” ငြိမ်းချမ်းရေး ရေ “

”  ငြိမ်းချမ်းရေး   ရေ”

 

လူငယ်တွေက

 

“စစ်ပွဲတွေရပ်”

ဆိုင်းဘုတ်တွေကိုင်

အသံထွက်အော်

လမ်းမပေါ်တန်းစီ

သီချင်းတွေဆို

ငှက်ဖြူလေးတွေလွှတ်

ဆုတွေတောင်း

ပါဖော့မင်းတွေပြ

တကယ့်ကိုအားရစရာ။

 

လူကြီးတွေကလည်း

 

“အပစ်အခတ်ရပ်”ရေး

ဆွေးနွေးပွဲတွေလုပ်

အပြုံးခြင်းဖလှယ်

လက်ဆွဲနုတ်ဆက်

ထမင်းတွေအတူစား

တကယ့် ကိုအားရစရာ။

 

၂၁ ၁၁  ၁၆

ရှမ်းမြောက်မှာတော့

လွမ်းလောက်စရာ

အေးလာပြီဆိုမှ

ပြေးစရာမြေ မရှိ

နေစရာ

ဘုံပျောက်

ကဲ

“ငြိမ်းချမ်းရေး  “ရေ

 

မင်းဘယ်မှာလဲဟေ

စာအုပ်ထဲမှာလား

သီချင်းတွေထဲမှလား

စားပွဲခုံပေါ်မှလား

ဝါးရုံတောထဲမှာလား

ဖွဘုတ်ပေါ်မှာလား

ကောင်းကင်ပေါ်မှလား

မြေကြီးထဲမှာလား

 

လားလားလားလား

 

လားလားလားလား

?????????????????

??????????????????

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

၂၁၁၁၁၆

3 comments

  • aye.kk

    November 22, 2016 at 1:18 pm

    ငြိမ်းချမ်းရေး ရေ
    ငြိမ်းချမ်းရေး ရေအတွက်
    ငြိမ်းချမ်းရေး ရှိတဲ့နေရာ(ရိပ်သာ)မှာ ရနိုင်ပါတယ်။

    Reply

  • Thint Aye Yeik

    November 23, 2016 at 6:14 pm

    အဲ့လို အော် ခေါ်ရမလို ဖြစ်နေပြီ။
    အခုထိ အပစ်အခတ်ကိစ္စတွေကို စစ်တပ်က တိုက်ရိုက် ချုပ်ကိုင် ဆုံးဖြတ်နေတာလား
    အစိုးရအဖွဲ့နဲ့ လွှတ်တော်ရဲ့ ချုပ်ကိုင်မှုအောက်မှာ မရှိသေးတာလား။ ဘာလား
    လား
    လား

    Reply

Leave a Reply

Your email address will not be published.