အားတက်စေမယ့် စာစုများ ၃၄

Mon LayDecember 25, 20201min00

ဘဝမှ လူတစ်ယောက်ကိုမုန်းတီးတိုင်း
မာန်တတ်လာတိုင်း
ကိုယ် ဘဝကို အမြဲ သုံးသပ်ကြည့်မိတယ်။
မွန်လေး အသက် ၃၀
အခု လူ့သက်တန်း ၇၅ နှစ် ပျှမ်းမျှထားလိုက်မယ်
၄၅နှစ်အသက်ရှင်ရမယ် ရက်ပေါင်း 16200သာ
အသက်ရှင်ဖို့ရက်ကျန်မယ်။
ဒါတောင်နေထိုင်ကောင်းမှ
ဒီလောက်ပဲ ကျန်တော့တဲ့ ရက်မှ ငါ ကောင်းမှုကုသိုလ်
ဘယ်နှစ်ခု လုပ်ပြီးဘီလဲ??
မိဘတွေကို ဘယ်လောက်ကျေးဇူးဆပ်ပြီးပြီလဲ??
တစ်နေ့ ၅ပါးသီလ ဘယ်နှစ်နာရီ ထိန်းနိုင်လဲ??
နောက်ဘဝ ငါ ဘာတွေ အာမခံချက်ယူပြီးဘီလဲ??
တခြားသူများအတွက်ကနောက် ကိုယ်ဘဝ
သံသရာများ အမြဲကြည့်တယ်။
လောဘဒေါသမောဟတွေထက် သတိဝင်စေပါတယ်။
ဘဝကို ဒီတရားသဘောနဲ့ အမြဲသတိကပ်တယ်။
ငါ ဆိုပြီးသိ်ပ်ဘဝင်မမြင့်နဲ့ လူတိုင်းသေမျိုးကြီးပဲ
နောင်သံသရာအတွက် အထုပ်ပြင်ထားကျပါ။
ငါကြောင့်ဘယ်သူတစ်ဦးတစ်ယောက်မှ ဒုက္ခမရောက်စေ
ရ ငါ ရှာတဲ့ ငွေ သန့်ရှင်းပါစေ။
ဒီဘဝကော နောက်ဘဝတွေပါ အသိသတိကပ်
ကြီးမားတဲ့နှလုံးသား ပြည့်ဝတဲ့ လူ ဖြစ်ပါစေ

Leave a Reply

Your email address will not be published.