Bangkok က Unicorn Cafe ဆီသို့….

Mon LayDecember 22, 20161min02
ချစ်စဖွယ် နတ်မြင်းပျံလေးတွေရှိတဲ့ Bangkok က Unicorn Cafe ဆီသို့….

Unicorn နတ်မြင်းပျံရုပ်လေးတွေ ချစ်တဲ့သူတွေ တကယ်ကို အကြိုက်တွေ့မယ့် ကော်ဖီဆိုင်လေးပါ။ ဆိုင်ထဲမှာ ချစ်စဖွယ်အရောင်နုလေးတွေနဲ့ အလှဆင်ထားတာ ချစ်စရာလေး။ မျက်နှာကျက်ရော ကြမ်းပြင်ပါမကျန် လှနေရော…

ဓာတ်ပုံတွဲရိုက်ဖို့ Unicorn အရုပ်လေးတွေလည်း ဆိုင်ထဲအပြည့်ထည့်ပေးထားတာ။
ဒါတင်ဘယ်ကမလဲ ကိုယ်ကိုယ်တိုင်ပါ Unicorn ဖြစ်ခွင့်လည်း ရှိသေးတယ်ရော…
Unicorn ဝတ်စုံလေးတွေ စိတ်ကြိုက်ဝတ်ခွင့်ပါပေးထားလို့လေ။

အစားအသောက်လေးတွေကလည်း တကယ် ချစ်စရာလေးတွေပါ။ သက်တန့်ကိတ်လေးတွေ၊ ကြယ်တာရာအအေးတွေ၊ ရောင်စုံခေါက်ဆွဲတွေနဲ့ စားချင်စဖွယ်ပါ။ ရောက်တဲ့သူတိုင်းလိုလို မှာတာကတော့ ပန်းနုရောင်၊ ခရမ်းနုရောင်နဲ့ မိုးပြာရောင် ၃ရောင်ရောနေတဲ့ Galaxy Star Milk Shake လေးပါ။ မြန်မာငွေနဲ့ ၅ထောင်ကျော်ပေမဲ့ ခွက်ကတော်တော်ကြီးပါတယ်။ ၃ယောက်လောက်သောက်မှ ကုန်မှာပါ။

ဆိုင်လေးက ခပ်သေးသေးပဲဆိုတော့ လူကျရင် နေရာရဖို့ ခဏစောင့်ရပါလိမ့်မယ်။ အစားအသောက်တွေဆိုလည်း ရဖို့စောင့်ရတာ တမေ့တမော။ ဒါပေမဲ့လည်း စောင့်နေတုန်း ဆိုင်ထဲ ဓာတ်ပုံတွေပတ်ရိုက်လို့ရတော့ အချိန်ကုန်လို့ကုန်မှန်းမသိတော့ဘူးလေ။

ဘန်ကောက်ရောက်လို့ အချိန်ရရင် Unicorn တွေလည်းချစ်ရင် သွားကြည့်သင့်ပါတယ်။
မြို့ထဲ Prarunam ကနေလာရင် ၁၅မိနစ်လောက်ပဲ သွားရတယ်။ BTS နဲ့သွားမယ်ဆို Chong Nonsi Station နားမှာရှိပါတယ်။

#credit

2 comments

  • Thint Aye Yeik

    December 23, 2016 at 5:06 pm

    ဘန်ကောက်ကတော့ ဗီဇာမလိုပဲ သွားလို့ရ။
    ငွေကုန်ကြေးကျ သိပ်မများဘူးဆိုတော့ ရောက်ဖြစ်ဖို့က ရာနှုန်း များပါရဲ့

    Reply

Leave a Reply

Your email address will not be published.