ချစ်ခြင်းမေတ္တာတရား

aye.kkJanuary 7, 20171min08

ခါချှုဉ်တွေအုံဖွဲ ့ နေတဲ့တောင်စလဲပင်

တောင်စလဲသီးများက အဝါသန်းပြီးပင်လုံးကျွတ်မှည့်တဲ့ချိန်

ငယ်ရွယ်သူမို ့နားမလည် စားချင်တာပဲသိခဲ့တယ်။

အစ်ကိုကို ခူးပေးဖို ့ပူဆာတော့ အစ်ကိုက ခါချဉ်တွေ မကိုက်ရအောင် ရေနံဆီတွေလိမ်းကျံပြီး

အပင်ပေါ်တက်ပြီးခူးချပေးတဲ့အစ်ကို။

တစ်ရက်မှာ အဖေက အစ်ကို့ကိုဆူတယ်။

နှံပြည်စုတ် လက်တစ်ဆုတ်စာ ငရဲကတစ်ပိဿာ     တဲ့။

အဖေဆူလည်း အစ်ကိုက လေသေနတ် တစ်လက်နဲ ့ငှက်တွေ့ရင် ပစ်ချပီး

ငှက်သားကြိုက်တဲ့ ညီမလေးကို အမွွှေးနှုတ် မီးခဲရဲရဲနဲ ့ကင်ပီးကျွေးတဲ့အစ်ကို။

ဆယ်ကျော်သက်အရွယ် အပျိုဖားဖား ဖြစ်လာတော့ ယင်ဖိုတောင် မသန်းရဲအောင်

စောင့်ရှောက်ပေးခဲ့တဲ့အစ်ကို။

ကြာခဲ့ပြီးနောက်။

အစ်ကို က မိသားစုတွေကို သူ ့မှာ ချစ်သူတွေ့ထားပြီမို ့

မိသားစုတွေဆီကို  အမှတ်တရ ဓါတ်ပုံ ပို ့လာပေးတယ်။

အစ်ကိုက ရည်းစားသက်တမ်း အတော်ကြာကြာထားခဲ့တယ် ။

သူ့မိသားစုတွေကို သူအရမ်းချစ်လို ့ပါ ။

သူနေတဲ့ ရပ်ဝေးမြေခြား မှာလာနေပြီး အခြေချဖို ့မိသားစုတွေကို အတန်တန်ခေါ်တယ် ။

မလာတဲ့အဆုံး အစ်ကို အိမ်ထောင်ပြုသွားခဲ့တယ်။

ရည်းစားသက်တမ်း ၁ဝနှစ်ကြာခဲ့ရတယ်။

အစ်ကို သမီးလေးရတော့ နယ်စပ်မှာ တွေ့ဘို့လွယ်ကူသွားတယ်။

သူ့အမေနဲ ့တူတဲ့ သမီးလေး ရထားလို့ ကြွားမဆုံးဘူး။

အစ်မကလည်း အစ်ကို ့ကို ချစ်လိုက်တာ ကိုယ်တွေ့မျက်မြင် တွေ့ရတော့ ဝမ်းသာမိတယ် ။

သမီးလေး လည်း ဘွဲ ့ရပြီ။

နှစ်စဉ်လာလယ်တိုင်း သမီးလေးကို အိမ်ခေါ်လာပေးတယ်။

အမေ့ကို နှစ်စဉ်လာတွေ့ တယ်။

အခု အစ်ကိုဆုံးပြီ။

အစ်မ(ယောင်းမ)က မျက်ရည် မဆည်နိုင်ဘူး။

တသသငိုကြွေးတယ်။

ချစ်ခြင်းမေတ္တာတရားတွေ အပြည့်အဝ ပေးခဲ့တဲ့အစ်ကို။

လက်ဖျားနဲ ့တောင် မရွယ်ဘူးခဲ့တဲ့အစ်ကို။

ပြောပြောပြီးငိုတယ်။

အဖေ ပြောဘူးတဲ့စကား ပြန်အမှတ်ရတယ် ။

လင်ကို ရိုးသားတယ်ဆို မြေပုံ(သချိုင်္င်း)ရောက်မှ ဪ အရိုးမြေကျ မှ ရိုးပါတယ်

ဆိုတာကို  အဖေက လက်ခံပါမယ်တဲ့။

အခု သူချစ်ရတဲ ့ညီမ ၊ သူချစ်ရတဲ ့မိသားစု ဆွေမျိုးတွေ။

သူချစ်ရတဲ့ ဇနီး။

 

သူ ့ရဲ ့ချစ်ခြင်း မေတ္တာတရားတွေ မျက်ဝါးထင်ထင် မြင်လိုက်ရပြီ။

 

(အားလုံးကိုကျေးဇူးပါ)။။

 

 

 

8 comments

  • aye.kk

    January 10, 2017 at 3:25 pm

    ဦးကြီးမိုက်
    ကျေးဇူးပါ။

    Reply

  • ဂျစ်စူ

    January 10, 2017 at 9:16 pm

    R.I.P

    Reply

  • manawphyulay

    January 17, 2017 at 4:39 pm

    သံယောဇဉ်ဆိုတာ ဆုံးသွားမှ ပိုသိလာရတယ်လို့ ခုတော့ ဖေဖေ မရှိတဲ့အချိန်မှာ ပိုခံစားတတ်လာမိတယ် အန်တီအေးရယ်
    ထပ်တူထပ်မျှခံစားမိပါတယ်။

    Reply

  • Thint Aye Yeik

    January 17, 2017 at 5:13 pm

    တကယ်တမ်း မဆုံနိုင်လောက်အောင် ခွဲခွါ ရပြီဆိုတဲ့အခါမျိုးမှာ…
    ချစ်ကြတဲ့သူအချင်းချင်းကြားက မေတ္တာကြိုးကလေးကို
    ဖြတ်ရခက်လွန်းတော့လည်း… တသသ လွမ်းဆွတ် ကြေကွဲရရော…ပေါ့နော်
    စိတ်မကောင်းပါဘူး အန်တီအေးရေ

    Reply

  • ဝင့်ပြုံးမြင့်

    January 17, 2017 at 10:55 pm

    အမအေး သိပ်ခံစားနေရတာကိုး။ စိတ်မကောင်းပါဘူး။ ဘဝမှာ အဲလို အစ်ကိုတစ်ယောက်မျိုးတော့ လိုချင်လိုက်တာ။

    Reply

  • ဇီဇီ

    January 18, 2017 at 2:39 pm

    😥

    Reply

  • aye.kk

    January 19, 2017 at 2:59 pm

    ဂျစ်စူ,
    မနောဖြူ,
    သူရ,
    မျစ်,
    ဇီဇီ
    အားလုံးခံစားနားလည်
    ပေးနိုင်လို ့ကျေးဇူးပါလို ့ပြောပြပါရစေ။။

    Reply

Leave a Reply

Your email address will not be published.