စွမ်းရှီ

Mon LayJune 27, 20192min00

စွန်းရှီဆိုလို့ ဘာလဲသိချင်နေပြီလား။ ပြောပြပေးမယ်..ဖြည်းဖြည်းပေါ့။ မပြောခင် တစ်ခုလောက်မေးချင်တယ်။ ခု ဗိုက်ဆာနေပြီလား။ အပြင်ဘက်ကိုလည်းလှမ်းကြည့်လိုက်ပါဦး။ မိုးတွေကောရွာနေလား..အဲ့၂ခုလုံးစုံနေပြီဆိုရင်တော့..ကဲထ..၂ခုစလုံးနဲ့အရမ်းလိုက်ဖက်ညီတဲ့ဆိုင်လေးသွားကြမယ်။

မ နေ့ကမိုးအေးအေးနဲ့..သယ်ရင်းနဲ့ ၂ယောက် မုန့်ထွက်စားကြမယ်ဆိုပြီး ချိန်းကြတယ်လေ။ ဘယ်ဆိုင်စားရင်ကောင်းမလဲပေါ့နော်။ စားနေရကျဆို်င်ဆို ၂ယောက်စလုံးကမစားချင်။ မစားဖူးသေးတဲ့ ဆိုင်ပဲစားကြမယ်ဆိုပြီးရှာတော့ သယ်ရင်းက သူတို့မြောက်ဒဂုံမှာ ဆိုင်သစ်ရှိတယ်တဲ့။ မိုးတွင်းနဲ့လည်းလိုက်ဖက်တဲ့ hot potဆိုင်တဲ့။ ကိုယ်သိပ်ကြိုက်တာပေါ့ hot potဆို။ ပြီးတော့ နင်ကြိုက်တဲ့ ဝက်ဦးနှောက်ပါရတာနော်တဲ့..အိုကေမှာစိုပြေပြီပဲပေါ့။ ဒီတော့ ရုံးဆင်းတာနဲ့ အပြေးကေးလ မြောက်ဒဂုံကိုပြေးခဲ့တာပေါ့ကွယ်။

ဆိုင်နာမည်

စွမ်းရှီ။ တရုတ်နာမည်က Shuang Xi.

တည်နေရာ

မြောက်ဒဂုံ ပင်လုံလမ်းမကြီး။ဆက်သွယ်ရေးမှတ်တိုင် အနီးပါ။ ဖုန်း 09251915169၊ 09891495881။

Shuang Xi Hot Pot buffet ကနေ ခုဆို ဒုတ်ထိုး hotpot လည်း ရရှိ နေပါပြီတဲ့။ ဒုတ်ထိုး တစ်ချောင်းကို 100 ကျပ် 200 ကျပ် နဲ့ ကြိုက်နှစ်သက်ရာ ကို ရွေးချယ် စားသုံးနိုင်ပြီးဟင်းရည်က တော့ တစ်အိုးက 800ကျပ်ပါ။ မွန်လေးတို့ကတော့ ဘူဖေးစားခဲ့ကြတယ်။ အဲလိုစားမှ ဝတာမို့။ ဈေးနှုန်းကလးည် 8800ကျပ် +ဟင်းရည်ဖိုး 800 ကျပ် ပဲ ကျတယ်။ အစုံနီးပါးပါတယ်။ ိကု်ယဆို ဝက်ဦးနှောက်ရယ်..bacon ချည်းဆွဲတာ….အရမ်းစားကောင်းပဲ။

service ကလည်းးဘယ်ကောင်းသလဲဆို ..ကို်ယ်တွေခွက်တွေထထယူတိုင်း သယ်စရာမလိုဘူး။ waitor လေးတွေက သယ်ပေးတယ်။ စားသုံးသူလိုအပ်မယ့်အရာတွေကို အမြဲတစေလိုက်ကြည့်ပေးပြီး အဆင်ပြေအောင်ဆောင်ရွက်ပေးတယ်။ ရေခဲမုန့်ဆိုလည်းသူတို့ပဲထည့်ပေးတယ်။

🍜🍱🍛 Hot pot အပြင် အခြား side dishတွေ အချိုးတည်း စရာမုန့်လေးတွေလည်း ထပ်ရှိသေးတယ်။ မိုးအေးအေးလေးနဲ့ လွေးလို့ကောင်းတဲ့ဆိုင်လေး..နားအေးပါးအေးလည်းရှိတယ်။ စားတဲ့အချိန်ဆို ဆူညံသံတွေရှိနေရင်.. လူတွေရှုပ်နေရင် မွန်လေးအစားတတ်ဘူး။ ဒီဆိုင်လေးတော့တော်တော်သဘောကျတယ်။ သွားရလာရတာလည်းကောင်းလို့…နောက်တစ်ခေါက်ထပ်သွားစားမယ်လို့ ဆုံးဖြတ်ရင်း။

# Shuang Xi

#restaurant

#review

Leave a Reply

Your email address will not be published.