အားတက်စေမယ့် စကားစုများ ၁၀

Mon LayNovember 5, 20201min00

စိတ်ကော လူကော နစ်ပြီး အလုပ်လုပ်တိုင်း အခက်အခဲလေးတွေကြုံ ဝင်လိုက်ရမှ
ရအောင်တောင့်ခံပါတယ်။ ၁၁လရှိပြီ.. စီးပွားရေးလောကထဲ တစ်ကောင်ထဲ
ခြင်္သေ့ ဆိုပြီးဝင်ခဲ့တာ ..၀န်ထမ်းဘ၀နဲ့ တွဲလုပ်ခဲ့တာတော့ (၆)နှစ်ကျော်ပြီ..မိန်းကလေး ဆို အထင်သေးလို့မရဘူး…အရမ်း မာန ကြီးပါတယ်။
အဆင်မပြေမူတွေ အတိုက်အခိုက်တွေ အမြဲရှိလို့
ရအောင်တောင့်ခံခဲ့တယ်။ စိတ်ဓာတ်ပြိုကျ တိုင်း
ပြန်ရအောင်တည်ဆောက်ခဲ့တယ်။
ဘာမှသိပ် ဂရုမစိုက်ဘူး
အကြောတင်းတယ်
ခေါင်းမာတယ်
လုပ်မယ်ဆို ရအောင်လုပ်တယ်။
ကိုယ်ကို လည်း သိပ် Proud ဖြစ်လွန်းလို့
တစ်ခါ တလေ လျော့ထားရတယ်။
ကိုဗစ် ကာလ အရမ်း ခက်ခဲ ကြမ်းတမ်းပါတယ်။
ကိုယ်ထက် ကြီးတဲ့လုပ်ငန်းတွေတောင်ပြိုလဲနေကျလို့
မနည်း တောင့်ခံထားရတယ်။

တစ်ခါတစ်ခါလေ စိတ်မောလွန်းလို့
သူဠေးကြီးတစ်ယောက် ကောက်ယူပလိုက်ချင်တယ်။


ဒါပင်မဲ့ လူချမ်းသာပြီး စိတ်ချမ်းသာပါမလား

တွေးရင် ကိုယ်တိုင်အလုပ်ကြိုးစားတာပဲ
ကောင်းပါတယ်တွေးမိတယ်။ အဲလိုနဲ့ပဲ အခုလိုအလုပ်တွေဆက်လုပ်နေပါတယ်

Leave a Reply

Your email address will not be published.