၂၀၂၀ကို ပြန်လည်သုံးသပ်ခြင်း (သို့) ကိုယ်ကကိုယ့်ထံသို့ပေးသောစာ

Mon LayDecember 26, 20201min00

မွန်လေးရေ,

Congratulationsပါ..မင်းအခုလ ဒီဇင်ဘာထိ အသက်ရှင်နေထိုင်ခွင့်ရပြီး ကျန်းမာစွာနဲ့ ဘ၀ကိုဖြတ်သန်းနေနိုင်နေတယ်။

၂၀၂၀ အစကို ပြန်ပြောကြမယ်နော်။

မင်းရဲ့ ခရီးသွားဆောင်းပါးတွေရေးသားမှု၊ ကြိုးစားအားထုတ်မှုကိုလူတွေသိမြင်လာလို့ မင်းကို  ဇန်န၀ါရီလလောက်တုန်းက ငွေဆောင်က guesthouse တစ်ခုရဲ့ review ရေးခိုင်း ခြင်းကို မင်းရခဲ့တယ်။ ထပ်ကြိုးစားပါ။ ဒါမင်းဖြစ်စေချင်တဲ့အရာပဲ။ 

ပြီးတော့ ကိုဗစ်ဖြစ်သွားတယ်။ မင်းဆောင်းပါးတွေဆက်မရေးတော့ဘဲ..ရောဂါအခြေအနေပို့စ်တွေပဲ ဆက်ဆက်တင်နေတယ်။ မင်းဘာဖြစ်သွားခဲ့တာလဲ။

နောက် မင်းဆက်မတင်တော့ဘဲ..အရင်ကသွားခဲ့ဖူးတဲ့..ခရီးသွားစရာမလိုသေးဘဲ…ထပ်ရေးလို့ရသေးတဲ့ အကြောင်းအရာတွေနဲ့ မင်းpage ကိုပြန်လာပြီး ပြန်ရေးလာတာတွေ့တယ်။ အဲ့လိုပဲဖြစ်

နေရမယ်လေ။ Blogger တစ်ယောက်က follower တွေကို ထိန်းထားဖို့..သူ့တို့ကို တစ်ခုခု  message ပေးဖို့ မင်းကအမြဲကြိုးစားနေရမှာလေ…မင်းဆက်ကြိုးစားပြီးရေးသင့်တာ ပေါ့။ မင်းပြန် ရေးလာတယ်။ Good ပါ…keep going နော်။

ခရီးသွားရင်း မင်းဟိုတယ်တွေတည်းခဲ့ရတယ်မှတ်လား..ပြန်ရေးပေးလေ…ခရီးသွားရင်း ဘာတွေအမှတ်တရဖြစ်စေခဲ့လဲ…ဘာတွေရှောင်ရမလဲ…ဘာတွေစားလို့ရလဲ..ဘာတွေမြင်တွေ့နို်င်လဲ..မင်းရေးလေ…မင်းမအားဘူးဆိုတာနားလည်တယ်။ အရင်လို၀◌န်ထမ်းမဟုတ်တော့ဘူး။ ကိုယ်ပို်င် အ လုပ်လုပ်မှ စားရမှာ ဖြစ်ပေမဲ…အားတဲ့အချိန်လေးမှာ စာလေးတွေဆက်ရေးပါလို့ အားပေးချင်တယ်။ မင်းကဇွဲရှိတယ်။ ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်လေ. Travel Blogger ကြီးဖြစ်ချင်တယ်ဆို….ဆက်ရေးပါ..ချပြပါ…မင်းကိုယ်တိုင်ကအားပေးမှ မင်းကိုအားပေးတဲ့ သူတွေရှိမှာပေါ့…ဆက်ရေးပါလို့ပြောချင်တယ်။

၂၀၂၁ ရောက်တော့မယ်…ကိုဗစ်ဖြစ်နေသေးလို့..ခရီးတွေဆက်မထွက်နိုင်သေးရင် လည်း…စာတွေဖတ်ပြီး…ပြန်ရှယ်ပါ…ခရီးသွားခြင်းဆိုင်ရာ ဗဟုသုတတွေပေါ့။ 

Fighting!!! အားပေးနေပါမယ်။


Leave a Reply

Your email address will not be published.