မသဲကွဲပါ

Foolish GirlSeptember 30, 20161min06

မနေ့က ကြားရတဲ့သတင်းပေါ့

“ဝတ်ရွတ်စဉ် အသံချဲ့စက် မိုက်ကြိုးဖြုတ်ခဲ့သူ နိုင်ငံခြားသား အမှု ဆက်လက်စစ်ဆေး”

သာသနာညှှိုးနွမ်းစေမှုနဲ့အတိုင်ခံထားရတာပေါ့

ဒီအမှုမှာ နိုင်ငံခြားသားဘက်ကဖြေရှင်းချက်က သူအိပ်ရေးပျက်နေတဲ့အတွက် အသံချဲ့စက်အသံကြောင့်စိတ်အနှောက်အယှက်ဖြစ်တဲ့အချိန်မှာ

သွားပြောမယ့်ဘာမှပြန်မပြောတဲ့အတွက် ဝတ်ရွတ်နေမှန်းမသိတဲ့အတွက် ကြိုးဖြုတ်ခဲ့တယ်ပေါ့

၁) နိုင်ငံခြားသားဖြစ်တဲ့အတွက် ဝတ်ရွတ်နေတာလား ဘာလား သိချင်မှသိမယ်

၂) ဓမ္မာရုံမှာဆိုတော့ ဘုရားစေတီလိုမဟုတ်တဲ့အတွက် သာသာရေးအဆောက်အဦးဖြစ်မှန်းသိချင်မှသိမှာပေါ့

၃) ကိုယ်အိပ်ရေးပျက်နေတဲ့အချိန် အရမ်းအိပ်ချင်နေတဲ့အချိန်မှာ အသံချဲ့စက်မပြောနဲ့ စကားကျယ်ကျယ်ပြောတာ ခြေသံပြင်းပြင်းသံတွေတောင်နားခံနိုင်မှာမဟုတ်ဘူး

သူ့ဘက်လိုက်ပြောတာရယ်လို့မဟုတ်ဘူး ပြီးတော့ သူအရမ်းမှန်ပါတယ်လို့တော့မဆိုလိုပါဘူး ဒါပေမယ့် ကြားရတာ မတရားသလိုဖြစ်နေလို့ မနေနိုင်လို့ပြောချင်တယ်

 

ဒီလိုလူမျိုးကို တရားစွဲရင် ဘာလို့လူရွင်တော်တွေ ၊ အလှူခံအကြောင်းပြပြီး ခေတ်သီချင်းတွေနဲ့မူးရူးပြီးဒွန့်နေကြတဲ့သူတွေ က ဘာလို့တရားစွဲမခံရတာလဲ

ဘုန်းကြီးပျံပွဲ၊ ဘုရားပွဲ ၊ အလှူပွဲ တွေမှာ ကကြတဲ့ ဇာတ်သဘင်မှာ လူရွှင်တော်တစ်ချို့ ဘုန်းကြီးလေသံနဲ့ အချစ်သီချင်းတွေကို ရွတ်ဖတ်နေကြတာ ကတော့ သာသနာမညှှိုးနွမ်းစေဘူးလား။

၁) ဘုန်းကြီးလေသံတောင်မှ နာမည်ကြီးဆရာတော်တွေရဲ့လေသံ တုပြီး ပြတ်လုံးထုတ်တာ

၂) အဲလိုပြတ်လုံးထုတ်နေတဲ့သူတွေက မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ

၃) ဘယ်လိုအရာကိုပြတ်နေကြတယ် ဆိုတာကို ကောင်းကောင်းနာလည်တဲ့သူတွေ

၄) အလှူခံနဲ့ PSY ရဲ့ Opa Ganamstyle/Gentlemen နဲ့ဘာဆိုင်လဲ

အစရှိသဖြင့်ပေါ့ အဓိကကတော့ သာသနာမညှှိုးနွမ်းစေမှု ဆိုတဲ့ဥပဒေက ဘာသာခြား ၊ လူမျိုးခြားတွေက အတွက်ပဲလားဆိုတာတော့ မသဲကွဲဘူးဗျာ

 

 

မှတ်ချက်။ ။ဘာသာတရားကိုပုတ်ခတ်ခြင်းမဟုတ်ပါ။ ဘာသာတရားကိုခုတုံးလုပ်ပြီး လူမျိုးရေးခွဲခြားသူများကိုသာရည်ရွယ်ပါသည်။

6 comments

  • Thint Aye Yeik

    September 30, 2016 at 11:44 am

    ကိုယ့်ရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်(လုပ်ရပ်)ကလည်း.. သူတပါးကို သွား မထိခိုက်…
    သူ့ရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်(လုပ်ရပ်)ကလည်း ကိုယ့်ကို လာမထိခိုက်…
    အဲ့လို …ဘယ်သူကမှ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေခြင်း မရှိတဲ့…ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခု…
    ကျနော်တို့ဆီမှာ… ဖြစ်ပေါ်လာဖို့… အတော်ကြီးကို လိုသေးတယ်ထင့်…
    အချိန်တွေ… ကြာအုန်းမလားပဲ…

    Reply

    • Foolish Girl

      September 30, 2016 at 11:48 am

      ဟုတ်တာပေါ့နော်

      Reply

  • ကထူးဆန်း

    September 30, 2016 at 2:12 pm

    သဘောလည်း မတူဘူး .. သဘောလည်းတူတယ်

    သဘော မတူဘူးဆိုတာက နိုင်ငံခြားသား က ဝတ်ရွတ်နေတာ သိချင်မှသိမယ် ဘာသာရေးဆိုတာ မသိပါ ဆိုတာ ..

    ဖြစ်ရိုးဖြစ်စဉ်အရ အဲ့လို ဖြစ်ပြီဆို ပထမဆုံး complain အလုပ်ခံ ရတာက ဟိုတယ် .. ဟိုတယ်က သေခြာပေါက် သူ့ကိုပြောမှာဘဲ …ဘာ လုပ်တယ်ဆိုတာ ..ဟိုတယ်ကို သေချာပေါက် တားခိုင်းမှာ သွားပြောခိုင်းမှာ ..
    ဟိုတယ်က သူတို့တားလို့ မရပါဘူး ပြောလို့ ပုဂ္ဂို လ် ကိုယ်တိုင် သွားကြမ်းတာ နေမှာ
    ဆိုတော့ မသိလို့ပါဆိုတာ သဘောမတူပါ ။

    သဘောတူတယ် ဆိုတာတော့ အဲ့လို လူမိုက် ကိုအားပေးတာ ဟိဟိ..
    ခါးစည်းခံ နေရသမျှ ဂလို လုပ် လိုက်လို့ … နိုင်ငံခြားသားဆိုတော့ အပစ ်နဲနဲတော့ပေါ့မ ပေါ့ … 🙂

    မသဲကွဲတာတော့ ဘယ်တော့မှ သဲကွဲ မလဲမသိနိုင်သေးတာပါဘဲ 🙂

    Reply

    • Foolish Girl

      September 30, 2016 at 3:29 pm

      ထောက်ခံပါတယ် ကထူးဆန်းပြောတာလည်းမှန်ပါတယ်
      နိုင်ငံခြားသားကြီးကလည်းအရမ်းမှန်ကန်မနေဘူး
      တကယ်ဆိုသူက ဟိုတယ်ဝန်ထမ်းတွေကိုအရင် Complain လုပ်သင့်တယ် ဟိုတယ်ဝန်ထမ်းတွေကသေချာရှင်းပြသင့်တယ်
      ခုဖြစ်ပျက်တာကိုကြည့်ရင် သူကဟိုတယ်ဝန်ထမ်းတွေကိုComplain လုပ်မလုပ်ရယ်
      နောက်ထပ်ဟိုတယ်ဝန်ထမ်းတွေကသေချာကျေလည်စွာရှင်းပြမှုရှိမရှိ စတဲ့ အမူသွားအမူလာကိုနားမလည်ပါဘူး ဒါတွေသိမှဘယ်သူတကယ်မှားလဲမှန်လဲသိရမှာပေါ့

      သူမှားတယ်ဟုတ်တယ်သူခံရတယ် ထားတော့
      ဟိုလူရွှင်တော်တွေက လူတွေရိုသေလေးစားကြတဲ့ သာသနာ့ ခေါင်းဆောင်တွေကို အပြောင်အပျက်အနေနဲ့ပြက်နေတာကျတော့ ဘာလို့ မဖမ်းကြတာလဲ မေးခွန်းကဒါပါပဲ

      Reply

    • လုံမလေးမွန်မွန်

      September 30, 2016 at 5:56 pm

      မန္တလေးမှာ ဟိုတယ်တစ်ခုရှိတယ်..အရမ်းလည်းလှတယ်.. ဧည့်သည်လည်းကြိုက်တယ်. ဒါပေမယ့် တစ်ခါသား ဟိုတယ်ဘေးမှာ ပွဲတော်ရှိလို့ အရမ်းဆူတယ်.. အဲဒီအချိန်က ဟိုတယ်ကလည်း အသံလုံစနစ် မလုပ်ထားသေးဘူး.. ဧည့်သည် complain တက်လို့ ဟိုတယ်ပြောင်းပေးလိုက်ရတယ်.. အဲဒီကတည်းက အဲဒီဟိုတယ်သုံးဖိို့ကို တွန့်သွားတာ..

      အဲဒီ နိုင်ငံခြားသားက ဥပဒေမဲ့လုပ်သွားတာတော့ လက်ခံပါတယ်… ဒါပေမယ့် သူလုပ်လိုက်တဲ့လုပ်ရပ်ဟာ ကိုယ်တွေ လုပ်ချင်လျက်နဲ့ မလုပ်ရတဲ့လုပ်ရပ်မို့.. စိတ်ထဲကတော့ ကြိတ်ပြီး အားပေးနေတာ.. ဟိ

      Reply

      • Foolish Girl

        October 5, 2016 at 10:06 am

        အဲဒီဒုက္ခတွေက နယ်မှာဆို ရှိတယ် ဆွမ်းလောင်းတဲ့ရက် ၊ ဥပုဒ်နေ့ ၊ ရက်လည်ဆွမ်းကျွေးတို့ ဒါမျိုးတွေဆို မနက် ၄ နာရီလောက်ကတည်းက ထပြီး ချက်ကြပြုပ်ကြပြီလေ
        ပြီးတော့ ဓါတ်စက်စဖွင့်ပြီ ကိုယ်ကညကတော်တော်နဲ့မအိပ်ရတာမျိုး ၊ အိပ်မရတာမျိုးဆိုရင် စိတ်အရမ်းတိုတယ် ပြောလို့လည်းမရတော့ ခေါင်းအုံးကြားခေါင်းဝှက်ပြီးပြန်အိပ်လိုက်တာပဲ

        Reply

Leave a Reply

Your email address will not be published.