တိုက်ကြီး(၆)တိုက်၊နိုင်ငံပေါင်း(၃၂)နိုင်ငံကိုရောက်နိုင်တဲ့(၄)လကြာသင်္ဘောခရီးစဉ်

Mon LayDecember 15, 20161min01

မင်းဟာကမ္ဘာပတ်နေတဲ့ အမေရိကန်စာဖိုမှူး Anthony Bourdain ဒါမှမဟုတ် ခရီးသွားခြင်းနဲ့ သက်ဆိုင်တဲ့ အလုပ်လုပ်ကိုင် သူမဟုတ်ဖူးဆိုရင် တိုက်ကြီး(၆)တိုက်ပေါ် တစ်ဒါဇင်ထက်ပိုတဲ့နိုင်ငံတွေကို သွားရောက်ဖို့ဆိုတာ မင်းရဲ့တစ်သက်လောက် အချိန်ကြာသွားနိုင်ပါတယ်။

ဦးတည်ထားတဲ့နေရာတွေကတော့ကမ္ဘာ့တိုက်ကြီး(၆)တိုက်ပေါ်ကနိုင်ငံပေါင်း(၃၂) နိုင်ငံပဲဖြစ်ပါတယ်။ဒါတောင် မင်းကကံတော်တော်ကောင်းနေမှ ဖြစ်မှာပါ။ ဒါပေမယ့်မင်းမှာ ခရီးတစ်ခုတည်းနဲ့ တစ်ကမ္ဘာလုံး ကိုရောက်ဖူးချင်တဲ့ဆန္ဒက ပြင်းပြနေပြီဆိုရင်တော့ ဒီ(၁၁၉)ရက်ကြာ သင်္ဘောခရီးစဉ်သစ်ကမင်းကို စိတ်ဝင်စားစေမှာပါ။ MSCCruisesကပြေးဆွဲမယ့်လေးလနီးပါးကြာမြင့်ချိန်ရှိတဲ့သင်္ဘောခရီးစဉ်ကို“WorldCruise”လို့လိုက်ဖက်စွာနာမည်ပေးထားပါတယ်။ခရီးစမြို့ကနေ၂၀၁၉ခုနှစ်၊ဇန်နဝါရီလ(၅)ရက်နေ့မှာစတင်ထွက်ခွါမှာဖြစ်ပြီး၁၁၉ရက်(၁၁၈ည)ကြာကမ္ဘာလှည့်ခရီးစဉ်ပြီးဆုံးတဲ့အခါ ပြန်လည်ဆိုက်ရောက်မှာ ဖြစ်ပါတယ်။MSCကသူတို့ရဲ့သင်္ဘောMSCMagnificaကအကြီးဆုံးနဲ့ ခေတ်အမီဆုံးသင်္ဘောကြီးဖြစ်တာကြောင့်ဒီလိုမျိုးရှည်လျားတဲ့ခရီးစဉ်ကို ပြေးဆွဲဖို့ရွေးချယ်ခဲ့တာပါ။ခရီးသွားတွေကိုဆွဲဆောင်နိုင်မယ့်အရာတွေအနေနဲ့သင်္ဘောပေါ်မှာbar(၁၁)ခု၊စားသောက်ဆိုင်(၄)ခု၊casino(၁)ခု၊ပင်လယ်ပြင်ကျယ်ကြီးရဲ့အလှကိုရှုစားရင်းကခုန်နိုင်မယ်လေဟာပြင်ကပွဲကျင်းပဖို့ နေရာကျယ်(၁)ခု၊ ဆေးလိပ်သောက်ဖို့သီးသန့်နေရာတစ်ခုနဲ့4Dcinema(၁)ခုပါဝင်မယ်ဆိုတဲ့အကြောင်းသတင်းစားရှင်းလင်းပွဲမှတစ်ဆင့် သိရှိရပါတယ်။

cruises-for-noncruisers-hero

သင်္ဘောကြီးရဲ့ခရီးစဉ်အရ ခရီးစဉ်ကစတင်ပြီးတဲ့အခါ ဥရောပမြို့တွေဖြစ်တဲ့ ပြင်သစ်နိုင်ငံက Marseille, စပိန်နိုင်ငံက Barcelona နဲ့ Malaga ၊ ပေါ်တူဂီနိုင်ငံက Funchalစတဲ့မြို့တွေမှာ ရပ်နားမှာဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Atlantic သမုဒ္ဒရာကိုဖြတ်ပြီး Caribbean ပင်လယ်ထဲက ကျွန်းနိုင်ငံတွေဖြစ်တဲ့ St.Maarten, US Virgin Islands, Puerto Rico, Aruba နဲ့ အခြားနိုင်ငံ အနည်းငယ်မှာ ရပ်နားမှာဖြစ်ပြီး၊ Panama တူးမြောင်းကိုဖြတ်ကာ ပစိဖိတ်ဒေသကို ခရီးဆက်ပါမယ်။ ဆက်လက်ပြီး Los Angeles မှာ (၂ ရက်) ၊ San Francisco မှာ ( ၃ ရက်) နဲ့ Honolulu မှာ (၂ ရက်) ရက်နားပါမယ်။ နောက်ထပ်ကမ်းကပ်ရပ်နားမယ့်နေရာတွေကတော့ French Polinesia နိုင်ငံ Bora Bora ကျွန်း၊ New Zealand နိုင်ငံ Auckland မြို့၊ Australia နိုင်ငံ Sydney မြို့နဲ့ အခြားမြို့များ စွာပဲဖြစ်ပါတယ်။

သင်္ဘောခရီးစဉ်မှာ နောက်ထပ်အပိုဆောင်းလေ့လာရေးအနေနဲ့ Pinnawelaမှာ ဆင်စီးခြင်း၊ Mooreaကရေငံအိုင်တွေမှာ ရေစိမ်ခြင်းနဲ့ အမျိုးသားဥယျာဉ်တွေမှာ လည်ပတ်ခြင်း စတာတွေလည်းပါဝင်သွားမယ်လို့ သတင်းရရှိပါတယ်။

ဒီခရီးစဉ်မှာလိုက်ပါချင်တယ်ဆိုရင်တော့လက်မှတ်တွေကဒေါ်လာ၁၆၉၉၉နဲ့အထက်ရှိတယ်လို့Travel&Leisureကထုတ်ပြန်ချက်အရ သိရှိရပါတယ်။ခရီးစဉ်အတွက်ကုန်ကျစရိတ်ကစဉ်းစားစရာဖြစ်သလို၊ခရီးစဉ်ကြာမြင့်မယ့်(၄)လဆိုတဲ့ကြာချိန်ကလည်းစဉ်းစားစရာပါပဲ။ မင်းရဲ့အလုပ်သက်တမ်းတစ်လျှောက်မှာလည်းခရီးသွားဖို့အတွက်(၁၁၉)ရက်လောက်တစ်ခါမှခွင့်ယူဖူးမှာမဟုတ်ပါဘူး။ဒါ့ကြောင့်မို့လို့MSCကဒီခရီးစဉ်ကိုအထက်တန်းကျောင်းသားတွေတက္ကသိုလ်မတက်ခင်ကြားကာလ၊အလုပ်လုပ်ကိုင်သူတွေအလုပ်နားချိန်နဲ့အလုပ်ကအနားယူလိုက်တဲ့သူတွေ စွန့်စားခရီးအနေနဲ့သွားဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

cruises

ယခုအချိန်ထိတော့ ခရီးစဉ်အတွက်လက်မှတ်တွေက MSC Voyagers Club အသင်းဝင် တွေအတွက်ပဲ ရရှိနိုင်မှာဖြစ်ပြီး၊ ပြည်သူတွေ အတွက်လက်မှတ်တွေကိုDecember14မှာစတင်ရောင်းချပေးနေပြီဖြစ်တယ်

လို့ကုမ္ပဏီက ပြောကြားပါတယ်။အခြေခံအားဖြင့်တော့ဒီလောက်ဈေးကြီးတဲ့ခရီးစဉ်ကိုလိုက်ပါဖို့အတွက်မင်းမှာရှိတဲ့တန်ဖိုးကြီးပစ္စည်းတွေနဲ့အရေးမကြီးတဲ့ကိုယ်အင်္ဂါတွေကိုထုတ်ရောင်းရလိမ့်မယ်။အဲ့လိုမလုပ်နိုင်ရင်တော့သာမန်လူတန်းစားတွေလိုပဲအမေရိကန်မြို့တစ်မြို့ကနေခရီးစတင်တဲ့တစ်ပတ်တာသင်္ဘောခရီးစဉ်မှာသာလိုက်ပါနိုင်လိမ့်မယ်။

Reference : www.thrillist.com

Image Credit : www.thrillist.com

One comment

  • Thint Aye Yeik

    December 16, 2016 at 8:50 pm

    တင်နိုင်တဲ့သူက တင်တော့လည်း
    ဖတ်တယ်
    ဖတ်တယ်
    မန့်တယ်ဟယ်
    :k:

    Reply

Leave a Reply

Your email address will not be published.