ဖြစ်ရပ်မှန်

ဆုိးဆုိးSeptember 8, 20101min01

လက်ရေးဝိုင်း နဲ့ ဒသန ဖွဲ့ဖို့

ရတနာပုံ လေးမျဉ်းထဲ

အက္ခရာတွေ ရေးကြည့်တယ်…။

မတူရာ အရပ်က မြစ်လက်တံတွေမှာ

လူတွေရဲ့ အပယ်ခံ အမှိုက်တွေ

ကမ်းတွေမှ နားရတဲ့  ဗေဒါ

အားလုံး……….

လူဖြူ လူမဲ လူတန်းစားခွဲခြားခြင်းမရှိတဲ့

ကျောင်းတော်မြစ်ထဲ စီးဝင်သွားလေရဲ့….။

တယောက်အကြောင်း တယောက်မသိ

နားလည်မှုတွေနဲ့စကားပြော

ပြုံးရင်းနဲ့သူငယ်ချင်းဖြစ်

အစွန်းရောက် သံယောဇဉ်နဲ့

ရင်ထဲက မီးပွိုင့် အမြဲတမ်း အစိမ်း

မီးနီဆိုတာ မရှိကြေးတဲ့……..။

ရင်ထဲမိုးရွာလို့ကောင်းတုန်း

ခွဲခွာခြင်းဆိုတဲ့ မိုးကြိုး

နှလုံးသား တည့်တည့် ပစ်ခွင်းလိုက်တယ်……..။

သုံးနှစ်ဆိုပေမယ့် သိပ်ချစ်ခဲ့ကြတဲ့ သူငယ်ချင်း

ငါတို့…………………ခွဲခွာရတော့မယ်…..

သတိရခြင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းတော်ကြီး

ငါတို့………………….ခွဲခွာရတော့မယ်…..။

ဦးပိန်တံတားပေါ် ခြေအချ

တောင်သမန်အစပ် လှေတစ်စီးရပ်တယ်

လူတွေဟာ

ဦးတည်ချက်မတူတဲ့ လမ်းတွေပေါ်

တရွေ့ရွေ့ ထွက်ခွာသွားကြတယ်………။

One comment

  • etone

    September 9, 2010 at 3:54 am

Leave a Reply

Your email address will not be published.