ခြင်္သေ့လည်ပြန်

DEPARKO DEPARKONovember 10, 20161min00

မကြင်နာတမင်ခွာလို့စိမ်း
လေယူရာယိမ်း
မတိမ်းတတ်ပာဘူးခင်
မြင်သည်ခဏ
သည်ဘဝအတွက်
တစ်သက်တာရည်စူး
အချစ်ဦးမို့ပာဘဲ
ရူူးတယ်လို့ဆိုချင်ဆို
အပျိုမြင်တိုင်း
မျက်လုံးရိုင်းနဲ့ကြည့်
မရှိစေရပာဘူးသခင်
သခင့်အလိုကျ
ထားရာနေစေရာသွား
ချစ်သူ့အပားမှာနေ
ချစ်သူ့စကား
မြေဝယ်မကျနားထောင်
ဒာကိုေတောင်မှ
အပြစ်ပေး
အနေဝေးစေတဲ့
ချစ်သူအပြစ်မယူလိုပာဘူး
ရူးတယ်လို့ဆိုချင်ဆို
သက်ကြားအို
မငိုတတ်တော့ပေမည့်
ချစ်သူပေးတဲ့အပြစ်
အချစ်များစွာနဲ့လက်ခံ
နောက်ထပ်ဆက်ရန်မရှိတော့ပြီမို့
အနောက်တောင်ဆီမှာမိုးေေတွေညိုနေပြီခင်