လာအိုက Tubing

Mon LayOctober 31, 20191min00

လာအိုမှာနောက်ထပ် Activity လုပ်ခဲ့တဲ့ #Tubing အကြောင်းကို မွန်လေးက ပြန်ရှယ်ပေးချင်ပါတယ်။ လာအိုဆိုတာ အဲလို Activity လုပ်စရာနိုင်ငံလိုတောင်ထင်သွားပြီး အရမ်းကိုသွားချင်သွားမယ်နော်။

Nang Song မြစ်ထဲမှာ ဘောကွင်းနဲ့ဇိမ်လေးမျှောစီးတာကို Tubing လို့ ခေါ်တာပါ။ အဲ့tubing စီးဖို့ဆို လာအိုမြို့ထဲမှာ တိုးတွေရှိတယ်။ ဈေးကတော့ စပေါ်အနေနဲ့ ၆၅၀၀ဝ kip။ လူဦးရေစာရင်းပေးပြီး သူတို့ထွက်မယ့်အချိန်ကိုစောင့်ရပါတယ်။ ကားကလာခေါ်ပြီး အဲ့Nang Song မြစ်နားမှာ ချခဲ့ပေးတယ်။ ကိုယ်တွေက ဘောကွင်းတွေသယ်၊ အသက်ကယ်အကျီတွေဝတ်ပြီး မြစ်စပ်နားကနေ စမျှောတယ်ပေါ့။

စစချင်းမျှောတုန်းကတော့ ကြောက်သလိုလိုနဲ့ နောက်ပိုင်းတော့ရေစီးသန်တဲ့နေရာရောက်လာတော့ ကိုယ်ကအလိုက်သင့်လေးမျောသွားရုံပဲ။ ဘေးမှာလည်း တောတောင်တွေ၊ တံတားလေးတွေ၊ ဆိုင်တန်းလေးတွေနဲ့သာသာယာယာပဲ။ တချို ့ကတော့ Kayking လုပ်ကြတယ်။ တချို့နေရာတွေတော့ အန္တရာယ်များတယ်။ အုပ်စုလိုက်သွားရင် အဖွဲ့တွေကွဲသွားတတ်လို့ တစ်ဘောကွင်းနဲ့တစ်ဘောကွင်း ချိတ်ပြီးသွားကြဖို့ပြောချင်ပါတယ်။ ဒါပေမဲ့လည်း အရမ်းလည်းမကြောက်ပါနဲ့။ အရမ်းပျော်ဖို့ကောင်းတယ်ဆိုတာ.လာအိုရောက်ရင် Tubing ကိုစီးခဲ့ပါလို့။

Leave a Reply

Your email address will not be published.