Community Based Tourism in Myanmar

CBT Cover

Community Based Tourism in Myanmar

အခုနောက်ပိုင်း မြန်မာပြည်မှာ ခေတ်စားလာတဲ့ ခရီးသွားလုပ်ငန်းတစ်မျိုးကတော့ CBT လို့ခေါ်တဲ့ Community Based Tourism ပဲ ဖြစ်ပါတယ်။ မြန်မာလိုတော့ လူထုအခြေပြုခရီးသွားလုပ်ငန်း၊ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း စသဖြင့် ခေါ်ဝေါ်ကြပါတယ်။


ပုံမှန်လည်ပတ်တဲ့ sightseeing tour နဲ့ မတူတာက CBT ဆိုတာ အခြားဒေသမှာရှိတဲ့ ဒေသခံတွေဆီကို သွားလည်တာပါ။ အထိမ်းအမှတ်တစ်ခုခု၊ စေတီပုထိုးတစ်ခုခု၊ နေရာတစ်ခုခုကို သွားကြည့်ပြီး လည်ပတ်တာမဟုတ်ပါဘူး။ ဒေသခံလူတွေဆီကို သွားလည်တာပါ။ သူတို့အိမ်တွေကို သွားလည်တာပါ။ ကိုယ့်ကို ဧည့်ခံတဲ့သူတွေကလည်း ဒေသခံတွေပါ။ ဒီခရီးသွားလုပ်ငန်းကနေ ဝင်ငွေရမယ့်သူတွေကလည်း ဒေသခံတွေပါပဲ။
ကိုယ်နဲ့မတူကွဲပြားတဲ့ ဒေသခံတွေဆီ သွားမယ်။ သူတို့အိမ်တွေကို သွားလည်မယ်။ ညအိပ်မယ်။ သူတို့ရဲ့ ဒေသစာတွေကို စားမယ်။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လေ့လာမယ်။ ထူးခြားတဲ့နေရာတွေကို သူတို့နဲ့အတူတူ သွားကြည့်ကြမယ်။ ကိုယ်တိုင်ဒေသခံတစ်ယောက်လို ခံစားရစေမှာပါ။


ဒီလို CBT Tours မျိုး သွားဖို့ဆို ကိုယ့်ဘက်က ပြင်ဆင်ရမှာတွေ အများကြီးရှိပါတယ်။


(၁) Luxury Tour လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ အခြေခံလိုအပ်ချက်တွေ (basic facilities) တွေပဲ ဖြည့်ဆည်းထားပေးပါမယ်။


(၂) သဘာဝကို ချစ်မြတ်နိုးတဲ့သူနဲ့ပဲ သင့်လျော်ပါတယ်။ အစားအသောက်၊ အနေအထိုင် ချေးများတတ်တဲ့သူမျိုးနဲ့ အဆင်မပြေပါဘူး။


(၃) သဘာဝပတ်ဝန်းကျင်ကို အလေးထားတတ်ဖို့ အရေးကြီးပါတယ်။ ပလတ်စတစ်အိတ်တွေ၊ ရေဘူးတွေကို တွေ့ရာနေရာမှာ လွှင့်ပစ်တာမျိုး (လုံးဝ) လုပ်လို့မရပါဘူး။


(၄) ဒေသခံတွေကို လေးစားရပါမယ်။ တွေ့တာနဲ့ အတင်းဓာတ်ပုံရိုက်တာမျိုး မလုပ်ရပါဘူး။


(၅) ဒေသခံဧည့်လမ်းညွှန် (Local Guide) ပြောသမျှကို အကုန်လိုက်နာရပါမယ်။


လက်ရှိ မြန်မာနိုင်ငံမှာ CBT Tourism လုပ်နေတဲ့ နေရာတွေကတော့-


မြန်မာနိုင်ငံမြောက်ပိုင်း

  • အင်းတော်ကြီးကန်၊ ကချင်ပြည်နယ်။
  • ဧရာဝတီလင်းပိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး။
  • နွယ်ငြိမ်းရွာ၊ ရွှေဘို၊ စစ်ကိုင်းတိုင်းဒေသကြီး။ျ
  • ဇလုံတောင်၊ ဗန်းမောက်၊ ကသာ၊ စစ်ကိုင်းတိုင်းဒေသကြီး။

မြန်မာနိုင်ငံအရှေ့ပိုင်း

  • လွိုင်ကော်၊ ကယားပြည်နယ်။
  • ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ကက္ကူ)၊ ရှမ်းပြည်နယ်။
  • ှဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပင်းတယ)၊ ရှမ်းပြည်နယ်။
  • လွယ်နွဲ့ဘုရားတောင်ရွာ၊ ညောင်ရွှေ၊ ရှမ်းပြည်နယ်။
  • စံကားရွာ၊ ညောင်ရွှေ၊ ရှမ်းပြည်နယ်။
  • လွယ်ပန်းစုံ၊ ဖယ်ခုံ၊ ရှမ်းပြည်နယ်။
  • ရွာငံ၊ ရှမ်းပြည်နယ်။

မြန်မာနိုင်ငံအလယ်ပိုင်း နှင့် အနောက်ပိုင်း

  • ဆောလောင်းရွာ၊ ကန်ပက်လက်၊ ချင်းပြည်နယ်။
  • တာရွှန်းရွာ၊ ဖလမ်း၊ ချင်းပြည်နယ်။
  • မြိုင်မြို့နယ်၊ မကွေးတိုင်းဒေသကြီး။
  • မန်ကျည်းကန်ရွာ၊ ချောက်၊ မကွေးတိုင်းဒေသကြီး။
  • ထန်းပင်ကုန်းရွာ၊ မကွေးတိုင်းဒေသကြီး
  • ဆီသည် နှင့် မြစ်ကမ်းကြီးရွာ၊ စင့်ကူး၊ မန္တလေးတိုင်းဒေသကြီး။
  • မင်းကွန်း – ကျောက်မြောင်း၊ မန္တလေးတိုင်းဒေသကြီး။
  • ဆင်တောင်၊ သာစည်၊ မန္တလေးတိုင်းဒေသကြီး။

မြန်မာနိုင်ငံတောင်ပိုင်း

  • ကျိုက်သလဲရွာ နှင့် ဇီဝဥယျာဉ်ခြံ၊ တွံတေး၊ ရန်ကုန်တိုင်းဒေသကြီး။
  • စမ်းလှမ်းရွာ၊ ထားဝယ်၊ တနင်္သာရီတိုင်းဒေသကြီး။
  • သံတောင်ကြီး၊ ကရင်ပြည်နယ်။

ကိုးကားချက်။https://tourism.gov.mm/community-based-tourism/

2 comments

  • Shar Thet Man

    May 13, 2019 at 3:25 pm

    ဂွတ်

    Reply

  • manawphyulay

    July 10, 2019 at 3:29 am

    မွန်ရေ… မနောတော့ ခုတင်တဲ့အထဲမှာ မရောက်ဖူးတဲ့နေရာ အတော်များများပါလားလို့ သိရတော့တယ်ညီမလေးရေ…

    ကိုယ့်နိုင်ငံမှာတောင် နေရာအနှံ့မရောက်ဖူးသေေးဘူး။

    Reply

Leave a Reply

Your email address will not be published.