ပဲငံပြာရည်ထဲ လက်ပစ်ကူးတဲ့ကြက်

SawAungDecember 20, 20162min08

တစ်ရက်က Youtube ထဲမှာ Soysauce Chicken ဆိုပြီး တွေ့တာနဲ့ လက်တည့်စမ်းပြီး အစီအစဉ်မှာ ချက်လိုက်တယ်။

လွယ်ပါတယ်။

ပထမဆုံး ကြက်တစ်ကောင်လုံးကို စင်အောင်ဆေးပြီး ဗိုက်ထဲကို စပါးလင်တစ်ပင် ဒါးပြားရိုက် ၊ ကြက်သွန်ဖြူ ၃မွှာ ၊ ဂျင်း လက်တစ်ဆစ် ၊ ကြက်သွန်ြျွိတ် နှစ်ပင်ကို ထည့်။

ပြီးရင် ပွက်ပွက်ဆူတဲ့ရေထဲ ကြက်ကို တစ်ဝက်ပဲ မြုပ်အောင်နျစ်ပြီး အဖုံးအုပ် ငါးမိနစ်လောက်ထား ပြီးရင် နောက်တစ်ခြမ်းကို လှည့်ပေး အဖုံးအုပ်ထားထား ၊

ပြီးရင် ဆယ် ပြုတ်ရည် တစ်ဇလုံလောက်ယူ ဖယ်ထား။ ကျန်တာ သွန်ပြဏ်။

နောက် ဒယ်အိုးထဲ ဆီနည်းနည်းထည့် ဂျင်းတစ်ပြားကို ဒါးပြားရိုက် ဆီပူထဲကြော်

စောနက ကြက်ကို ဆီထဲထည့် ပြီးရင ်ပြုတ်ရည်ဖယ်ထားတာကို ထည့် ပြီးရင ်ပဲငံပြာရည် (၆)ဇွန်းလောက်ထည့် အဖုံးအုပ်ထား

ငါးမိနစ်လောက်ကြာရင် တစ်ဖက်လှန် ငါးမိနစ်လောက်အုပ်ထား မှိုလေးပါစားချင်ရင် ယူနန်မှိုကိုပါ ထည့်လိုက်

နှစ်ဖက်လုံး လှည့်ပြီးရင် ကြက်ကို ဆယ်ထား ပြီးရင် မှိုကိုသက်သက်ထား

အရည်တွေကို သွန်ပစ် နောက်ထပ် ဆီနည်းနည်းထပ်ထည့် ဂျင်းကို ဒါးပြားရိုက် ထည့်ကြော်

ပြီး ဆယ်ထားတဲ့ ကြက်ကို ဆီနဲ့ တင်းနေအောင် လှိမ့် ဟိုဘက်ဒီဖက် ညီဗအာင် တစ်ဖက်စီလှည့်

ပြီးဆယ်ထား။ သေချာလှီးပြီးရင် စားလို့ရပြီ။ ပထမဆုံး ချက်ပေမယ့် စာလို့တော့ တော်တော်ကောင်း။

ချက်ထားတဲ့ ပုံလေးကိုပါ ရှင်းအောင် တင်ပေးလိုက်တယ်။

ပဲငံပြာရည်ကို လက်ပစ်ကူးတဲ့ကြက်ကို မြည်းကြည့်ကြပါဦး။



လေးစားစွာဖြင့်

အောင်မိုးသူ

8 comments

  • ဇီဇီ

    December 20, 2016 at 10:48 am

    လှုပ်ရှားပြီလေ။
    စားမေ

    Thank you so much.

    :mrgreen:

    Reply

    • အောင် မိုးသူ

      December 20, 2016 at 10:52 am

      တီသဲကတော့ ဗိုက်ထဲကို ဘာတွေထပ်ထည့်ဦးမယ်ဆိုလားပဲ ဟိဟိ။

      Reply

  • kai

    December 21, 2016 at 6:29 am

    ပြုတ်ကျော်လိုလိုပေါ့…။
    ကြက်ပြုတ်ကျော်နဲ့ ဂျင်း.. မိတ်ဖက်မို့.. ဂျင်းသာများများထည့်…
    အနည်းဆုံးတော့.. ကြက်ဆီထမင်းကြက်နဲ့ သွားတူမယ်ထင်တာပဲ..။

    Reply

  • Thint Aye Yeik

    December 22, 2016 at 10:00 am

    .ကြက်ကိုက ရွလွန်းပါတယ်အေ
    .သေတာတောင် နည်းသေးတယ်

    Reply

  • CharTooLan

    December 26, 2016 at 12:53 pm

    ၂ခါပြုတ်ရတာပေါ့ စားချင်စရာပဲ
    ထဲ့ထားတဲ့မှိုက မချက်ခင်ရေစိမ်ထားရသေးတာလား
    ရေဆေးပီးတန်းချက်လို့ရလား ကျေးကျေးပါ

    Reply

Leave a Reply

Your email address will not be published.