စားသုံးရန်မသင့်ဟု ကြေညာထားသော နိုင်ငံခြားဖြစ်စားဆီအချို့ကိုဈေးကွက်တွင် ပြန်လည်တွေ့ရှိ

klnSeptember 3, 20101min05

ကျန်းမာရေးဝန်ကြီးဌာနမှပြည်သူများစားသုံးရန်မသင့်ကြောင်းကြေညာထားသည့် နိုင်ငံခြားဖြစ်စားဆီအချို့ကို ဈေးကွက်ထဲတွင်ပြန်လည်တွေ့ရှိလာရကြောင်းသိရသည်။ အဆိုပါဆီများသည် အကြော်ခံပြီး တွက်ခြေကိုက်သောကြောင့် ရန်ကုန်ဝယ်လက်များသာမက နယ်ဝယ်လက်များကပါဝယ်ယူကြသည်ဟု သိရသည်။ စားသုံးဆီများကို ပြည်ပမှ တင်သွင်းလိုပါက ဦးစွာတင်သွင်းလိုသည့်ဆီနှင့်ထုတ်လုပ်သည့် သက်ဆိုင်ရာနိုင်ငံမှ FDA ၏ ထောက်ခံချက်၊ ဓာတ်ခွဲစစ်ဆေးချက်တို့ကိုတင်သွင်းမည့်နိုင်ငံ၏ FDA သို့အပြည့်အစုံတင်ပြရပြီး တင်သွင်းခွင့်ရပါက တင်သွင်းလာသည့်ဆီကိုFDA မှ ထပ်မံစစ်ဆေးပြီး ရောင်းချခွင့်ပြုကြောင်းစားသုံးရန်မသင့်ကြောင်းကြေညာထာသည့်ဆီများမှာ FDA မှ တင်သွင်းခွင့်ပြုထားသည့် ဆီများမဟုတ်ကြောင်းသိရသည်။ စားသုံးရန်မသင့်ကြောင်းကြေညာထားသည့် ဆီလေးမျိုးမှာ မလေးရှားနိုင်ငံထုတ် ကျောက်ပုစွန်နှစ်ကောင်( Star Oil ကြယ်နီပုံ) တံဆိပ်( ၁၈လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး) ၊ မလေးရှားနိုင်ငံထုတ် ကျောက်ပုစွန်တစ်ကောင်တံဆိတ်( ၁၈လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး) ၊ ရေနဂါး( Twin Sea Horse ) တံဆိပ်( ၁၈လီတာဝင် အဝါရောင်ပလတ်စတစ်ပုံး) နှင့်ထိုင်းနိုင်ငံထုတ် ငါးကြော်တံဆိပ်( Pamola Brand ) ( ၁၈လီတာဝင်အဝါရောင် ပလတ်စတစ်ပုံး)တို့ ဖြစ်ကြောင်းသိရသည်။ အဆိုပါကြေညာချက်ကို၂၀၀၉ခုနှစ်ဇူလိုင်အတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းဆီများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈အရအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

5 comments

  • etone

    September 3, 2010 at 9:00 am

    စားလို့မသင့်ဘူးလို့ ကြော်ငြာထားပေမဲ့လည်း ပြည်သူလူထုက မသိတော့ဝယ်မိတာပေါ့ ။ announce လုပ်တာ တွင်တွင်ကျယ်ကျယ်လုပ်သင့်တာပေါ့ မီဒီယာရယ် ။ ဘာမဟုတ်တဲ့ အားအားယားယားတွေ ပွဲတက်ပြီးလိုအပ်တာမှားစားကြသည်ကြတော့ တခမ်းတနားပါလားနော် ။

    Reply

  • kopauk mandalay

    September 3, 2010 at 3:34 pm

    ဈေးကွက်ထဲမှာ ဒီပုံးဝါတွေထက် အရည်အသွေးညံ့တဲ့ သင်္ဘောကြမ်းပြင်ဝမ်းဘိုက်ထဲမှာထည့်သယ်လာတဲ့

    ဘယ်အမျိုးအစားမှန်းမသိရတဲ့ (ကန်ဆီ)ဆိုတာကိုတောင်မက်မက်စက်စက်သုံးနေကြသေးတာဘဲဗျာ။
    ဒီဆီလောက်ကတော့ ပျင်းတောင် ပျင်းသေးတယ်နော်။

    Reply

  • unclegyi1974

    September 3, 2010 at 4:07 pm

    စားသုံးရန်မသင့်လို့ကြေငြာလိုက်တဲ့ဆီတွေဟာမြန်မာနိုင်ငံထဲကိုဝင်နေတာ
    အဲဒီကြေညာတဲ့အချိန်မတိုင်ခင်ဟိုးအဝေးကြီးကတည်းကပါ၊

    ဒါတမျိုးသားလုံးကျမ္မာရေးနဲ့ဆိုင်ပါတယ်၊ အင်မတန်အရေးကြီးတဲ့ကိစ္စကို
    တင်သွင်းလာပြီးမကြာမှီကြေငြာပြီးပြည်သူတွေကိုအသိပေးသင့်ပါတယ်၊

    အခုတော့စားသုံးရန်မသင့်လို့ကြေငြာသွားတဲ့အချိန်က……

    အဲဒီပုံးဝါတွေကစားသုံးရန်မသင့်ဆိုရင်စားသုံးရန်သင့်ဆိုပြီးတရားဝင်သွင်း
    လာတဲ့ကန်ဆီဆိုတာတွေကစားသုံးရင်ဘာမှမဖြစ်ဘူးပေါ့နော်။

    ကဲ..မြန်မာနိုင်ငံကစစ်ဆေးတဲ့လူတွေ။ (FDA)ရေကိုယ်လိပ်ပြာကိုယ်လုံတယ်
    ဆိုရင်ဒီနေရာမှာစာလေးတကြောင်းလောက်ပြန်ေရေပေးပါအုန်းလို့

    Reply

  • kai

    September 3, 2010 at 8:58 pm

    ကောင်းပြီ။
    မန်းလေးဂေဇက် မီဒီယာက ဘာလုပ်ပေးလို့ရသလဲဆိုတော့…
    အဲဒီဆီတွေကိုလက်ကားရောင်းနေတဲ့ ဂိုထောင်။ဒါမှမဟုတ်..ပွဲရုံရဲ့ ဓါတ်ပုံတပုံကို ၁ဝ ဒေါ်လာနဲ့ဝယ်မယ်။
    အတွင်း(အနီးကပ်)၁ပုံ၊ (ပွဲရုံ)အပြင်တပုံ ပေါင်း၂ပုံဝယ်မယ်။ လိပ်စာအတိအကျပါရေးပြီး ဒီမှာတင်လိုက်ပါ။
    အဲဒါမီဒီယာအလုပ်ပါပဲ..။

    Reply

  • ဆူး

    September 4, 2010 at 3:31 am

    ယိုးဒယားက ဝင်တဲ့ ပုဇွန် နှစ်ကောင် တစ်ကောင်ဆိုတာတွေက ရေခဲသေတ္တာထဲ ထည့်ရင်တောင် မခဲဘူးလို့ ပြောတယ် နောက်ပြီးတော့ အဲဒီဆီတွေကို အလွန်ခဲလွယ်တဲ့ စားအုန်းဆီထဲမှာ ရောလိုက်ရင်လည်း မခဲဘူးဆိုတော့ ပဲဆီ အတုလုပ်ရောင်းနေကြတယ်လို့ သိရပါတယ်။ ဓါတု ပစ္စည်းတွေဘဲ အလွန်ပါနေလို့လား သို့မဟုတ် သူကဘဲ မခဲစေတာ ကောင်းလို့လား.. သို့လော သို့လော ပြည်သူကြားမှာ တွေးတော စရာတွေ ဖြစ်နေတယ်။ ယိုးဒယား ဘက်ကနေ သွင်းတဲ့ ကုန်သည်တွေကတော့ အခွန်မရလို့ လုပ်တာ ဒီဆီတွေက စားအုန်းဆီထက်တောင် စားရန် သင့်တော်တယ်လို့ ပြောကြတယ်။ ကြားမိသမျှ သတင်းအထွေထွေပါ။

    Reply

Leave a Reply

Your email address will not be published.