ဘာလို့များ ၂

ko sixAugust 21, 20171min05

==========

သစ်ပင်ဟာ
ရေငတ်ဖန်များလာတဲ့အခါ
ဆူးတွေနဲ့ရပ်တည်
ငါ
ဘာလို့များ မကိုးကားခဲ့မိပါလိမ့်။

တိမ်တွေ
အပူနဲ့တွေ့တိုင်း
အမြင့်တက်လှမ်းနိုင်ခဲ့ပုံကို
ငါ
ဘာလို့များ သတိမထားခဲ့မိပါလိမ့်။

သင်ဆရာထက်မြင်ဆရာက
နေ့စဉ်ဆုံးမ
ငါ
ဘာလို့များ မမှတ်သားခဲ့ပါလိမ့်။

အာဒံလို
ပညာသားမပါတဲ့စားသုံးမှုမျိုး
ငါ
ဘာလို့များ မျိုဆို့မိခဲ့ပါလိမ့်။

ဘာလို့များ
ဘာလို့များ
ဘာလို့များ
…..
သတင်းအတင်း
အလင်းအမှောင်
အချစ်အမုန်း
ယောက်ျားမိန်းမ
ဆန့်ကျင်ဘက်တွေကို စိတ်မှာသိုဝှက်
ဘာလို့များ
ခက်ခက်ခဲခဲရှေ့ဆက်နေမိပါလိမ့်။

အလုပ်မဖြစ်တာတွေများလာတော့
အလစ်ဖြုတ်ခံရကြောင်း
ဘာလို့များ
ငါ
ဒီလောက်ကြီး အ နေခဲ့ပါလိမ့်။

ကိုစစ်(ရူပဗေဒ)
21.8.2017 Sunday 8:12AM

5 comments

  • သင့်အေးရိပ်

    August 21, 2017 at 10:14 am

    ဘာလို့များ… ငါ ဒီကဗျာလေးကို ကြိုက်မိသွားပါလိမ့်

    Reply

    • ko six

      August 21, 2017 at 6:36 pm

      ဘာလို့များ
      ဒီကဗျာကို ရေးခဲ့မိပါလိမ့်လို့ တွေးနေမိတယ်

      Reply

  • Shar Thet Man

    August 21, 2017 at 5:35 pm

    မိုက်

    Reply

    • ko six

      August 21, 2017 at 6:38 pm

      ဦးမိုက်နဲ့တော့ မိုက်ပုံချင်းမတူပါဘူး။ အဟီး

      Reply

Leave a Reply

Your email address will not be published.