ဇာတ်ခုံပေါ်ကလူ

manawphyulaySeptember 4, 20101min00

မမကြီး ပြန်လာတဲ့အခါ
သားဖို့ မုန့်ဝယ်ခဲ့နော်လို့
မောင်ငယ်က မှာ….
ဝယ်ခဲ့မှာပေါ့လို့
အပြုံးတစ်ဖဲ့နဲ့ စကားဆိုဆဲ…
သားဖို့ ဘောလ်ပင်ဝယ်ခဲ့နော်လို့
မောင်အလတ်က ထပ်မံဆို…
အပြုံးစရဲ့ မပီပြင်ဝိုးတဝါးနဲ့
နံနက်ခင်း အလုပ်သွား
မောင်အကြီးက အိမ်ပေါက်ဝက ဆီးကြိုပြော
မမ သားကို မုန့်ဖိုးပေးပါဦးတဲ့။
ဪ… မပြည့်စုံတဲ့ ငါတို့ဘဝ
ရင်နာရပါဘိ
ငါ့ရဲ့မိသားစု ပြည့်စုံအောင်
ငါ မစွမ်းဆောင်နိုင်သေးပါလား
မိဘအပေါ် သားသမီးဝတ်
မကျေသေးတဲ့ ငါ့ကိုငါပဲ
စိတ်ဆိုးရမှာလား
ကံကြမ္မာကိုပဲ
အပြစ်ဖို့ရမှာလား
ငါ့ကို ငါလည်း ဝေခွဲခက်စွာ
လောကကြီးရယ်
တစ်ခွန်းလောက် ပြောလှည့်ပါဦး….

Leave a Reply

Your email address will not be published.