားတွေက ကျွန်မကို ကောင်းကောင်း အိပ်ပျော်စေတယ်” လို့ အမျိုးသမီး ပြန်ပြောပါတယ်။

ဆရာဝန်က ခဏလောက်ကြာအောင် စဉ်းစားလိုက်ပြီး “သန္ဓေသားဆီးတဲ့ ဆေးပြားတွေက ခင်ဗျားကို အိပ်ပျော်စေတာ ဘယ်လိုမျိုးလဲ” လို့ ဆက်ပြောပါတယ်။

အမျိုးသမီးက ပြောလိုက်ပါတယ်။

“ကျွန်မက အဲဒီ ဆေးပြားတွေကို ကျွန်မ မြေးရဲ့ လိမ္မော် သီးဖျော်ရည်ထဲမှာ ထည့်လိုက်ရင် ညညဆို ပိုပြီး အိပ်လိုှ့ ကောင်းပါတယ် ” လို့။

One comment

  • mG

    September 9, 2010 at 12:18 pm

    ဟီး ဟီး……။ဘယ်လိုကြီးလည်းဗျ။ သူတို့ ဘွားမြေးတွေကလည်း အဲ့ဆေးတွေနဲ့ ဘာတွေ လုပ်ကျတာလည်း။ဟိး ဟီး………..။တချို့ကလည်း တကယ်ကိုသုံတာဗျ။ အိပ်လို့ရအောင် လို့လေ။

    Reply

Leave a Reply

Your email address will not be published.